Latest News

Wednesday, May 2, 2018

နာဂစ်မုန်တိုင်းနှင့် ပတ်သက်၍ သမိုင်းကွင်းဆက်တစ်ခု နာဂစ်(၁၀)နှစ်မြောက်အမှတ်တရ

နာဂစ်မုန်တိုင်းနှင့် ပတ်သက်၍ သမိုင်းကွင်းဆက်တစ်ခု
နာဂစ်(၁၀)နှစ်မြောက်အမှတ်တရ


နာဂစ်မုန်တိုင်းနှင့် ပတ်သက်၍ သမိုင်းကွင်းဆက်တစ်ခု
သူရဦးရွှေမန်း ပြည်ထောင်စုလွှတ်တော်နာယကနှင့် ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌတာဝန်များ ထမ်းဆောင်ခဲ့စဉ် ၂၀၁၅ ဇူလိုင် ၃၀ ရက် က 7Day News က သီးသန့်တွေ့ဆုံမေးမြန်းမှုပြုလုပ်ခဲ့သည်။ အဆိုပါ သီးသန့်တွေ့ဆုံမေးမြန်းမှုတွင် ၂၀၀၈ နာဂစ်မုန်တိုင်း မြန်မာနိုင်ငံသို့ ၀င်ရောက်တိုက်ခတ်ခဲ့စဉ်က မုန်တိုင်းနှင့်ပတ်သက်၍ ကြိုတင်သတိ ပေးချက် ထုတ်ပြန်မှု၊ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်မှုနှင့်ပတ် သက်၍ မေးမြန်းခဲ့သည်များကို နာဂစ်မုန်တိုင်း ၁၀ နှစ်ပြည့် အထိမ်း အမှတ်အဖြစ် ပြန်လည်ဖော်ပြလိုက်ပါသည် ။

မေး။ သမိုင်းကွင်းဆက်တစ်ခုကို ကျွန် တော့်တို့ဆက်ချင်လို့ပါ။ ပြီးခဲ့တဲ့ ၂၀၀၈ နာဂစ်တုန်းက ကြုံခဲ့တာက ဦးထွန်းလွင်ကနေပြီးတော့၊ နာဂစ် မုန်တိုင်းနဲ့ ပတ်သက်ပြီးတော့ မုန် တိုင်းဝင်တော့မယ်ဆိုတာကို ဥက္ကဋ္ဌ ကြီးရဲ့ ကိုယ်ရေးအရာရှိကတစ် ဆင့် ဥက္ကဋ္ဌကိုသတင်းတွေပို့ပါ တယ်ပြောပါတယ်။ ကျွန်တော် လည်းကြားရသလောက် ဥက္ကဋ္ဌ ကြီးကလည်း အပေါ်ကိုတင်ပြ တယ်လို့တော့သိရပါတယ်။ ဒါ ပေမဲ့လည်း တစ်ကမ္ဘာလုံးက ပြော တာက ကြိုတင်ထုတ်ပြန်မှုအပိုင်း မှာ အားနည်းသွားတယ်။ ကြိုတင် ထုတ်ပြန်မှုရော၊ ကယ်ဆယ်ရေး ပိုင်းမှာရော နှောင့်နှေးတဲ့အတွက် ကြောင့်မို့ တော်တော်လေးဆုံးရှုံးမှု များသွားတယ်။ အဲဒီမှာဘာလို့ ပ ညာရှင်ကထုတ်ပြန်ဖို့ခွင့်တောင်း တဲ့အခါမှာ မထုတ်ပြန်ရသလဲဆို တာ အခုချိန်ထိ သမိုင်းမှာ လစ်ဟာ နေတဲ့ ကွက်လပ်တစ်ခုဖြစ်နေပါ တယ်။

ဖြေ။ အခုလို ပြန်ပြီးတော့ သတိ ပေးတဲ့အတွက်၊ ပြန်စဉ်းစားလို့ရ တဲ့အတွက် ကျေးဇူးတင်ပါတယ်။ မှတ်မိသလောက်ဆိုရင် အဲဒီတုန်း က ထုတ်ပြန်ကြေညာသင့်တာကို ကြေညာတယ်။ အချိန်စောတယ်၊ နောက်ကျတယ်ဆိုတာကတော့ မသိပါဘူး။ ဒါပေမဲ့ အဲဒီလိုထုတ် ပြန်ကြေညာတဲ့အခါ ဒီလိုအဖြစ် မျိုး မြန်မာနိုင်ငံမှာ ဟိုအရင်က မ ဖြစ်ဖူးတဲ့အတွက် ပြည်သူလူထု များက မယုံကြည်မှု များစွာရှိပါ တယ်။ ဒါကြောင့်မို့ အဲဒီလိုမယုံ ကြည်မှုရှိတဲ့အတွက် မုန်တိုင်းဝင် လာတဲ့အခါမှာ မမျှော်မှန်းနိုင်တဲ့ ဖြစ်ရပ်ဆိုးနဲ့ ကြုံတွေခဲ့ရတာပါ။ ဒါ ကြောင့်မို့ ဧရာဝတီတိုင်းအတွင်း မှာ လူပေါင်းသိန်းကျော်ပြီးတော့ သေဆုံးသွားရပါတယ်။ အပိုင်း နှစ် ပိုင်းရှိပါတယ်။ တစ်ပိုင်းကတော့ ထုတ်ပြန်ကြေညာတာနဲ့ ပတ် သက်လို့ မထုတ်ပြန်ဘူးဆိုတာမ ဟုတ်ပါဘူး။ ထုတ်ပြန်ကြေညာပါ တယ်။ ဒါပေမဲ့ အချိန်ပဲ စောခြင်း၊ နောက်ကျခြင်း၊မှန်ခြင်း၊ မမှန်ခြင်း ပဲကွာပါတယ်။ ပြည်သူအပိုင်းက ဒီ အပေါ်ယုံကြည်မှုမရှိဘူး။ တ ကယ်လို့ဖြစ်လာမယ်ဆိုရင်လည်း ဒီလိုဖြစ်လာမယ်လို့ ဘယ်ပြည်သူ ကမှ မမျှော်မှန်းထားပါဘူး။ အဲဒါ ကြောင့် အခုကဲ့သို့ဆိုးရွားသွား တာပါ။ ကယ်ဆယ်ရေး အပိုင်းအ နေနဲ့ တစ်ကတော့ကယ်ဆယ်ဖို့ ပေါ့။ နှစ်ကတော့ ပြန်လည်နေရာ ချထားဖို့။ သုံးကတော့ ဆက်လက် ပြီး တည်ဆောက်ဖို့ ကိစ္စပေါ့။ ရရှိ တဲ့အချိန်အတွင်းမှာတော့ ကယ် ဆယ်ရေးကိုများစွာဆောင်ရွက်ခဲ့ ပါတယ်။ အဲဒီတုန်းက တို့တစ်တွေ ကတော့ နောက်ကနေပြီးတော့ ဆောင်ရွက်ပြီးတော့ ရှေ့တန်း ကျကျပါဝင်ဆောင်ရွက်ပေးတာ ကတော့ဒီနေ့ နိုင်ငံတော်သမ္မတ ကြီးပါပဲ။ သူကတော့ရဟတ်ယာဉ် နှစ်စီး၊ သုံးစီးနဲ့ ကယ်ဆယ်ရေး တွေ တောက်လျှောက်လုပ်ပေး တယ်။ အဲဒီလိုလုပ်ပေးနိုင်အောင် လည်း မိမိတို့ဘက်က လိုအပ်တဲ့ ပြင်ဆင်မှုတွေ၊ ပံ့ပိုးမှုတွေ အများ ကြီးလုပ်ခဲ့ပါတယ်။ ပြန်မှတ်မိပါ လိမ့်မယ်။ ကိုအားမာန်တို့ ဒီလို ဆောင်ရွက်တဲ့နေရာမှာ ကယ် ဆယ်ရေး၊ ပြန်လည်နေရာချထား ရေးအတွက် တစ်နိုင်ငံတည်းလုပ် လို့မရတဲ့အတွက် ကမ္ဘာရဲ့အကူ အညီလည်းယူခဲ့ပါတယ်။ ဒါ ကြောင့်မို့ ကမ္ဘာရဲ့အကူအညီယူ တဲ့အခါမှာလည်း များစွာသော အကူအညီတွေ ရပြီးတဲ့အခါမှာ ဒီ ကာလအတွင်းမှာပဲ အောင်မြင်စွာ ကယ်ဆယ်မှုတွေလုပ်ခဲ့ပါတယ်။ သို့ရာတွင် သေဆုံးသွားတဲ့လူတွေ အတွက်မတတ်နိုင်ပါဘူး။ မသေ ဘဲ အသက်ရှင်ကျန်ခဲ့သူများဆက် လက်အသက်ရှင်ကျန်နိုင်အောင် များစွာဆောင်ရွက်ပေးနိုင်တဲ့အ နေအထားရှိခဲ့ပါတယ်။

မေး။ အရေးပေါ် ကယ်ဆယ်ရေးမှာ ရော၊ ပြန်လည်နေရာချထားရေး မှာရောတွေ့ပါတယ်။ တော်တော် များများသုံးသပ်တာက အချိန် နည်း နည်းနောက်ကျသွားတယ် ပေါ့။ အဓိက ကတော့ အဲဒါဘယ် မှာ တစ်သွားလဲဆိုပြီးတော့ သမိုင်း ပညာရှင်တော်တော်များများက ကွင်းဆက်ပြတ်နေတာပါ။ အဓိ က အဲဒီမှာဥက္ကဋ္ဌကြီး ဘာများ ဖြည့်စွက်ပြောချင်ပါသ
လဲ။

ဖြေ၊ တချို့ကိစ္စတွေလည်း သမိုင်း ပညာရှင်တွေ သုံးသပ်တဲ့နေရာမှာ အခြေအနေအမှန်တွေ သူတို့သိ ချင်မှသိမှာပါ။ အဲဒီတော့ မုန်တိုင်း ကျနေတယ်၊ မုန်တိုင်းကျတဲ့ညမှာ ပဲ လိုအပ်တဲ့ပြင်ဆင်မှုတွေ၊ ပြီးတဲ့ အခါမှာ မုန်တိုင်းစဲသွားတဲ့အခါမှာ လိုအပ်တဲ့ပြင်ဆင်မှုတွေ လုပ်ပြီး တော့ ချက်ချင်းနေပြည်တော်က နေပြီးတော့ အစိုးရအဖွဲ့တွေက နေ ဒီဧရာဝတီတိုင်း၊ရန်ကုန်တိုင်း ဒေသကြီးကို အရောက်ပို့ပေးပါ တယ်။ တောက်လျှောက် တစ် ဆက်တစ်စပ်တည်း ဆောင်ရွက် ပေးပါတယ်။ နှေးတယ်ဆိုတာက တော့ ခုနကမုန်တိုင်းကျနေစဉ်အ ခါက ဘယ်သူမှ လှုပ်ရှားလို့ မရ တဲ့အတွက် ဒီဟာတော့ ဘယ်သူမှ မလုပ်နိုင်ပါဘူး။ အဲဒီတော့ ပြန်ပြီး တော့ ကိုအားမာန်တို့ ပြန်ကြည့် မယ်ဆိုရင်လည်း ဒီဟာတွေ တွေ့ နိုင်ပါတယ်။ အဲဒီနေရာမှာ ထူးခြား တာက မြန်မာနိုင်ငံမှာရှိတဲ့ ပြည် သူတွေက တော်တော်ကို စေတနာ ကောင်းပါတယ်။ ဒါကြောင့်မို့ ပြည်သူအားနဲ့ အများကြီးကူညီ တာတွေရှိပါတယ်။

ဒေါက်တာထွန်းလွင်

No comments:

Post a Comment