Latest News

Thursday, May 31, 2018

ခန္တီးမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတွင် ၀န်ထမ်းနှစ်ဦးသာရှိ၍ အားကစားပြက္ခဒိန်အတိုင်းပြိုင်ပွဲများ ကျင်းပရန် ခက်နေ

ခန္တီးမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတွင်  ၀န်ထမ်းနှစ်ဦးသာရှိ၍ အားကစားပြက္ခဒိန်အတိုင်းပြိုင်ပွဲများ  ကျင်းပရန် ခက်နေ


      စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးခရိုင် ခန္တီးမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနတွင် ဖွဲ့စည်းပုံအရ ၀န်ထမ်း ၆ ဦးရှိရမည်ဖြစ်သော်လည်း လက်ရှိတွင် အားကစားမှူးနှင့် ဒုလက်ထောက်ကြီးကြပ်ရေးမှူး တို့ နှစ်ဦး သာ ရှိ၍  အားကစားပြက္ခဒိန် ပြိုင်ပွဲများ လည်ပတ်အောင် ကျင်းပပေးရန် အခက်အခဲဖြစ်နေကြောင်း   သတင်းရရှိသည်။

         “  ရှိတဲ့ ဒုလက်ထောက်ကြီးကြပ်ရေးမှူးကလည်း လာမယ့်နှစ်မှာ သက်ပြည့်ပင်စင် ယူတော့မှာဆိုတော့ လူက မရှိတော့ဘူး၊ဖွဲ့စည်းပုံအတိုင်းအပြည့်မခန့်နိုင်ရင်တောင် အားကစားပြိုင်ပွဲတွေ ကျင်းပဖို့ သင့်လျော်တဲ့ ၀န်ထမ်းတွေ ခန့်ပေးဖို့လိုတယ် “ ဟု ခန္တီးမြို့နယ်လွှတ်တော်ကိုယ်စားလှယ်ဦးသိန်းလှိုင်ဝင်း ကပြောသည်။

       ခန္တီးခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနတွင် ယခင်က လက်ထောက်ညွန်မှူး တစ်ဦးတည်းသာ ရှိသော်လည်း ယခုနှစ်တွင် ရုးံအကူ တစ်ဦး၊အားကစားမှူးတစ်ဦးတို့ကို အင်အားဖြည့်စွတ်ကာ ပြောင်းရွှေ့တာဝန်ထမ်းဆောင် စေခဲ့ကြောင်း လူမှုရေးဝန်ကြီး ဒေါက်တာ ဇော်ဝင်း ကပြောသည်။

       သို့ဖြစ်၍ ခန္တီးခရိုင်နှင့် ခန္တီးမြို့နယ်  နှစ်ခုပေါင်းတွင် အရာထမ်း၊အမှုထမ်း ၀န်ထမ်း  ၅ ဦးရှိ၍ လက်ရှိအင်အားဖြင့် လုပ်ငန်းများ အဆင်ပြေစွာ ဆောင်ရွက်နိုင်သည့်အခြေနေရှိသောကြောင့် နောက်ထပ် ဝန်ထမ်းအင်အားခန့်ထားခွင့်ရရှိလာမှ ထည့်သွင်းစဉ်းစားပေးသွားမည်ဖြစ်ကြောင်း လူမှုရေးဝန်ကြီး ကပြောသည်။

ကိုသစ္စာ-မုံရွာ

No comments:

Post a Comment