Latest News

Monday, May 28, 2018

အသတ်ခံရသည့် ဖောင်းပြင်ဆရာမလေး ​ဆေးစစ်ချက်အဖြေ၌ အဓမ္မပြုကျင့်ခံခဲ့ရကြောင်း ထွက်ပေါ်

အသတ်ခံရသည့် ဖောင်းပြင်ဆရာမလေး ​ဆေးစစ်ချက်အဖြေ၌ အဓမ္မပြုကျင့်ခံခဲ့ရကြောင်း ထွက်ပေါ်

တရားခံ စိုးထက်နိုင် ထွက်ဆိုချက်တွင် ဆရာမ ဖြတ်သွားတဲ့အချိန်မှာ နောက်ကနေ တုတ်နဲ့ရိုက်ခဲ့လို့ ဆရာမရဲ့ ဆိုင်ကယ်မှာ တိမ်းမှောက်သွားကြောင်း၊ ဆရာမက အော်ဟစ်အကူအညီတောင်းလို့ တုတ်နဲ့
ထပ်မံရိုက်ခဲ့ကြောင်း၊ ဆရာမ ထဘီမှာ ဆိုင်ကယ်နဲ့ငြိ ကျွတ်ကျန်ခဲ့ပြီး လဲသွားတာကို တုတ်နဲ့ ထပ်မံရိုက်ရာ ငြိမ်သွားခဲ့ကြောင်း၊ ရိုက်ခဲ့တဲ့ သစ်သားချောင်းအား လွှင့်ပစ်ခဲ့တယ်၊ ဒီနောက် ဆရာမထံကနေ ညည်းညူသံထွက်လာလို့ အသင့်တွေ့ရှိတဲ့ ကျောက်ခဲနဲ့ ဆရာမရဲ့ နောက်စေ့အား ၂ ချက်တိတိ ထုရိုက်ကာ ကျောက်တုံးကို လွှင့်ပစ်ခဲ့ပြီးနောက် ပိုးစာကုန်းရွာထိပ်ရှိ အိမ်ရှေ့ရေကန်မှာ လက်မှာပေနေတဲ့ သွေးစတို့ကိုရေဆေးပြီး ဝယ်ရန်ရှိတဲ့ ပစ္စည်းတို့ကို ဝယ်ခဲ့တယ်။ ဒီနောက် ဒေါ်ခင်နှင်းရီအလာကို စောင့်နေတဲ့ ဆမရာတဦးကို ဆိုင်ကယ်နဲ့ တင်ပြီး  မန်မော် ရွာသို့ ပြန်လာခဲ့ကြောင်း ကနဦး စစ်ဆေးစဉ် ထွက်ဆိုခဲ့သည်ဟုဖောင်းပြင်မြို့မရဲစခန်းမှူးဒုရဲမှူးသန်းစိုးမှ ပြောကြားသည်။

ထိုနောက် ဖောင်းပြင်မြို့နယ် ပြည်သူ့ဆေးရုံမှာ အလောင်းအား စစ်ဆေးရာတွင် အဓမ္မမှုကျူးလွန်ထားကြောင်း တွေ့ရသောကြောင့် ပြစ်မှုကျူးလွန်သူက ငြင်းကွယ် ထွက်ဆိုနေပေမယ့် ရာဇသတ်ကြီး ပုဒ်မ ၃ဝ၂ မှ ရာဇသတ်ကြီးပုဒ်မ ၃ဝ၂/ ၃၇၆ နဲ့အမှုဖွင့်စစ်ဆေး စစ်ဆေး ဆောင်ရွက်လျှက်ရှိသည်။

တရားခံ စိုးထက်နိုင်အား ထပ်မံ ဖောင်းပြင်ပြည်သူ့ ဆေးရုံမှာ စစ်ဆေးရင်း နောက်ဆက်တွဲ တရားခံတွေ ထွက်ပေါ်လာနိုင်မလား စိတ်ဝင်စားစရာတစ်ခု ဖြစ်ပေါ်လာသည်။

သာခိုင်(တံမြက်စည်း)
Zin Moe

No comments:

Post a Comment