Latest News

Wednesday, May 23, 2018

ဆေးသမားတစ်ဦး ဆေးကြောင်၍ ဓာတ်တိုင်ပေါ်တက်ရာ လူတကာ ထိတ်လန့်မှုဖြစ်


ဓါတ်တိုင်းပေါ်တက်သူ
မူဆယ် မေ ၂၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့ ကောင်းမူးတုံရပ်ကွက်၊ မူဆယ်-နမ့်ခမ်းသွား ပြည်ထောင်စု လမ်းမဘေး ရွှေသီရိဟိုတယ်ဝန်းအတွင်းရှိ ထရန်စဖော်မာ ဓာတ်တိုင်ပေါ်သို့ မေလ(၂၃)ရက် ညနေ (၄)နာရီ အချိန်ခန့်က ဆေးသမားတစ်ဦး ဆေးကြောင်၍ ၄င်းဓာတ်တိုင်ပေါ်သို့တက်ရောက်သွားခဲ့ကြောင်း သိရသည်။

မူဆယ်ဆေးရုံမှာ

အဆိုပါ ရွှေသီရိဟိုတယ်ဝန်းအတွင်းရှိ ထရန်စဖော်မာဓာတ်တိုင်ပေါ်သို့ ကျောက်မဲမြို့နေ၊ အမည် (စိစစ်ဆဲ)အသက်(၃၂)နှစ်သည် ဆေးကြောင်၍ ဓာတ်တိုင်၏အပေါ်ထိပ်သို့ တက်ရောက်သွားပြီး လမ်းသွား/လမ်းလာ ပြည်သူများမှ ထိတ်လန့်ရာ သက်ဆိုင်ရာတာဝန်ရှိသူများထံသို့ ဆက်သွယ် အကြောင်းကြားခဲ့သည်။

မီးသတ်မှ အောက်သို့ ပြန်ချ
 ယင်း နေရာသို့ မူဆယ်မြို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နှင့်လျှပ်စစ်မီး လုပ်သား ၀န်ထမ်းများမှ ရောက်ရှိလာပြီး ဓာတ်တိုင်ပေါ်သို့ ရောက်ရှိနေသော ဆေးကြောင်သူအား ချော့မော့ပြီး အောက်သို့ ပြန်လည် ဆွဲခေါ်ရာ တစ်စုံတစ်ရာ ထိခိုက်မှု မရှိဘဲ ဂရုဏာပရဟိတအသင်းမှ ၄င်းတို့၏ အသင်းပိုင်ယာဉ်ဖြင့် မူဆယ်မြို့ ပြည်သူ့ဆေးရုံသို့ ခေါ်ဆောင် သွားခဲ့ကာ သက်ဆိုင်ရာ ဆရာဝန်များမှ ဆေးဘက်ဆိုင်ရာစစ်ဆေးမှုများ ပြုလုပ်ကာ ခေတ္တခဏ ထိန်းသိမ်း မည်ဖြစ်ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/

No comments:

Post a Comment