Latest News

Friday, May 25, 2018

အမ်း - မင်းဘူးကားလမ်းတွင် ဆီသယ်ယာဉ်တစ်စီး တိမ်းမှောက်

အမ်း - မင်းဘူးကားလမ်းတွင် ဆီသယ်ယာဉ်တစ်စီး တိမ်းမှောက်

စစ်တွေ  မေ  ၂၄

ရခိုင်ပြည်နယ်   ကျောက်ဖြူခရိုင် အမ်းမြို့နယ်  အမ်း-မင်းဘူးကားလမ်း မိုင်တိုင်(၇၃/၂)အနီးတွင် ယနေ့နံနက် ၆ နာရီခန့်က   ဒီဇယ်ဆီသယ်ဆောင် လာသော နစ်ဆန်းအမျိုးအစား ၁၂ ဘီးယာဉ်  တိမ်းမှောက်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မင်းဘူးမြို့မှ  အမ်းမြို့ ဘက်သို့ ကျော်သူရ မင်းလှမြို့နေသူ မောင်းနှင်လာသော ဆီသယ်ယာဉ် သည် အမ်းတောင်အဆင်း အကွေ့ တွင်    ဘရိတ်ပေါက်ကာ  လမ်း၏ညာဘက် ပေ ၅ဝ ခန့်သို့  ထိုးကျ တိမ်းမှောက်ခဲ့ကြောင်း သိရသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်း  ကျော်သူရနှင့်  ဇနီး မဝင်းဝင်းအေးတို့မှာ အခင်းဖြစ်နေရာ တွင်  သေဆုံးခဲ့ပြီး  ယာဉ်နောက်လိုက် ဦးလှထွန်း     မင်းဘူးမြို့နယ်   ညောင်ပင်သာကျေးရွာ နေသူမှာ ယာတင်ပါးဆုံ၊  ယာဘက်ကျောနာ ဒဏ်ရများရရှိပြီး အမ်းမြို့နယ် ပြည်သူ့ ဆေးရုံတွင်   ဆေးကုသမှုခံယူလျက်ရှိ ကြောင်း သိရသည်။

ယာဉ်တိမ်းမှောက်ရာနေရာသို့ အမ်းမြို့နယ် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊   အမ်းမြို့နယ်မီးသတ်စခန်းမှ  မီးသတ် တပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်  ရေးများ ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။

သတင်း-ဟန်လင်းနိုင်
ဓာတ်ပုံ-ရခိုင်ပြည်နယ်မီးသတ်တပ်ဖွဲ့

No comments:

Post a Comment