ရန်ကုန် မေ ၁၆
ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (၂၈) ရက် မြောက်နေ့ကို မေ ၁၆ ရက် နံနက် ၁ဝ နာရီက ဒဂုံမြို့နယ်ရှိ ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမတွင် ဆက်လက်ကျင်းပရာ ဒဂုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ''(က) ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တန်ခိုးကြီး ဘုရားများဖြစ်သော ရွှေတိဂုံဘုရားအပါအဝင် တန်ခိုးကြီးဘုရားများ၏ ဂေါပကအဖွဲ့ဝင် လူကြီးများအနေဖြင့် ဘုရားဖူးပြည်သူများ အဆင်ပြေစေရေးနှင့် အလှူငွေများအား ဘဏ္ဍာ ရေးစည်းမျဉ်းနှင့်အညီ ထိန်းသိမ်းသုံးစွဲ နိုင်ရေးအတွက် အရည်အချင်းပြည့်ဝသော ပုဂ္ဂိုလ်များရရှိရန် မည်သို့သော စီမံဆောင်ရွက်သည်ကို သိရှိလိုပါကြောင်း'' မေးခွန်းကို မေးမြန်း ခဲ့ကြောင်း သိရသည်။
အဆိုပါ မေးခွန်းနှင့် စပ်လျဉ်း၍ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြန်လည်ဖြေကြားခဲ့ရာ ''ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ တန်ခိုးကြီးဘုရား များ ဖြစ်သော ရွှေတိဂုံစေတီတော် အပါအဝင် ဘုရားစေတီများ၏ ဂေါပကအဖွဲ့ဝင် လူကြီးများအနေဖြင့် ဘုရားဖူးပြည်သူများ အဆင်ပြေရေးနှင့် ရရှိသော အလှူငွေ များအား ဘဏ္ဍာရေး စည်းမျဉ်းနှင့်အညီ ထိန်းသိမ်းနိုင်ရန် အရည်အချင်း ပြည့်ဝ သော လူပုဂ္ဂိုလ်များရရှိစေရေး အကျင့် စာရိတ္တကောင်းမွန်မှု၊ ယုံကြည်စိတ်ချစွာ သာသနာပြု ဝေယျာဝစ္စ လုပ်ငန်းများ ထမ်းဆောင်နိုင်မှုများ အပေါ်မူတည်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာနနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ ညှိနှိုင်းစိစစ်ပြီး ဂေါပက အဖွဲ့ရွေးချယ်ရေး ကော်မတီ ဖွဲ့စည်း၍ ဂေါပက လူကြီးများကို ရွေးချယ်ပြီး စေတီတော်သြဝါဒါစရိယ ဆရာတော်ကြီးများထံ သြဝါဒခံယူ၍ သက်ဆိုင်ရာမြို့နယ်၊ တိုင်းဒေသကြီး သံဃနာယကအဖွဲ့၏ အတည်ပြုချက်ဖြင့် ရွေးချယ်ဖွဲ့စည်းထားပါကြောင်း'' ပြန်လည် ဖြေကြားခဲ့သည်။
အလှူငွေစုစုပေါင်း
ဆက်လက်၍ (ခ) ရွှေတိဂုံစေတီတော် မြတ်ကြီး၏ ဂေါပကအဖွဲ့မှ မြန်မာ့စီးပွားရေး ဘဏ် အသီးသီးတွင် နောက်ဆုံးအပ်နှံထား သော အလှူငွေစုစုပေါင်း တန်ဖိုးအား (နိုင်ငံခြား၊ $ငွေ) နှင့် ဘဏ်အတိုးငွေ တန်ဖိုးအား ဘဏ်အမည်နှင့်တကွ ပွင့်လင်း မြင်သာစွာ သိရှိလိုပါကြောင်း၊ (ဂ) ၂ဝ၁၆-၂ဝ၁၇ ခု၊ ဘဏ္ဍာ ရေးနှစ်ကာလအတွင်းတွင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ရွှေတိဂုံ၊ ဆူးလေ၊ ကမ္ဘာအေး၊ ဗိုလ်တထောင်၊ စွယ်တော်မြတ်စေတီဘုရားများ၏ အလှူငွေ ကို ဘုရားစေတီအလိုက် မည်မျှရှိကြောင်း နှင့် ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းနှင့်အညီ သုံးစွဲမှုရှိနိုင်ရေးအတွက် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် မည်ကဲ့သို့ စီစဉ်ဆောင်ရွက်ကြီးကြပ်ထားသည်ကို '' သိရှိလိုကြောင်း ဆက်လက်မေးမြန်းခဲ့ရာ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ''ရွှေတိဂုံ စေတီတော်မြတ်ကြီး၏ မြန်မာ့စီးပွားရေး ဘဏ် အသီးသီးရှိ အလှူငွေ စုစုပေါင်း တန်ဖိုးနှင့် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ် ကာလအတွင်း ရွှေတိဂုံ၊ ဆူးလေ၊ ကမ္ဘာအေး၊ ဗိုလ်တထောင်၊ စွယ်တော် မြတ်စေတီတော်တို့မှ ရရှိခဲ့သော အလှူငွေ များမှာ ရွှေတိဂုံစေတီတော်မှ ဘီလီယံ ၆၇ သိန်းကျော်နှင့် နိုင်ငံခြားငွေ USD ၁၅၂ သိန်းကျော်ဖြစ်ပြီး ငွေစု စာအုပ်များမှ အတိုးရရှိမှု အခြေအနေတွင် ၂ဝ၁၇ ခုနှစ်တွင် အတိုးနှုန်း သိန်းပေါင်း ၄၇၆၄ သိန်းကျော်ဖြစ်ကြောင်း၊ ရွှေတိဂုံစေတီ တော် ဂေါပကအဖွဲ့ စည်းမျဉ်းပါ ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းအတိုင်း တိကျစွာဂေါပက အဖွဲ့က ဆုံးဖြတ်ဆောင်ရွက်လျက်ရှိပါ ကြောင်းနှင့် နှစ်စဉ်ပြက္ခဒိန်နှစ်အတွင်း ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ အစိုးရ ဝန်ကြီးဌာနများ နည်းတူ ဘတ်ဂျတ် ရေးဆွဲ လျာထား အတည်ပြုပြီး ဘတ်ဂျတ် လျာထားခွဲဝေမှုအတွင်းသာ သုံးစွဲ ကြောင်းနှင့် ပြက္ခဒိန်နှစ် ကုန်ဆုံးချိန်တွင် ဘဏ္ဍာ ငွေလိုအပ်ချက်အရ ခေါင်းစဉ် လွှဲပြောင်းသုံးစွဲခြင်း ပိုငွေပြန်လည်အပ်နှံ ခြင်းများကို လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း၊ ရွှေတိဂုံ စေတီတော် ဘဏ္ဍာငွေစာရင်းများကို ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၏ တာဝန် ပေးချက်အရ ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံးက နှစ်စဉ်စစ်ဆေး လျက် ရှိပြီး စစ်ဆေးတွေ့ရှိချက်၊ အကြံပြုချက် များအတိုင်း လိုက်နာဆောင်ရွက်ရကြောင်း၊ ရွှေတိဂုံ စေတီတော် ဂေါပကအဖွဲ့၏ တစ်နေ့တာ လုပ်ငန်းဆောင်ရွက်မှုနှင့် ဘဏ္ဍာတော်ထိန်းသိမ်းမှု အခြေအနေကို အများပြည်သူများ သိရှိနိုင်စေရန် ရုပ်သံ မှတ်တမ်းရိုက်ကူးပြီှးု Sky Net ရုပ်သံ လိုင်းတွင် အခါအားလျော်စွာ ထုတ်လွှင့် ပြသလျက်ရှိ ကြောင်း'' ပြောကြားခဲ့သည်။
၁စည်းမျဉ်းနှင့်အညီ
ထို့အတူ ဆူးလေစေတီတော်မှ သိန်းပေါင်း ၁၆ဝ ကျော်နှင့် နိုင်ငံခြားငွေ USD ၈၇၃၆၊ SGD ၃၈ ဖြစ်ပါကြောင်း၊ ကမ္ဘာအေးစေတီတော်မှ သိန်းပေါင်း ၈၉ဝ ကျော်နှင့် နိုင်ငံခြားငွေ USD၂၁၄၁၂.ဝ၇ ဖြစ်ပါကြောင်း၊ ဗိုလ်တထောင် စေတီတော် မှ သိန်းပေါင်း ၁၄၅ သိန်းကျော်နှင့် နိုင်ငံခြားငွေ USD၁၅၂ သိန်းကျော် ဖြစ်ပါကြောင်း၊ စွယ်တော်မြတ်စေတီတော်မှ သိန်းပေါင်း ၁၅၈ သိန်းကျော် ဖြစ်ပါကြောင်း၊ ဂေါပကအဖွဲ့များသည် ရရှိသော အလှူငွေ များကို သက်ဆိုင်ရာစေတီတော် ဂေါပက အဖွဲ့ စည်းမျဉ်းစည်းကမ်းများနှင့်အညီ သြဝါဒါစရိယ ဆရာတော်ကြီးများ၏ သြဝါဒခံယူ၍ သုံးစွဲလျက်ရှိပြီး ရရှိသုံးစွဲမှု အခြေအနေကို ခရိုင်၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးများနှင့် တိုင်းဒေသကြီး သာသနာရေးမှူးရုံးများသို့ လစဉ် အစီရင်ခံ တင်ပြလျက်ရှိပါကြောင်း၊ ရွှေတိဂုံစေတီ အပါအဝင် တန်ခိုးကြီးဘုရားစေတီတို့၏ အလှူငွေ သုံးစွဲမှုအား ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများနှင့် အညီ သုံးစွဲရန် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း'' ပြောကြားခဲ့ သည်။
လွှတ်တော်သို့ တင်ပြမည်
မဲဆန္ဒနယ်အမှတ် (၂) လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေယျ၏ ဆက်စပ် မေးခွန်းအနေဖြင့် ''တန်ခိုးကြီးဘုရားများ၏စုစုပေါင်းအလှူငွေရရှိမှုစာရင်းကို နှစ်စဉ် စာရင်းစစ်ချုပ် အစီရင်ခံစာတွင် ထည့်သွင်း ပေးရန် အစီအစဉ် ရှိ၊ မရှိ '' မေးမြန်းခဲ့ရာ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ''ဗဟို အဆင့်ရှိ တန်ခိုးကြီးဘုရားများကို ကိုယ်စားလှယ်တော်ကြီး တင်ပြသည့် အတိုင်း ဆောင်ရွက်လျက်ရှိသဖြင့် လွှတ်တော်သို့ တင်ပြဆောင်ရွက်သွား မည်ဖြစ်ကြောင်း'' ပြန်လည်ဖြေကြားခဲ့ ကြောင်း သိရသည်။
နိုင်လင်းကျော်(ဒလ) ဓာတ်ပုံ-တင်စိုး(မြန်မာ့အလင်း)
No comments:
Post a Comment