Latest News

Sunday, May 13, 2018

ဆန္ဒပြပွဲမှထိန်းသိမ်းခဲ့သူများအား အာမခံဖြင့် ပြန်လွှတ်

ဆန္ဒပြပွဲမှထိန်းသိမ်းခဲ့သူများအား အာမခံဖြင့် ပြန်လွှတ်

ရန်ကုန်   မေ  ၁၃

ရန်ကုန်မြို့ တာမွေခုံးကျော်တံတားအနီး မေ ၁၂ ရက် ညနေပိုင်းက ဆန္ဒပြသူများထဲမှ  ဗဟန်းရဲစခန်း၌ ထိန်းသိမ်းထားသူ ရှစ်ဦးရှိခဲ့ပြီး ၄င်းတို့အား ထိန်းသိမ်းခံရမှု ၂၄ နာရီ အကြာ ယနေ့ညနေ ၅ နာရီတွင် အာမခံဖြင့်ပြန်လွှတ်ပေးလိုက်ကြောင်း သိရှိရသည်။

စစ်ဆေးမှုတွေပြုလုပ်
'' ကျွန်တော်တို့   ရဲတပ်ဖွဲ့ဝင်တွေ အနေနဲ့ ဒီဖြစ်စဉ်မှာ ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်လာမှာ စိုးတာရယ်၊ ပြည်သူ လူထုအထိတ်တလန့်ဖြစ်လာမှာ  စိုးတဲ့အတွက် ချီတက် မှုကို ရပ်တန့်ဖို့ ပြောကြားခဲ့ပါတယ်၊ သူတို့က ကျောက်တံတားမြို့နယ်အထိ ချီတက်ဖို့ ပြင်ဆင်နေကြတာပါ၊  သို့သော်လည်း  ကျွန်တော်တို့ တားမြစ်တာကို လက်မခံတဲ့အတွက် ဥပဒေ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်၊ ဒီဖြစ်စဉ်မှာ ရဲတပ်ဖွဲ့ဝင်တွေက ရိုက်ပုတ်တာ မရှိခဲ့ပါဘူး၊ ဒီနေ့မှာတော့သူတို့ကိုလိုအပ်တဲ့ စစ်ဆေး မှုတွေ ပြုလုပ်ပြီး အာမခံနဲ့ ပြန်လွှတ်ပေးလိုက်တာဖြစ်ပါတယ်''ဟု  ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး သိန်းဝင်းက ပြောသည်။

အဆိုပါ ထိန်းသိမ်းခံရသူများအား ဗဟန်းရဲစခန်းက (ပ)၂၄၄/၂ဝ၁၈  ငြိမ်းစု စီ ပုဒ်မ ၂ဝ ဖြင့် အမှုဖွင့်ထားပြီး လာမည့် ၁၅ ရက်အတွင်း ဗဟန်းမြို့နယ် တရားရုံးတွင် အမှုရင်ဆိုင်ရမည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်အရေးယူဆောင်ရွက်သွားမည်

ဆန္ဒပြပွဲတွင်  ပါဝင်သည့် အဓိက တာဝန်ရှိသူများကိုသာ ထိန်းသိမ်းခဲ့ခြင်း ဖြစ်ကြောင်း၊ သို့သော်လည်း   စာရင်းအရ ဖမ်းဆီးထိန်းသိမ်းရမည့်သူ ၁၇ ဦးရှိ ကြောင်း၊   အမျိုးသားခြောက်ဦးနှင့် အမျိုးသမီး နှစ်ဦး စုစုပေါင်းရှစ်ဦးကိုသာ ထိန်းသိမ်းနိုင်ခဲ့ ကြောင်း၊  ကျန်ကိုးဦးကိုလည်း ဥပဒေနှင့်အညီ  ဆက်လက်အရေး ယူဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။          

မြင့်မောင်စိုး(မြန်​မာ့အလင်း)

No comments:

Post a Comment