Latest News

Tuesday, May 22, 2018

မျက်နှာကျက်အား ဝရိန်ဆော်ရာမှ အသံလုံဖော့ပြားပေါ်သို့ မီးပွားကျ၍မီးလောင်မှုဖြစ်ပွား

မျက်နှာကျက်အား ဝရိန်ဆော်ရာမှ အသံလုံဖော့ပြားပေါ်သို့ မီးပွားကျ၍မီးလောင်မှုဖြစ်ပွား

မန္တလေး မေ ၂၂

မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်၊ ချမ်းအေးသာစံအနောက်ရပ်ကွက်၊ ၂၇ လမ်းနှင့်၂၈လမ်းကြား ၈၄ လမ်းနှင့် ၈၅ လမ်းကြား မန်းမြန်မာပလာဇာ ၄ လွှာ အရှေ့တောင်ထောင့်ရှိ ၃၀×၅၀ ပေ၊ အခန်းအတွင်း (ရုပ်ရှင်ရုံပြုလုပ်ဆဲ)မျက်နှာကျက်အား ဝရိန်ဆော်ရာမှ အသံလုံဖော့ပြားပေါ်သို့ ဝရိန်မီးပွားကျ၍ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မူအား ၁၁ နာရီ ၃၀ မိနစ်အချိန် သတင်းရရှိသဖြင့် မီးလောင်မှုဖြစ်ပွားရာသို့ တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးသန်းဇော်ဦး ဦးဆောင်၍ မီးငြှိမ်းသတ်ယာဉ် ၈ စီး၊ မီးသတ်ရေသယ်ယာဉ် ၂ စီး၊ Snokel ၂ စီး၊ Water Tower ၁ စီး၊ လှေကားတင်ယာဉ် ၁ စီး၊ အုပ်ချုပ်မူယာဉ် ၂ စီး၊ သန္ဓေ ၂၅ ဦး၊ အရန် ၅၀ ဦးဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ မီးငြှိမ်းသတ်ရေဂါလန် ၃၂၀၀ ဂါလန်၊ မီးကြွင်းမီးကျန် ၈၀၀ ဂါလန်၊ အသုံးပြုငြှိမ်းသတ်ခဲ့ပြီး ၁၁ နာရီ ၄၀ မိနှစ်အချိန်တွင် မီးလုံးဝငြိမ်းသတ်နိုင်ခဲ့သည်။

မီးလောင်မှုကြောင့် ဝရိန်ပုံးတစ်ပုံး  ၊ PVC ၄ လက်မ ပိုက်အနည်းငယ်  ၊ ပိုက်ဆက်ကော်ပုံး ၁၀ ပုံး ၊ အသံလုံဖော့ပြား ၃×၃ ပေ ၃ ချပ် နှင့် လျှပ်စစ်ဝါယာကြိုးအနည်းငယ် မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။ မီးလောင်မှုဖြစ်စဉ်နှင့်ပတ်သက်၍ တာဝန်ခံ ဦးမင်းအောင်နိုင် အား ချမ်းအေးသာစံမြို့နယ်၊ အမှတ် ၆ ရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်ထားရှိ ကြောင်း သတင်းရရှိသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)မြန်​မာ့အလင်း

No comments:

Post a Comment