Latest News

Monday, May 28, 2018

မြိတ်မြို့ကမ်းသာယာကျေးရွာမြိတ်စီးပွားရေးဇုန်အိမ်ယာဝင်းအတွင်းရှိနေအိမ်တစ်အိမ်မှထိုင်းနိုင်ငံထုတ် ၉ မမကျည်(၄၇)တောင့်အားဖမ်းဆီးရမိ

မြိတ်မြို့ကမ်းသာယာကျေးရွာမြိတ်စီးပွားရေးဇုန်အိမ်ယာဝင်းအတွင်းရှိနေအိမ်တစ်အိမ်မှထိုင်းနိုင်ငံထုတ် ၉ မမကျည်(၄၇)တောင့်အားဖမ်းဆီးရမိ

မြိတ်  မေ   ၂၈

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ကလွင်ကျေးရွာအုပ်စု ကမ်းသာယာ ကျေးရွာမြိတ်စီးပွားရေးဇုန်အိမ်ရာဝင်း၊( ၃)လမ်းရှိနေအိမ်တစ်အိမ်၌မေ၂၇ ရက် ညနေ ၅ နာရီအချိန်ခန့်က  မူးယစ်ဆေးဝါးများရောင်းချနေကြောင်း သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ရာ မူးယစ်ဆေးဝါးများမတွေ့ရှိရပဲထိုင်းနိုင် ငံထုတ် ၉ မမကျည်ဆံ(၄၇)တောင့်အားရှာဖွေတွေ့ရှိသိမ်းဆည်း ရမိခဲ့ကြောင်းသိရသည်။

မြိတ်မြို့lကလွင်ကျေးရွာအုပ်စုlကမ်းသာယာကျေးရွာlမြိတ်အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးစီးပွားရေးဇုန်အိမ်ရာဝင်း(၃)လမ်းlအမှတ်(၃)နေ ဇော်ဇော်အောင်(ခ)ဇော်အောင်၏နေအိမ်တွင်မူးယစ်ဆေးဝါးရောင်းချနေကြောင်းသတင်းအရခရိုင်ရဲမှူးမှထုတ်ပေးသောရှာဖွေဖမ်းဆီးခွင့်ဝရမ်းဖြင့်မြိတ်ခရိုင်မှုခင်းအကူအဖွဲ့မှရဲအုပ် ခင်မောင်အေး ဦးစီးတပ်ဖွဲ့ဝင်များနှင့် သက်သေများဖြင့်မေ ၂၇ရက်ညနေ ၅ နာရီအချိန့်ခန့်ကသွားရောက်ရှာဖွေ့ ခဲ့ရာဇော်ဇော်အောင်(ခ)ဇော်အောင်(၂၇)နှစ်အားနေအိမ်၌ တွေ့ရှိပြီးနောက်၎င်း၏နေအိမ်အားရှာဖွေ့ခဲ့ရာမူးယစ်ဆေးဝါးများအားမတွေ့ရှိရဘဲဇော်ဇော်အောင်အိပ်သောအိပ်ခန်းခြေရင်းပစ္စည်းတင်သော သံစင်အပေါ်ထပ်မှအမည်ရောင်ကျွတ်ကျွတ်အိပ်ဖြင့်ထည့်ထားသော အလျား၎လက်မခွဲlအနံ၂လက်မlအမြင့်၁လက်မခွဲခန်ရှိအစိမ်ရောင်ကော်ဘူးအတွင်းထည့်ထားသည့်ထိုင်းနိုင်ငံထုတ်၉မမကျည်(၄၇)တောင့်အားရှာဖွေ့ရှိဖမ်းဆီးသိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

မူခင်းအကူအဖွဲ့မှရဲအုပ်ခင်မောင်အေးက"မူးယစ်ဆေးဝါးသတင်းအရ ခရိုင်မှူးထုတ်ပေးတဲ့ဖမ်းဝရမ်းနဲ့သွားရှာဖွေ့တော့မူးယစ်ဆေးဝါးတော့မတွေ့မိဘူး lသူ့ရဲ့အိပ်ခန်းခြေရင်းက သံစင်ပေါ်မှာထိုင်းနိုင်ငံထုတ် ၉-မမ ကျည် ဆံ၄၇ တောင့်ကိုတွေရှိခဲ့တာပါ။

ဖြစ်စဉ်နှင့်ပတ်သက်၍ကျည်ဆန်များလက်ဝယ်ထားရှိသူဇော်ဇော်အောင်(ခ)ဇော်အောင်(၂၇)နှစ်အာုး မြိတ်မြို့မရဲစခန်းမှ အမှုဖွင့်စစ်ဆေးဆောင်ရွက် လျက် ရှိကြောင်းသိရသည်။

မြန်​မာ့အလင်း၊မြင့်ဦး(မြိတ်)

No comments:

Post a Comment