Latest News

Monday, May 28, 2018

ဂျပန် မှ မြန်မာအပါအ၀င် အိန္ဒိယ သမုဒ္ဒရာ ဆိပ်ကမ်း သုံးခု တည်ဆောက်ရေး ချေးငွေ ကမ်းလှမ်း

ဂျပန် မှ မြန်မာအပါအ၀င် အိန္ဒိယ သမုဒ္ဒရာ ဆိပ်ကမ်း သုံးခု တည်ဆောက်ရေး ချေးငွေ ကမ်းလှမ်း


တရုတ်၏ Belt and Road နှင့် အပြိုင် ဂျပန် ၀န်ကြီးချုပ် ရှင်တာရို အာဘေးမှ “လွတ်လပ် ပွင့်လင်းသော အင်ဒို-ပစိဖိတ် မဟာဗျုဟာ” စီမံချက်တခု ချမှတ်လာပါတယ်။ ယင်း စီမံချက် ဖြင့် အိန္ဒိယ သမုဒ္ဒရာ နှင့် ထိစပ်နေသော နိုင်ငံများ ဖြစ်တဲ့ မြန်မာ-သီရိလင်္ကာ-ဘင်္ဂလားဒေ့ရှ် နိုင်ငံများတွင် ဆိပ်ကမ်းများ တည်ဆောက်နိုင်ရေး ယန်းချေးငွေများ အသုံးချ သွားဖို့ ရည်ရွယ်လာပါတယ်။

စီမံကိန်း ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ အရှေ့အလယ်ပိုင်းမှတဆင် အာရှ နဲ့ အာဖရိက ကို ဆက်သွယ်ဖို့ ဖြစ်ပါတယ်။

ဂျပန် ရည်ရွယ်ထားတာကတော့ မြန်မာပြည်တွင် ထားဝယ် ဆိပ်ကမ်း၊ သီရိလင်္ကာ မြောက်ပိုင်းရှိ ထရီကိုမာလီ နဲ့ ဘင်္ဂလား အရှေ့တောင်ဖက်ရှိ မာတာဘာရီ ဆိပ်ကမ်း များ ဖြစ်ပါတယ်။

ထားဝယ် ဆိပ်ကမ်းကို ဂျပန်-မြန်မာ-ထိုင်း တို့ ပူးတွဲ တည်ဆောက်သွားမှာ ဖြစ်ပြီး ကုန်ကျငွေ အမေရိကန် ဒေါ်လာ ၁.၈၃ ဘီလီယံ ရှိမယ်လို့ ခန့်မှန်းထားကြပါတယ်။ အထူးစီးပွားရေး ဇုံ နှင့် ထားဝယ် နဲ့ ဘန်ကောက်ကို ဆက်သွယ်မယ့် အဝေးပြေး လမ်းမကြီးလည်း တည်ဆောက်သွားဖို့ ရှိနေပါတယ်။ နောက်ပိုင်းမှာ စီးပွားရေး အရ အုပ်စုဖွဲ့နိုင်ဖို့ပါ ကြံစည်နေပါတယ်။

ဒီစီမံကိန်းး များ အတွက် ဂျပန် အစိုးရ မှ သက်ဆိုင်ရာ အစိုးရများနဲ့ ကြိတ်ပုန်းခုတ် ဆွေးနွေးနေကြပါတယ်။ ဂျပန် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (ဂျီကာ) မှ စီမံကိန်း အသီးသီး အတွက် အဆိုပြုချက် မူကြမ်းများ တင်သွင်းခဲ့ပြီး နောက်နှစ် စောစောပိုင်းလောက်မှာ အစိုးရများနဲ့ တရားဝင် သဘောတူညီချက် ချုပ်ဆိုနိုင်လိမ့်မယ်လို့ မျှော်လင့်နေပါတယ်။

အဆိုပါ နိုင်ငံများရှိ ဆိပ်ကမ်း များ အား အခိုင်အမာ တည်ဆောက်ပေးခြင်းဖြင့် ၎င်းတို့၏ ကမ်းခြေ ကာကွယ်ရေး အရည်အသွေး တိုးမြှင့်လာမှာ ဖြစ်ပြီး ရေနံတင် သင်္ဘောများ နှင့် ကုန်တင်သင်္ဘောာများ၏ လုံခြုံရေး ကို စိတ်ချနိုင်မှာ ဖြစ်တယ်လို့ ဂျပနိက မျှော်လင့် တွက်ဆနေပါတယ်။

တရုတ်ကလည်း အလားတူ “ပုလဲသွယ်” (String of Perals) ဗျုဟာ ဖြင့် အိန္ဒိယ သမုဒ္ဒရာတွင် ခြေကုတ်ယူနိုင်ရန် ကြံစည်နေပြီး ထားဝယ် နှင့် မာတာဘာရီ တွင် ဆိပ်ကမ်းများ ဆောက်လုပ်ပေးရေး လုံးပမ်းခဲ့ပေမယ့် ဂျပန်က လက်ဦးမှု ရသွားခဲ့ပါတယ်။ (ပုံတွင် အနီရောင် လိုင်းပြတ်များ ဖြင့်ပြထားသည်က တရုတ် ရဲ့ ပုလဲသွယ် စီမံချက် ဖြစ်ပါတယ်)

သို့သော်လည်း တရုတ်က သီရိလင်္ကာရှိ ဟမ်ဘမ်တိုတာ ဆိပ်ကမ်း ကို နှစ်ပေါင်း ၉၉ နှစ်ကြာ အသုံးပြုခွင့်ရထားပြီး ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ် နဲ့ မြန်မာ ဆိပ်ကမ်းမျာ ဖွံ့ဖြိုးရေး ကိုလည်း အထောက်အပံ့ပေးနိုင်ဖို့ ခြေလှမ်းစတင်နေပြီ ဖြစ်ပါတယ်။

တရုတ်က ဆိပ်ကမ်း များ ကို အသုံးချပြီး စစ်ရေး အရ ခြေကုပ်ယူလာမယ့် အရေးကို ဂျပန်က စိုးရိမ်မကင်း ဖြစ်နေပါတယ်။


လှစိုး​ဝေ

ကိုးကား။ ။ The Jakarta Post

No comments:

Post a Comment