Latest News

Monday, May 28, 2018

ရမည်းသင်းမြို့နယ်အတွင်းရှိ ယာခင်းတဲတွင် တရားမ၀င်လေးကောင်ဂျင် လောင်းကစားပြုလုပ်နေသူများကိုဖမ်းဆီး

ရမည်းသင်းမြို့နယ်အတွင်းရှိ ယာခင်းတဲတွင် တရားမ၀င်လေးကောင်ဂျင် လောင်းကစားပြုလုပ်နေသူများကိုဖမ်းဆီး


မန္တလေး  မေ  ၂၈

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ အောက်တောက်ကျေးရွာ အနောက်ဘက်ယာခင်းတဲအတွင်း၌ တရားမ၀င်လေးကောင်ဂျင်ဒိုင်နှင့် လောင်းကစားပြုလုပ်နေသူခြောက်ဦးကိုမေ(၂၇)ရက်ညနေ(၃)နာရီခွဲအချိန်ခန့်က ဖမ်းဆီးရမိခဲ့ကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့၊မှုခင်းအကူဌာနစိတ်မှ သိရသည်။

တိုင်းဒေသကြီးရဲတပ်ဖွဲ့၊မှုခင်းအကူဌာနစိတ်မှူးဒုရဲမှူးကျော်နုဦးစီး၍ ရဲအုပ်မင်းသူရစိုး၊ရဲအုပ်စောလွင်ဦးနှင့်တပ်ဖွဲ့ဝင်များ၊ ရမည်းသင်းမြို့မ ရဲစခန်းမှစခန်းမှူး ဒုရဲမှူးလှမိုးနှင့် တပ်ဖွဲ့ဝင်များ၊ရမည်းသင်းခရိုင် (မှု/နှိမ်)ဌာနစိတ်မှ ရဲတပ်ကြပ်ထွန်းထွန်းဦးနှင့်အသိသက်များသည် ယင်းနေ့ မွန်းလွဲ(၃)နာရီကျော်က ရမည်းသင်းမြို့နယ်၊အောက်တောက် ကျေးရွာအနောက်ဘက် ရန်ကုန်-မန္တလေးကား လမ်းဟောင်းမှသုံးမိုင်ခန့်အကွာ ယာခင်းတဲအတွင်းတရားမ၀င်လေး ကောင်ဂျင်ဝိုင်းပြုလုပ်နေကြောင်း သတင်းအရ ၀င်ရောက်ရှာဖွေရာ ကစားဝိုင်းတွင် ဂျင်ကိုင်ပြုလုပ်နေသူ(ဂျင်လှည့်သူ)ဦးဝင်းမောင်(ပျော်ဘွယ်မြို့)၊ဒိုင်ပြုလုပ်သူဦးဝင်းမောင်(အောက်တောက်ကျေးရွာ)နှင့် လောင်းကစားပြုလုပ်သူလွှမ်းမိုး၊ ကျော်စိုးမင်း၊ မြင့်စိုးနှင့် ဝေလင်းတို့(၆)ဦးနှင့်အတူလောင်းကစားပြုလုပ်ရာတွင်အသုံးပြုသည့်ပစ္စည်းမျိုးစုံ(၃၁)မျိုး၊ဆိုင်ကယ်မျိုးစုံ(၁၆)စီး၊ လောင်းကြေးငွေစုစုပေါင်း (၆၁၉၂၅၀)နှင့်လက်ကိုင်ဖုန်းမျိုးစုံ(၃)လုံးတို့အားလောင်းကစားပြုလုပ်လျက်တွေ့ရှိရသဖြင့် သက်သေများရှေ့တွင်သိမ်းဆည်းရမိခဲ့သည်။

“တိုင်းမှုခင်းအကူဌာနစိတ်အနေနဲ့ လောင်းကစားမှု၊ခိုးဆိုးလုနှိုက်နဲ့ မူးယစ်ဆေးဝါး တွေကို သက်ဆိုင်ရာ ရဲစခန်းတွေနဲ့ချိတ်ဆက်ပြီး
ကွင်းဆက်အနေနဲ့ရော သတင်းပေးတိုင်ကြားမှုရော စုံစမ်းဖမ်းဆီးအရေးယူနေပါတယ်။

လောင်းကစားမှုပပျောက်အောင်လည်းအတတ်နိုင်ဆုံးဖမ်းဆီးအရေးယူနေတယ်။”တိုင်းဒေသကြီးရဲတပ်ဖွဲ့၊မှုခင်းအကူဌာနစိတ်မှတာဝန်ရှိသူတစ်ဦးကပြောကြားသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ဒိုင်ပြုလုပ်သူဦးဝင်းမောင်(အောက်တောက်ကျေးရွာ)၊ဦးဝင်းမောင်(ပျော်ဘွယ်မြို့)နှင့် လောင်းကစားပြုလုပ်သူလွှမ်းမိုး၊ ကျော်စိုးမင်း၊ မြင့်စိုးနှင့် ဝေလင်းတို့(၆)ဦးအား တိုင်းဒေသကြီးရဲတပ်ဖွဲ့၊မှုခင်းအကူဌာနစိတ်မှ ရဲအုပ်ကျော်ဝင်းနိုင်က ရမည်းသင်းမြို့မရဲစခန်းသို့ တရားလိုပြုလုပ်တိုင်တန်းခဲ့ရာရဲစခန်းမှအမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)

No comments:

Post a Comment