Latest News

Tuesday, May 29, 2018

ဗီဒီယို ဈေးကွက်ကြောင့် ဒုတိယဇာတ်ကား ရိုက်ကူးရန် ရပ်ထားရသည့် ဝါဆိုမိုးဦး

ဗီဒီယို ဈေးကွက်ကြောင့် ဒုတိယဇာတ်ကား ရိုက်ကူးရန် ရပ်ထားရသည့် ဝါဆိုမိုးဦး

ဝါဆိုမိုးဦးက ဒုတိယမြောက် ဇာတ်ကားရိုက်ကူးရန် စီစဉ်ထားသော်လည်း လက်ရှိ ဗီဒီယို ဈေးကွက်ကြောင့် ဇာတ်ကားထုတ်လုပ်မှု အပိုင်းကိုပါ ရန်နားထားကြောင်း သိရသည်။ ဝါဆိုမိုးဦး အနေဖြင့် ဗီဒီယို ရိုက်ကူးခြင်းကို ရပ်နားထားသော်လည်း ပရိသတ်နှင့် အမြဲထိတွေ့စေရန် သီချင်းတစ်ပုဒ် သီဆိုပြီး လူမှုကွန်ရက် စာမျက်နှာပေါ်မှ ဖြန့်ပေးရန် စီစဉ်နေကြောင်း သိရသည်။

ပထမဆုံး ဇာတ်ကား ရိုက်ပြီးကတည်းက ဗီဒီယို ဈေးကွက်က ပျက်နေတာပါ။ ဒါကြောင့်အခု ဒုတိယ ဇာတ်ကားကို ရိုက်ဖို့စီစဉ်ထားပေမယ့် ရပ်ထားတယ်။ အခုဇာတ်ကားက သရဲကားပါ။ Animations ကောင်းကောင်းနဲ့ Quality ကောင်းတဲ့ကားကို ရိုက်ချင်တယ်။ အခု ဗီဒီယိုဈေးကွက်ကြောင့် ရုပ်ရှင်ကားကိုပဲကျော်ပြီး ထပ်ရိုက်ရမလား၊ နားရမလား ဖြစ်နေပြီး အခြေအနေ နည်းနည်းတည်ငြိမ်မှပဲ ဆက်သွားဖို့ စီစဉ်ထားပါတယ်'' ဟု ဝါဆိုမိုးဦးက ပြောသည်။

လတ်တလောတွင် ကြော်ငြာများ ရိုက်ကူးနေပြီး သူမ၏ ကိုယ်ပိုင်ထုတ်လုပ်ရေးမှ သူမ မရိုက်ဖူးသေးသည့် ဇာတ်လမ်းများ ရိုက်ကူးနိုင်ရန် ကိုယ်ပိုင်ဇာတ်လမ်းများ ရှာဖွေနေကြောင်း သိရသည်။ ''ဝါဆို မရိုက်ဖူးတဲ့ ဇာတ်တွေကို စီစဉ်ရိုက်ကူးမှာပါ။ အဲဒီအတွက် ကိုယ်ပိုင်ဇာတ်တွေ ရှာနေတယ်။ ရှာပြီး ကိုယ်ကြိုက်တဲ့ဇာတ်၊ ပရိသတ်ကြိုက်မယ့် ဇာတ်တွေကို ထပ်မံရိုက်ကူးဖို့ စီစဉ်ထားပါတယ်'' ဟု ဝါဆိုကပြောသည်။

လက်ရှိတွင် ဝါဆိုမိုးဦးသည် သီချင်းခွေထွက်ရှိ ထားပြီးဖြစ်၍ နောက်ထပ်အခွေ အသစ်ကိုလည်း ထပ်မံထုတ်လုပ်ရန် စီစဉ်ထားကြောင်း သိရသည်။

MWD

No comments:

Post a Comment