ပုသိမ်မြို့တွင် ဆယ်တန်းဖြေဆိုထားသည့်ကျောင်းသားတစ်ဦး အဖွဲ့လိုက်ရေဆင်းကူးရာမှ ရေနစ်သေဆုံး
ပုသိမ်၊ မေ ၂၃ ရက်။
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမှတ်(၂) ရပ်ကွက်၊ င၀န်မြစ် အတွင်း ၂၀၁၈ ခုနှစ်၊ မေလ ၂၃ ရက်နေ့ ညနေပိုင်းတွင် ကျောင်းသားတစ်ဦးရေနစ်သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သတင်း ရသည်။
ဖြစ်စဉ်မှာ - မောင်ထက်ဇံလင်း၊ အသက်(၁၆) နှစ်၊ ပုသိမ်မြို့နေ ဆယ်တန်းဖြေဆိုထားသူမှာ သူငယ်ချင်း (၅) ယောက်နှင့်အတူ ၂၀၁၈ ခုနှစ်၊ မေလ ၂၃ ရက်နေ့ ညနေ ၄ နာရီအချိန်လောက်တွင် င၀န်မြစ်အတွင်း ရေဆင်းကူးရာမှ ရေနစ်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရေနစ်သေဆုံးခဲ့သော မောင်ထက်ဇံလင်းအား ပုသိမ်မြို့လူမှု ကယ်ဆယ်ရေးအဖွဲ့ဝင်များနှင့် အနီးအနားရှိစက်လှေများမှ ၀ိုင်းဝန် ရှာဖွေခဲ့ရာ အလောင်းအား ရေနစ်သည့်နေရာအနီးတွင်ရပ်ထား သော ကျောက်သင်္ဘောဝမ်းအောက်တွင် ပြန်လည်ရှာဖွေတွေ့ရှိ ခဲ့ကြောင်း သိရသည်။
မောင်ထက်ဇံလင်း၏ ရုပ်အလောင်းကို သက်ဆိုင်ရာတာဝန်ရှိသူ များနှင့် ပရဟိတအဖွဲ့များပူးပေါင်း၍ဆေးရုံသို့ပို့ဆောင်ခဲ့ပြီး ပုသိမ်မြို့နယ်ရဲတပ်ဖွဲ့မှ ရေနစ်သေဆုံးမှုနှင့်ပတ်သတ်၍ ဓမ္မတာ အတိုင်းသေဆုံးမှု ဟုတ်/မဟုတ် စစ်ဆေးမှုများပြုလုပ် လျက်ရှိကြောင်း သိရှိရသည်။
သတင်း/ဓာတ်ပုံ - တန်ခူး (တိုင်းဧရာ)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment