Latest News

Monday, May 28, 2018

ရီးယဲလ်တွင် ဆက်နေ မနေ အနာဂတ်ကို ရက်ပိုင်းအတွင်း အဖြေပေးမည်ဟု စီရော်နယ်ဒို ပြော

ရီးယဲလ်တွင် ဆက်နေ မနေ အနာဂတ်ကို ရက်ပိုင်းအတွင်း အဖြေပေးမည်ဟု စီရော်နယ်ဒို ပြော

ကိဗ် မေ ၂၇

ချန်ပီယံလိဂ်ဖလားကို (၅) ကြိမ်မြောက် ရရှိနိုင်သည့် ပထမဆုံး ကစားသမား ဖြစ်လာသော ရီးယဲလ် တိုက်စစ်မှူး စီရော်နယ်ဒိုက ချန်ပီယံလိဂ် ဗိုလ်လုပွဲအပြီးတွင် ၎င်း၏ အနာဂတ်မှာ ရီးယဲလ်တွင် ဆက်ရှိရန် မသေချာကြောင်း အရိပ်အမြွက် ဖွင့်ဟသွားသည်။

စီရော်နယ်ဒိုသည် ယခုနှစ်အတွင်း ရီးယဲလ်နှင့် ကာလရှည် စာချုပ်ချုပ်ဆို ထားသော် လည်း ရီးယဲလ်တွင် ဆက်ကစားရန် မသေချာသည့် သဘောမျိုးဖြင့် မီဒီယာ များ၏မေးမြန်းမှုကို ဖြေကြားခဲ့ခြင်းဖြစ်သည်။

''ရီးယဲလ်အတွက် ကစားရတာ အရမ်းကောင်းပါတယ်။ ကျွန်တော့်အနာဂတ်နဲ့ ပတ်သက်ပြီး လာမယ့်ရက် အနည်းငယ်အတွင်းမှာ အဖြေပေးမှာပါ။ လက်ရှိကတော့ ကျွန်တော် တို့ ပျော်ရွှင်စွာ အောင်ပွဲခံတဲ့ အခိုက်အ တန့်ဖြစ်လို့ မဖြေနိုင်ပါဘူး။ လက်ရှိမှာ ဘယ်ကစားသမားရဲ့ အနာဂတ်ကမှ အောင်ပွဲခံနိုင်မှုထက် ပိုအရေးမ ကြီးပါဘူး။ ကျွန်တော်တို့ သမိုင်းမော်ကွန်း ရေးထိုးနိုင်ခဲ့ကြပါပြီ'' ဟု စီရော်နယ်ဒိုက ပြောသည်။

ထိုသို့ပြောပြီး တစ်နာရီခန့်အကြာတွင် စီရော်နယ်ဒိုက ''ကျွန်တော် ခုနကပြောခဲ့တဲ့ စကားမျိုး မပြောသင့်ဘူး။ အခုအသင်းနဲ့အပျော်ဆုံး အောင်ပွဲခံနေရချိန်မှာ ဒီအခွင့်အရေးကို လက်မလွှတ်ဘဲ ပျော်ပျော်ကြီး အောင်ပွဲခံရမှာပါ။ လာမယ့်ရာသီ ကျွန်တော် ရီးယဲလ်မှာ ဆက်ရှိမှာလားဆိုတာကလည်း မသေချာနိုင်ဘူး။ အသင်းမှာ ဆက်ရှိတာမျိုးလည်း ဖြစ်ကောင်းဖြစ်မယ်။ နောက်ရက် အနည်းငယ်အတွင်းမှာ ကျွန်တော် ဒီကိစ္စအတွက် အဖြေပေးမှာပါ'' ဟု ထပ်မံပြောသည်။

စီရော်နယ်ဒိုသည် ၂ဝဝ၉ ခုနှစ်တွင် မန်ယူမှ ရီးယဲလ်သို့ ပြောင်းရွှေ့ပြီးနောက်ပိုင်း စပိန်မှ ထွက်ခွာကာ အ သင်းပြောင်းရန် စီစဉ်မှုများလည်း ရှိခဲ့သည်။

MWD

No comments:

Post a Comment