Latest News

Thursday, May 17, 2018

ဇာတ်ကားရိုက်ကူးမှု နည်းသွားပေမယ့် အနုပညာ လုပ်ငန်းတွေ လုပ်ကိုင်နေဆဲဟု သရုပ်ဆောင် ချစ်စနိုးဦးပြော

ဇာတ်ကားရိုက်ကူးမှု နည်းသွားပေမယ့် အနုပညာ လုပ်ငန်းတွေ လုပ်ကိုင်နေဆဲဟု သရုပ်ဆောင် ချစ်စနိုးဦးပြော

သရုပ်ဆောင် ချစ်စနိုးဦးသည် လက်ရှိတွင် ဇာတ်ကားရိုက်ကူးမှု နည်းသွားသော်လည်း အနုပညာ လုပ်ငန်းများကို ဆက်လက် လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

 ''အနုပညာ အလုပ်ကတော့ ကိုယ့်အနေနဲ့ ငယ်ငယ်ကတည်းက ဝါသနာပါတာကြောင့် ဆက်ပြီး လုပ်နေဆဲပါပဲ။ ဒါပေမဲ့ အရင်လို ဇာတ်ကားတွေရိုက်ရတာ သိပ်မရှိတော့ဘူး။ နည်းသွားပြီ။ မိဘတွေကိုပြုစုဖို့နေရင်းနဲ့ ဇာတ်ကားတွေ လာကမ်းလှမ်းတာကို ငြင်းခဲ့တယ်။ ခဏခဏ ငြင်းပါများလာတော့ သူတို့က ဇာတ်ကား မရိုက် တော့ဘူး ထင်ပြီး အလာကျဲသွားတော့ ရိုက်ကူးရေးဘက်နဲ့  ဝေးကွာသွားတာပါ။ ဒါပေမဲ့ နယ်တွေမှာ သီချင်း ဆိုတာတော့ လုပ်ဖြစ်ပါတယ်။ ပရိသတ်နဲ့တော့ နယ်တွေမှာ သီချင်းတွေဆိုရင်းနဲ့  ထိတွေ့မှုရှိပါတယ်။ ဇာတ်ကား ရိုက်ကူး မှုတွေက အရင်လို မဟုတ်တော့ဘူး။ အရင်ကဆိုရင် ကိုယ်တွေရိုက်နေ ကျလူတွေ။ ဒီလူတွေ နဲ့ပဲ တွေ့နေတော့ ကိုယ့်အကြောင်းသူသိ၊ သူ့အကြောင်းကိုယ်သိ အဆင်ပြေတယ်။ အခုအားလုံးက အသစ်တွေဆို တော့ မင်းသား၊ မင်းသမီး၊ ဒါရိုက်တာ တွေတောင် ကိုယ်တွေမသိတဲ့သူတွေ အများကြီးပါပဲ''ဟု ချစ်စနိုးဦးက ပြောသည်။

လက်ရှိတွင်  ချစ်စနိုးဦး အနေဖြင့် ပရိသတ်များအတွက် တေးသီချင်းများ သီဆိုရန် ပြင်ဆင်နေကြောင်း သိရသည်။

MWD

No comments:

Post a Comment