Latest News

Tuesday, May 22, 2018

ဖားကန့်မြို့နယ်၌ စွန့်ပစ်မြေစာပုံပြိုကျ၍ ရေမဆေးကျောက်ရှာဖွေသူ တစ်ဦးသေဆုံး

ဖားကန့်မြို့နယ်၌ စွန့်ပစ်မြေစာပုံပြိုကျ၍ ရေမဆေးကျောက်ရှာဖွေသူ တစ်ဦးသေဆုံး

ဖားကန့် မေ ၂၂

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ဘဇံချောက်ကျေးရွာအနီးရှိ တစ်သုံးလုံးကုမ္ပဏီအဟောင်းတွင် မေ၂၂ရက် နံနက်၅နာရီခန့်က စွန့်ပစ်မြေစာပုံပြိုကျ ရေမဆေးကျောက်ရှာဖွေသူတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယနေ့နံနက်(၅)နာရီခန့်က ဆိပ်မူကျေးရွာအုပ်စု ဘဇံချောက်ကျေးရွာအနီး တစ်သုံးလုံးကုမ္ပဏီအဟောင်းရှိ အမြင့်ပေ(၅၀)ခန့်မှ စွန့်ပစ်မြေစာပုံပြိုကျခဲ့ရာ ရေမဆေးကျောက်ရှာဖွေသူ ဆိပ်မူကျေးရွာ၊ရပ်ကွက်(၄)နေ ဦးချုံရှင်း(၅၈)နှစ်၏ အပေါ်သို့ မြေစာပုံပိ၍ သေဆုံးခဲ့ကြောင်းသိရသည်။

မြေစာပုံပြိုကျရာနေရာသို့ ဖားကန့်မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် ဆိပ်မူကျေးရွာမီးသတ်တပ်ဖွဲ့မှ မီးသတ်တပ်ဖွဲ့ဝင်များ၊ သင်္ခါလူမှုကူညီရေးအသင်းတို့မှ ရှာဖွေကယ်ဆယ်ရေးများလုပ်ဆောင်ကာ သေဆုံးသည့်ရုပ်အလောင်းအား ဖားကန့်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပိုဆောင်ထားကြောင်း သိရသည်။

ဝင်းနိုင် ကချင်မြေ(မြန်​မာ့အလင်း)

No comments:

Post a Comment