ယခုပညာသင်နှစ်တွင် ကျောင်းနေအရွယ်ကလေးများ မွေးစာရင်းသန်းခေါင်စာရင်းမရှိသော်လည်း မိဘ၏ဝန်ခံချက်ဖြင့် ကျောင်းအပ်နိုင်ပြီဖြစ်
ရန်ကုန် မေ ၁၅
ရန်ကုန်တိုင်းဒေသကြီး၏ လှိုင်သာယာမြို့နယ်တွင် ယခုနှစ် ပညာသင်နှစ်မှစ၍ ကျောင်းနေအရွယ်ကလေးများ ကျောင်းအပ်နှံရာတွင် ကလေးအသက် ထောက်ခံ ချက်၊ မွေးစာရင်းနှင့် သန်းခေါင်စာရင်း စသည့် မည်သည့်ထောက်ခံ ချက်မှ မလို တော့ဘဲ မိဘ၏ ဝန်ခံချက် (ပုံစံ-က) ဖြင့် ကျောင်းအပ်နိုင်ပြီဖြစ်ကြောင်း မြို့နယ်ပညာ ရေးမှူးရုံးမှ သိရသည်။
''အရင်က ငါးနှစ်ပြည့်ကလေးကိုကျောင်းအပ်မယ်ဆိုရင် ကလေးအသက်ကို ရပ်ကွက် ထောက်ခံချက်နဲ့သွားရတယ်၊ သန်းခေါင်စာရင်း၊ မွေးစာရင်းကိစ္စဆောင် ရွက်တဲ့အခါမှာမိဘတွေဝန်ထုပ်ဝန်ပိုးတွေ ဖြစ်ရတယ်၊ အခုနိုင်ငံတော်က မည်သည့် ထောက်ခံချက်မှမလိုဘဲ မိဘရဲ့ ဝန်ခံချက်နဲ့ ကျောင်းအပ်နှံနိုင်ပါပြီ၊ မိဘက (ပုံစံ-က)” မှာဖြည့်စွက်ပြီးတာနဲ့ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာ ရေး ဦးစီးဌာနနဲ့ လူမှုဝန် ကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အား ဦးစီးဌာနတို့က ဆက်လက် ဆောင်ရွက်ပေးသွားမှာပါ'' ဟု မြို့နယ်ပညာရေးမှူး ဦးခင် ဝင်းက ပြောသည်။
ရွှေ့ပြောင်း လုပ်သားနှင့် ကျူးကျော်နေထိုင်သူများ အများ ဆုံးရှိရာ လှိုင်သာယာမြို့နယ် တွင် မွေးစာရင်းနှင့်သန်းခေါင်စာရင်း အခက်အခဲရှိသော ပြည်သူများ အများအပြားရှိနေပြီး ၄င်းတို့၏ သားသမီးများ ကျောင်းအပ်နှံ ချိန်တွင် အခက်အခဲကြုံတွေ့နေ ခဲ့ရာ ယခုကဲ့သို့ ဖြေလျှော့ပေး ခြင်းဖြင့် ကျောင်းနေအရွယ် ကလေးမှန်သမျှ အခက်အခဲမရှိ ကျောင်းအပ် နိုင်ပြီဖြစ်သည်။ မူလတန်းအဆင့်တွင် ကျောင်းဝတ်စုံနှင့် သင်ထောက်ကူ ပစ္စည်းများလည်း စုံလင်စွာရရှိသောကြောင့် ကျောင်းနေအရွယ်ကလေးများ စိတ်အေးချမ်းသာစွာပညာသင်ကြားနိုင်ပြီဖြစ်သည့်အပြင် ကျောင်းသား မိဘများ၏ ကျောင်းအပ်ချိန်တွင် ကြုံတွေ့နေရသောအခက်အခဲများကိုလည်း ကျော်လွှား နိုင်ပြီဖြစ်ကြောင်း သိရသည်။
လှိုင်သာယာမြို့နယ်တွင် အခြေခံကျောင်း ၅၈ ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ၁၆ ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း ၂၃ ကျောင်းရှိ၍ အစိုးရ ကျောင်းတွင် ကျောင်းသားကိုးသောင်းခွဲ၊ ဘုန်းတော်ကြီးသင်ကျောင်းများတွင် ကျောင်းသား ၅ဝဝဝ၊ ကိုယ်ပိုင်ကျောင်းများတွင် ကျောင်းသား ၅ဝဝဝ ကျော် ပညာ သင်ကြားလျက်ရှိ၍ အခြေခံပညာကျောင်းများတွင် ဆရာ၊ ဆရာမ ၁ဝဝဝ ကျော်ဖြင့် သင်ကြားပေးလျက်ရှိ ကြောင်း သိရသည်။
သန်းထိုက်(လှိုင်သာယာ)
Wednesday, May 16, 2018
ယခုပညာသင်နှစ်တွင် ကျောင်းနေအရွယ်ကလေးများ မွေးစာရင်းသန်းခေါင်စာရင်းမရှိသော်လည်း မိဘ၏ဝန်ခံချက်ဖြင့် ကျောင်းအပ်နိုင်ပြီဖြစ်
ယခုပညာသင်နှစ်တွင် ကျောင်းနေအရွယ်ကလေးများ မွေးစာရင်းသန်းခေါင်စာရင်းမရှိသော်လည်း မိဘ၏ဝန်ခံချက်ဖြင့် ကျောင်းအပ်နိုင်ပြီဖြစ်
Reviewed by Ar Ti
on
9:07 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment