Latest News

Wednesday, May 2, 2018

ရန်အောင်မြေရပ်ကွက်၌ နေအိမ်လိုင်းခန်းအတွင်း ပုပ်ပွနေသည့် အမျိုးသမီး တစ်ဦးအလောင်းတွေ့ရှိ

ရန်အောင်မြေရပ်ကွက်၌ နေအိမ်လိုင်းခန်းအတွင်း ပုပ်ပွနေသည့် အမျိုးသမီး တစ်ဦးအလောင်းတွေ့ရှိ

တာချီလိတ် မေ ၁

 ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်၊ ပါလျှံ(၁)နေအိမ်ခန်းအတွင်း ပုပ်ပွနေသည့် အမျိုးသမီး တစ်ဦးကို မေ ၁ရက်နေ့ညက တွေ့ရှိရ သည်။

 မေ ၁ ရက် ည ၈ နာရီခွဲအချိန်ခန့်တွင် နေအိမ်အခန်းအတွင်း အမျိုးသမီး တစ်ဦး သေဆုံးနေကြောင်း သတင်းအရ တာချီလိတ်မြို့မရဲစခန်းမှူး ဒုရဲမှူး မျိုးခိုင်နှင့် တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ ရန်အောင်မြေရပ်ကွက်၊ ပါလျှံ(၁)နေအိမ်လိုင်းခန်း၊ တတိယထပ် အနောက်အစွန်ဆုံးအခန်းရှိ နေအိမ်အိပ်ခန်း အတွင်း ခြင်ထောင်ထောင်ထားသော ကုတင်အောက်တွင် ပုပ်ပွကာ အနံများထွက်လျက် သေဆုံးနေကြောင်း တွေရသဖြင့် ဆက်လက်စစ်ဆေးရာ လွန်ခဲ့သော လေးရက်ခန့်က သေဆုံးနေပြီး ပုပ်ပွကာ အနံများထွက်နေသဖြင့် ပြင်ပဒဏ်ရာကြည့်ရှု့မရသည့် အနေထားဖြင့် တွေ့ရှိရပြီး လိုင်းခန်းတာဝန်ခံ ပြောပြချက်အရ နေအိမ်လိုင်းခန်းခ သွားရောက်ကောက်ခံစဉ် အခန်းမှာ အတွင်းမှ အပုပ်နံ့များ ရသဖြင့် တာဝန်ရှိသူများထံ အကြောင်းကြားခဲ့ကြောင်း၊ သေဆုံးသူမှာ မသော် (၄ဝ နှစ်)၊ ရောဂါအခံရှိသူဖြစ်ပြီး နေအိမ်လိုင်းခန်းအတွင်း တစ်ဦး တည်းနေထိုင်သူဖြစ်၍ အပုပ်နံ့ရမှ သေဆုံးနေသည်ကို သိရှိရကြောင်း စစ်ဆေးသိရှိရသည်။

 မသော် သေဆုံးခြင်းနှင့် ပတ်သက်၍ ဓမ္မတာအတိုင်း သေဆုံးခြင်း မဟုတ်၍ စစ်ဆေးနိုင်ရန် တာချီလိတ်မြို့မရဲစခန်းက အမှုရေးဖွင့် ဆောင်ရွက်ထားကြောင်း သိရသည်။

မြင့်မိုရ်(တာချီလိတ်)

No comments:

Post a Comment