ဆိုး မေ ၂၇
မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်သည် ကိုရီးယားကျွန်းဆွယ်၌ နျူကလီးယား ကင်းစင်ရေး၊ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့်တွေ့ဆုံဆွေးနွေးရေးတို့ကို ထပ်မံ ကတိပြုလိုက်ကြောင်း တောင်ကိုရီး ယားသမ္မတ မွန်ဂျေးအင်က မေ ၂၇ ရက်တွင်ပြောသည်ဟု သတင်းဌာနများက ထုတ်ပြန်ထားသည်။
မွန်ဂျေးအင်သည် မေ ၂၆ ရက်တွင် နှစ်နိုင်ငံနယ်စပ်၌ ကင်ဂျုံအွန်နှင့် ဒုတိယအကြိမ် တွေ့ဆုံပြီးနောက် မေ ၂၇ ရက်မှသာ သတင်းထုတ်ပြန်ခြင်းဖြစ်သည်။ ထိုတွေ့ဆုံမှုတွင် ကိုရီးယားနှစ်နိုင်ငံအကြား အဆင့်မြင့် ဆွေးနွေးပွဲ ကျင်းပရန်လည်း နှစ်နိုင်ငံခေါင်းဆောင်များက သဘောတူသည်။ ၎င်းတို့နှစ်ဦး၏ တွေ့ဆုံမှုသည် မြောက်ကိုရီးယားနှင့် အမေ ရိကန် ပြည်ထောင်စုတို့အကြား သံတမန်ဆက်ဆံရေး မတည်မငြိမ်ဖြစ်ပေါ်ပြီး နောက် အပြုသဘောဆောင်သည့် တွေ့ဆုံမှုဖြစ်လာသည်။
ကင်ဂျုံအွန်သည် ယခင်စီစဉ်ထားသည့်အတိုင်း ထရမ့်နှင့်တွေ့ဆုံရန် ဆန္ဒပြင်းပြနေသည်ဟု မြောက်ကိုရီးယား နိုင်ငံပိုင် KCNA သတင်းဌာနကလည်း ထုတ်ပြန်ထားသည်။ ထို့ပြင် အမေရိကန်အစိုးရ အနေဖြင့် အမေရိကန်-မြောက်ကိုရီးယား ထိပ်သီးဆွေးနွေးပွဲ ကျင်းပနိုင်ရေး လမ်းကြောင်းမှန်အပေါ် ပြန်လည်ရောက်ရှိ စေရန် ကြိုးပမ်းနေေ ကြာင်းနှင့် နှစ်နိုင်ငံအကြား ရန်လိုသည့်ဆက်ဆံမှုများကို ရပ်တန့်၍ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုလုပ်ဆောင်မည်ဟု ထရမ့်က ကင်ဂျုံအွန်ထံသို့ သတင်းစကားပါးလိုက်ေ ကြာင်း မွန်ဂျေးအင်က ပြောသည်။
အမေရိကန်-မြောက်ကိုရီးယား ထိပ်သီးဆွေးနွေးပွဲကို ယခင်စီစဉ်ထားသည့်အတိုင်း အောင်မြင်စွာ ကျင်းပနိုင် မည်ဟု မျှော်လင့်ကြောင်းနှင့် နှစ်နိုင်ငံစလုံးအနေဖြင့် စိတ်ရှည် ရှည်ထား၍ ချစ်ကြည်မှုကို ပြသကြရန် တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက တိုက်တွန်းထားသည်။
ကိုရီးယားနှစ်နိုင်ငံ အဆင့်မြင့်ဆွေးနွေးပွဲကို အမေရိကန် -မြောက်ကိုရီး ယားထိပ်သီး ဆွေးနွေးပွဲမတိုင်မီ ဇွန် ၁ ရက်တွင်ကျင်းပရန် မွန်ဂျေးအင်နှင့် ကင်ဂျုံအွန်တို့က သဘောတူထားသည်ဟု KCNA သတင်းဌာနက ထုတ်ပြန်ထားကြောင်း သိရ သည်။
MWD
No comments:
Post a Comment