Latest News

Tuesday, May 8, 2018

မြိတ်မြို့၌ဆိုင်ကယ်ဖြင့် လက်ကိုင်အိတ်လုယက်သူ(၂)ဦးအား ဖမ်းဆီးရမိ

မြိတ်မြို့၌ဆိုင်ကယ်ဖြင့် လက်ကိုင်အိတ်လုယက်သူ(၂)ဦးအား ဖမ်းဆီးရမိ

          မြိတ်  မေ   ၈

     တနင်္သာရီတိုင်းဒေသကြီးlမြိတ်မြို့၊ ကလွင်ကျေးရွာအုပ်စု၊ ရေပုန်းနယ်မြေ၊တက္ကသိုလ်ရပ်၊စပါးရွှေဝါလမ်းတွင် မေလ ၈ ရက်နေ့ ၊ နံနက် ၉နာရီ၃၀မိနစ်အချိန့်ခန့်က ဆိုင်ကယ်တစ်စီးဖြင့်လက်ကိုင်အိတ် လိုက်လံလုယက်သူလူငယ်(၂)ဦးအား ဖမ်းဆီးရမိကြောင်း သိရသည်။

    မြိတ်မြို့lကလွင်ကျေးရွာအုပ်စုlတက္ကသိုလ်ရပ်ကွက်lဈေးလမ်းနေသူဒေါ်နွယ်နီမြင့်(၄၆)နှစ်သည်တူမတော်စပ်သော
မစုစုထွေး(၂၂)နှစ်ဈေးလမ်းlတက္ကသိုလ်ရပ်ကွက်lကလွင်ကျေးရွာအုပ်စုlမြိတ်မြို့နေသူမောင်းနှင်သည့်၉ယ/-----ရွှေလှိုင်းအမျိုးအစား အပြာရောင်ဆိုင်ကယ်ဖြင့်အနောက်မှထိုင်လိုက်၍မြိတ်မြို့ထဲ မှနေ၍နေအိမ်သို့စပါးရွှေဝါလမ်းမကြီးအတိုင်ပြန်လာစဉ်မြိတ်မြို့l
ကလွင်ကျေးရွာအုပ်စုlတက္ကသိုလ်ရပ်l စပါးရွှေဝါလမ်းမကြီးရှိ ပါရမီနာရေးကူညီမှုအသင်းရုံးအရှေ့အရောက်၌အနောက်မှနေ၍click i ဆိုင်ကယ်ဖြင့် သိန်းဇော်၊မောင်းနှင်ပြီး နောက်တွင် အောင်မိုးသူ(ခ)မိုးဒီ ထိုင်လိုက်သောနံပါတ်မပါClick Iအမျိုးအစားlအနီရောင်ဆိုင်ကယ်သည်ဒေါ်နွယ်နီမြင့်တို့ဆိုင်ကယ်ဝဲဘက်ခြမ်းမှနေ၍ဆိုင်ကယ်အနီးသို့ကပ်ကာဆိုင်ကယ်နောက်တွင်ထိုင်လိုက်လာသောအောင်မိုးသူ(ခ)မိုးဒီမှဒေါ်နွယ်နီမြင့်၏ဝဲဘက်လက်တွင်ကိုင်ထား
သောLoveစာတန်းပါမြင်းချေးရောင်မိန်းမလက်ကိုင်အိတ်တစ်လုံးအားဆွဲယူထွက်ပြေးသွားသောကြောင့်ပတ်ဝန်းကျင်ရှိလူများအားအော်ဟစ်အကူအညီတောင်းရာအနီးပတ်ဝန်းကျင်ရှိလူများနှင့်ရဲလှည့်ကင်းဆောင်ရွက်လာသောသူများမှဝိုင်းဝန်းဖမ်းဆီးရာမှဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍လက်ကိုင်အိတ်လုယက်သွားသူ အောင်မိုးသူ(ခ)မိုးဒီ(၁၆)နှစ် ကျပန်းလုပ်lအောငချမ်းသာ(၃)လမ်းlဇေယျာသီရိ(၁)ရပ်ကွက်lမြိတ်တောင်နယ်မြေl
မြိတ်မြို့နေသူနှင့်သိန်းဇော်(၁၇)နှစ်လှေလိုက်lမ/၃၃lဆင်ဝင်လမ်းlဇေယျာသီရိ(၁)ရပ်ကွက်lမြိတ်တောင်နယ်မြေlမြိတ်မြို့နေသူတို့(၂)ဦးအား မြိတ်မြို့မရဲစခန်းမှ အမှုဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

မြင့်ဦး(မြိတ်)

No comments:

Post a Comment