Latest News

Tuesday, May 29, 2018

မြန်မာနိုင်ငံ၏ ထုတ်ကုန် ငါးရံ့ခြောက်အဖြစ် ထုတ်လုပ်ကာ ပြည်ပသို့ တင်ပို့နိုင်ရန် လုပ်ဆောင်နေ

မြန်မာနိုင်ငံ၏ ထုတ်ကုန် ငါးရံ့ခြောက်အဖြစ် ထုတ်လုပ်ကာ ပြည်ပသို့ တင်ပို့နိုင်ရန် လုပ်ဆောင်နေ

ရန်ကုန် မေ ၂၈

ပြည်တွင်းငါးမျိုးရင်းတချို့ လျော့နည်းလာသဖြင့် ဗီယက်နမ်နိုင်ငံမှ ငါးအမျိုးအစားသုံးမျိုး တင်သွင်းမည်ဖြစ်ပြီး ယင်းတို့အနက် ငါးရံ့ကို မြန်မာနိုင်ငံ၏ ထုတ်ကုန် ငါးရံ့ခြောက်အဖြစ် ထုတ်လုပ်ကာ ပြည်တွင်းသာမက ပြည်ပသို့ပါ တင်ပို့နိုင်ရန် ရည်ရွယ်လုပ်ဆောင်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာတိုးနန္ဒာတင် ထံမှ သိရသည်။

 ''ဗီယက်နမ်နိုင်ငံက ငါးပြေမရယ်၊ ငါးရံ့ရယ်၊ ငါးတန်ရယ်မှာထားတယ်။ ငါးရံ့ကို မြန်မာနိုင်ငံရဲ့ ထွက်ကုန်ငါးရံ့ခြောက်လုပ်ပြီး တစ်နိုင်ငံလုံး ဖြန့်တဲ့အနေအထားမျိုး အထိ ရအောင်လုပ်ချင်တယ်။ ပြီးရင် ပြည်ပပို့ကုန်အဖြစ်ပါ လုပ်ချင်တယ်'' ဟု ဒေါက်တာတိုးနန္ဒာတင် ကပြောသည်။

ငါးရံ့ကို အရိုးထုတ်၍ ငါးရံ့ခြောက်အဖြစ် ထုတ်လုပ်ကာ နိုင်ငံတကာ ဈေးကွက်သို့ ရောင်းပန်းလှသည့် ထုတ်ကုန်တစ်ခု အဖြစ်တင်ပို့နိုင်ရန် ဆောင်ရွက်မည်ဖြစ်ပြီး အဓိက အားဖြင့် မြန်မာနိုင်ငံမှ ထုတ်လုပ်နိုင်သည့် ထုတ်ကုန်အဖြစ် နိုင်ငံတကာ ဈေးကွက်သို့ ဖြန့်ဖြူးမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ ဒေသငါးမျိုးရင်းများ လျော့နည်းလာသည့်အတွက် ပြည်တွင်းငါးဈေးကွက်၌ ငါးများကို ဈေးကြီးပေးဝယ်ယူ စားသုံးနေရခြင်းဖြစ်သည်။ငါးရံ့နှင့် ငါးပြေမ တစ်ပိဿာလျှင် ငွေကျပ် တစ်သောင်းကျော် ရှိရာ မြစ်ချောင်းများအတွင်း သဘာဝငါးများ ပြန်လည်ပွားများ လာစေရန် ဖမ်းဆီးခြင်းကိုလျှော့ကာ ငါးမွေးမြူခြင်းကို ပိုမိုလုပ်ဆောင်မည် ဖြစ်ကြောင်း သိရသည်။

MWD

No comments:

Post a Comment