Latest News
Wednesday, May 23, 2018
တိုက်ရိုတ်ပိုက်ရိုတ် မီးငြိမ်းသတ်နိုင်သော မီးသတ်ရေတိုင်များ မုံရွာမြို့ ရပ်ကွက်များတွင်ထားမည်
တိုက်ရိုတ်ပိုက်ရိုတ် မီးငြိမ်းသတ်နိုင်သော မီးသတ်ရေတိုင်များ မုံရွာမြို့ ရပ်ကွက်များတွင်ထားမည်
       မုံရွာမြို့ရှိ ရပ်ကွက်ကြီးများတွင် မီးဘေးအန္တရာယ် ကြုံရပါက ပိုက်တပ်၍ အလွယ်တကူ မီးငြိမ်းသတ်နိုင်သော အဆင့်မြင့် မီးသတ်ရေတိုင်များကို တစ်ရပ်ကွက်လျင် ၂ တိုင်နှုန်းဖြင့်  ထားရှိသွားမည်ဖြစ်ကြောင်း မုံရွာမြို့နယ် မီးသတ်ဦးစီးမှူး ဦးညီညီဇော်ကပြောသည်။
        "အရင်ကတော့ မီးသတ်ရေတိုင်တွေ ရှိတယ်၊အဲဒီတိုင်တွေက မီးသတ်ကားရေဖြည့်လို့ပဲရတယ်၊ ပြီးတော့ ရေတိုင်က အစောင့်ရှိမှ ရေဖွင့်ထည့်လို့ရတယ်၊အခု  လုပ်မယ့်တိုင်တွေက မီးစက်နှိုး ပိုက်တပ်ပြီး မီးလောင်မှုကို တိုက်ရိုတ်ငြိမ်းလို့ရတယ်၊မီးသတ်ကားလည်းရေဖြည့်လို့ရတယ်၊ကားဝင်လို့မရတဲ့ နေရာတွေမှာ အဲဒီရေတိုင်မှာ ပိုက် တပ်ဖွင့်တန်းပတ်ရုံပဲ၊ ရေက ၂၄ နာရီလာနေတာ၊ ရေချိုရေသန့်လည်း ဖြစ်လို့ မီးသတ်ကားတွေ မဆွေးလွယ်ဘူး "ဟု ဦးညီညီဇော်က ပြောသည်။
     ဟိုက်ဒရန့်အဆင့်မြင့် ရေငုတ်တိုင်များကို မုံရွာမြို့မီးရထားသံလမ်း အနောက်ဘက်ခြမ်းရှိ ရပ်ကွက်များဖြစ်သော၊ ရုးံကြီး၊ကွေ့ကြီး၊ဆူးလေကုန်း၊ဘုရားကြီး၊မြို့သစ်၊အောင်ချမ်းသာ၊အိုးဘိုတောင်၊ဒေါနခြံ၊အေးသာယာ၊အလယ်ရပ်၊မုံရွာတောင် စသော ရပ်ကွက်များတွင် တပ်ဆင်သွားမည်ဖြစ်ကြောင်းသိရသည်။
ကိုသစ္စာ-မုံရွာ
No comments:
Post a Comment