Latest News

Tuesday, May 22, 2018

ကချင်ပြည်နယ်တွင် ဖောက်ခွဲခံရသည့် ရထားလမ်းပိုင်းများပြုပြင်ပြီး၍ ပုံမှန်အတိုင်း ရထားပြန်လည်ပြေးဆွဲ

ကချင်ပြည်နယ်တွင် ဖောက်ခွဲခံရသည့် ရထားလမ်းပိုင်းများပြုပြင်ပြီး၍ ပုံမှန်အတိုင်း ရထားပြန်လည်ပြေးဆွဲ

မြစ်ကြီးနား    မေ    ၂၂

မြစ်ကြီးနား-မန္တလေး မီးရထားလမ်းရှိ ကချင်ပြည်နယ်အပိုင်းတွင် မီးရထားတံတားသုံးစင်း ဖောက်ခွဲဖျက်ဆီးခံခဲ့ရပြီး မြန်မာ့မီးရထားဌာနနှင့် သက်ဆိုင် ရာဌာနများပူးပေါင်း၍  မီးရထားလမ်းတံတားများ ပြုပြင်ဆောင်ရွက်ခဲ့ခြင်းကြောင့် ယခုအခါ မီးရထားများ ပုံမှန်ပြေးဆွဲနေသည့်အချိန်အတိုင်း ပြန်လည် ပြေးဆွဲနိုင်ပြီဖြစ်ကြောင်း သိရသည်။

''မီးရထားလမ်းပွင့်တာကတော့ မေ ၁၇ ရက် ည ၇ နာရီကျော်လောက်မှာ ပွင့်ခဲ့တာပါ၊ အဲဒီနေ့က   ရထားတွေကို လွှတ်လို့ရပေမယ့် ညအမှောင်ပိုင်းရောက်ပြီဆိုတော့ ရထားတွေ အန္တရာယ်မဖြစ်အောင်  မလွှတ်တော့တာပါ၊ ပြည်သူတွေသိတဲ့ နံနက် ၆ နာရီကနေ ည ၆ နာရီအတွင်းသာ သွားလာခွင့်ရမယ်ဆိုတာ မေ ၁၇ ရက်  တစ်ရက်ပဲ ညမှောင်သွားလို့ ကချင် ပြည်နယ်လမ်းအပိုင်းမှာရှိတဲ့    ဘူတာတွေမှာ ရထားတွေကို   ညအိပ်ခိုင်းထားပြီး   မီးရထား လက်မှတ်ခတွေ ပြန်အမ်းပေးခဲ့ရတာပါ၊ မေ ၁၈ ရက် မွန်းလွဲ ၂ နာရီကနေစပြီး  ဖောက်ခွဲခံခဲ့ ရတဲ့ မီးရထားတံတားသုံးစင်းပြုပြင်ပြီးလို့ စိတ်ချ ရတာကြောင့်   ရထားတွေပုံမှန်အချိန်အတိုင်း ပြန်လည် ပြေးဆွဲပေးနေပါပြီ''ဟု   မြစ်ကြီးနား ဘူတာ ရုံပိုင်ချုပ် ဦးခင်သော်က ပြောသည်။

ဝင်းနိုင်(ကချင်မြေ​)​ကြေမှုံ

No comments:

Post a Comment