မြောင်းမြတွင် မြစ်အတွင်းရေချိုးဆင်းရာမှ ရေနစ်သေဆုံးမှု ဖြစ်ပွား
မြောင်းမြ မေ ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် ယနေ့နေ့လည် (၃း၃၀)ခန့်က အမျိုးသားတစ်ဦး ရေချိုးဆင်းရာမှ ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့သည်။
သေဆုံးသူမှာ ဦးခင်ဇော် အသက်(၄၀)နှစ် ဖြစ်ပြီး မြောင်းမြခရိုင် မြစန္ဒာရပ်ကွက်တွင် နေထိုင်သူ တစ်ဦးဖြစ်သည်။ သေဆုံးသူ၏ ရုပ်အလောင်းကို ၄င်း၏ဇနီးဖြစ်သူမှ စတင်တွေ့ရှိခဲ့ပြီး သက်ဆိုင်ရာမှ စစ်ဆေးရာတွင် အလောင်းအားမှောက်လျက်အနေအထားဖြင့် နှုတ်ခမ်းများပြာ၍ အရေပြားများတွန့်နေကာ ပြင်ပဒဏ်ရာတစ်စုံတစ်ရာ မရှိကြောင်း သိရသည်။
ဆက်လက်၍ သေဆုံးသူ၏ ရုပ်အလောင်းအား မြောင်းမြခရိုင်/မြို့နယ်/အရန်မီးသတ်တပ်ဖွဲ့ဝင်များမှ မြောင်းမြဆေးရုံသို့ ပို့ဆောင်ခဲ့ရာ မြောင်းမြဆေးရုံမှ ဒေါက်တာပြည့်ဖြိုးဆွေမှ PR044ဖြင့် လက်ခံခဲ့ပြီး ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
မိုးစက်(မြောင်းမြ ပြန်/ဆက်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment