Latest News

Wednesday, May 2, 2018

နာဂစ်မုန်တိုင်း တိုက်ခတ်ခံရခြင်း (၁၀)နှစ်ပြည့် အထိမ်းအမှတ် မေတ္တာပို့ အမျှအတမ်း ပေးဝေခြင်း အခမ်းအနားကျင်းပ

နာဂစ်မုန်တိုင်း တိုက်ခတ်ခံရခြင်း (၁၀)နှစ်ပြည့် အထိမ်းအမှတ် မေတ္တာပို့ အမျှအတမ်း ပေးဝေခြင်း အခမ်းအနားကျင်းပ

မြောင်းမြ        မေ  ၂

          နာဂစ်မုန်တိုင်း တိုက်ခတ်ခံရခြင်း (၁၀)နှစ်ပြည့် အထိမ်းအမှတ် မေတ္တာပို့ အမျှအတမ်း ပေးဝေခြင်း အခမ်းအနားကို မေလ ၂ ရက်နေ့ နံနက် ၁၀ နာရီက မြောင်းမြမြို့ မြရွှေဝါခန်းမ၌ ကျင်းပသည်။

          အခမ်းအနားသို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် မန်းထွန်းကြိုင် lတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇော်ဝင်းနှင့် ဒေါ်ခိုင်ဇင်ဦး l ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး l မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဇေယျ နှင့် ခရိုင်မြို့နယ်အဆင့် ဌာနဆိုင်ရာများ l မြို့မိမြို့ဖများ l တက်ရောက်ခဲ့ကြသည်။

           ရှေးဦးစွာ နိုင်ငံတော်ဗဟိုဝန်ဆောင် အလယ်တောရကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပညာသီဟ ထံမှ  ဧည့်ပရိတ်သတ်မျာက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ lခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက လှူဘွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ လွန်ခဲ့သော (၁၀)နှစ်ခန့်အချိန် နာဂစ်မုန်တိုင်းကြောင့် ကွယ်လွန်ကြကုန်သော ပုဂ္ဂိုလ်အပေါင်းအား ရည်စူး၍ အမျှအတမ်း ပေးဝေခဲ့ကြသည်။
         
           နာဂစ်မုန်တိုင်း တိုက်ခတ်ခံရခြင်း (၁၀)နှစ်ပြည့် အထိမ်းအမှတ် မေတ္တာပို့ အမျှအတမ်း ပေးဝေခြင်း အခမ်းအနားအတွက် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ နှင့် ဇနီးမိသားစုက သံဃာတော် တစ်ပါးလျှင် ဝတ္တုငွေ ကျပ်တစ်သောင်းစီနှင့် သင်္ကန်းခြင်းတစ်စုံ l ဧရာဝတီဖေါင်ဒေးရှင်းနှင့် ဧရာဝတီဘဏ်မိသားစုတို့က နဝကမ္မငွေကျပ်တစ်သိန်းစီနှင့် သင်္ကန်းခြင်းတစ်စုံစီတို့ကို ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။

          ၂၀၀၈ ခုနှစ် မေလ (၂)ရက်နေ့ကတိုက်ခတ်သော နာဂစ်မုန်တိုင်းသည် ဧရာဝတီ မြစ်ဝကျွန်းပေါ်ကို အင်အားပြင်းထန်စွာ ဝင်ရောက်တိုက်ခတ်ခဲ့ပြီး လူဦးရေ  ၁၄ဝ,ဝဝဝ ခန့် သေဆုံး/ ပျောက်ဆုံးခဲ့ကာ လူဦးရေ ၂.၄သန်း နီးပါး မုန်တိုင်းဒဏ် ထိခိုက်ခံစားခဲ့ရကြောင်း နိုင်ငံတော်သတင်းထုတ်ပြန်ချက်အရ သိရသည်။

        လွန်ခဲ့တဲ့ ၂၀၀၈ ခုနှစ် မေလ ၂ရက်နေ့က မြောင်းမြမြို့နယ်နဲ့တစ်ကွ ဧရာဝတီတိုင်းအတွင်းမှာ နာဂစ်မုန်တိုင်း တိုက်ခတ်ခဲ့ပါတယ် l မုန်တိုင်းကြောင့် လူတွေ တိရစ္ဆာန်တွေ သေကြေပျက်စီးခဲ့ကြတယ် l သေဆုံးခဲ့တဲ့လူတွေအတွက် ဒီကနေ့ နာဂစ် (၁၀)နှစ်ပြည့်နေ့မှာ ကောင်းမှုကုသိုလ်ပြုပြီး အမျှအတမ်းပေးဝေတာပါ l နောင် ဒီလို ကပ်ဘေးဒုက္ခကနေ လွတ်မြောက်ကြပါစေ l မကြုံတွေ့ပါရစေနဲ့ လို့ ဆုတောင်းပေးပါတယ် ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဇေယျက ပြောသည်။

            အောင်မင်း (မြောင်းမြ)

No comments:

Post a Comment