Latest News

Tuesday, May 8, 2018

ဖာဂူဆန်၏ ကျန်းမာရေး အခြေအနေ ပြန်ကောင်းလာ ထထိုင်နိုင်၍ မိသားစုဝင်များနှင့် စကားပြောဆို နိုင်ပြီဖြစ်

ဖာဂူဆန်၏ ကျန်းမာရေး အခြေအနေ ပြန်ကောင်းလာ ထထိုင်နိုင်၍ မိသားစုဝင်များနှင့် စကားပြောဆို နိုင်ပြီဖြစ်

မန်ချက်စတာ မေ ၈

ဖာဂူဆန်သည် မေ ၅ ရက် နံနက်ပိုင်းက နေအိမ်၌ ရုတ်တရက်လဲကျသွားပြီး ဦးနှောက်သွေးကြောပေါက် သွားသဖြင့် ဆဲလ်ဖို့ဒ်ရွိုင်ရယ်ဆေးရုံသို့ တက်ရောက်ကာ ဦးနှောက် အရေးပေါ် ခွဲစိတ်မှု ပြုလုပ်ခဲ့ရပြီး ယမန် နေ့က အိပ်ရာပေါ် ထထိုင်နိုင်၍ မိသားစုနှင့် စကားများပင်ပြောဆိုနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

ဖာဂူဆန်သည် ခွဲစိတ်ပြီးနောက် အထူးကြပ်မတ် ကုသဆောင်၌သာ ရှိနေသေးသော်လည်း ယမန်နေ့က မိတ်ဆွေများ လာရောက်အားပေးစဉ် ထထိုင်ကာ စကားများပင် ပြော ဆိုနိုင်ပြီဖြစ်ခြင်းကြောင့် တည်ငြိမ်သည့် အနေအထားတွင် ရှိနေပြီဟု သိရသည်။ သို့သော် အသက်၇၆ နှစ်အရွယ်တွင် ယခုလို ဦးနှောက်သွေး ကြောပေါက်ခြင်းမျိုးမှာ ဆဲလ်များပြန် လည် ကောင်းမွန်လာရန် မလွယ်ကူသည့် အနေအထားကြောင့် လေ ဖြတ်ခြင်းမျိုး၊ နာတာရှည်ရောဂါမျိုးမဖြစ်ဘဲ ပုံမှန်အတိုင်း ပြန်လည်ကောင်းမွန်လာရန် ကာလရှည် တစ်ဆင့် ချင်းစီ စောင့်ရှောက်ကုသရဦးမည် ဖြစ်ကြောင်း သိရသည်။

ဦးနှောက်သွေးကြော ပေါက်ခြင်းသည် ငါးဦးတွင် တစ်ဦးနှုန်း သေဆုံးသောရောဂါဖြစ်သလို စဖြစ်ပြီး ၄၈ နာရီအတွင်း အရေးအကြီးဆုံး ဖြစ်ကာ အသက်လု နိုင်လျှင်ပင် ပျောက်ကင်းနိုင်ရေးအတွက် မလွယ်ကူကြောင်း ဦးနှောက်နှင့် အာရုံကြောပိုင်းပါရဂူ ပီတာဟမ်း မလင်းကပြောသည်။

''ဒီလိုအသက်အရွယ်မှာ ဦးနှောက်သွေးကြောပေါက်တာက အများအားဖြင့် နှလုံးကြွက်သားဆိုင်ရာ ပြဿနာ၊ ဦးနှောက်ဆဲလ်ပိုင်းဆိုင်ရာ ပြဿနာကြောင့်ဖြစ်ပါတယ်။ ပျက်စီးသွား တဲ့ ဦးနှောက်ဆဲလ်တွေကလည်း ဒီအရွယ်မှာ အသစ်အဖြစ်နဲ့ ပြန်ကောင်းလာနိုင်ဖို့ ခက်ပါတယ်။ ဒါကြောင့်ရောဂါစပြီးတဲ့ ပထမဆုံးအချိန်ပိုင်းကနေ နောက်လပေါင်းများစွာ စနစ် တကျ ကုသရမှာပါ'' ဟု ပီတာဟမ်းမလင်းက ပြောသည်။

ဖာဂူဆန်သည် ဗြိတိန်ဘောလုံးသမိုင်းတွင် အအောင်မြင်ဆုံး နည်းပြဖြစ်ပြီး မန်ယူအသင်းကို ၂၆ နှစ်ကြာ နည်းပြပေးခဲ့ရာတွင် ဆုဖလားပေါင်း ၃၈ လုံးရယူပေးနိုင်သူဖြစ်ကာ ၂ဝ၁၃ ခုနှစ်တွင် နည်းပြအဖြစ်မှ အနားယူပြီးနောက် မန်ယူအသင်း၏ သံတမန်အနေဖြင့် ဆက်လက် လုပ်ကိုင်နေသူလည်း ဖြစ်သည်။

MWD

No comments:

Post a Comment