Latest News

Tuesday, May 22, 2018

စားသောက်မှုပုံစံကြောင့် ထိပ်တန်းခြေစွမ်းကို ထိန်းထားနိုင်ဆဲ စီရိုနယ်လ်ဒို

စားသောက်မှုပုံစံကြောင့် ထိပ်တန်းခြေစွမ်းကို ထိန်းထားနိုင်ဆဲ စီရိုနယ်လ်ဒို

စီရိုနယ်လ်ဒိုဟာ လက်ရှိမှာ အသက် (၃၃) နှစ်ကျော်လွန်နေပြီဖြစ် ပေမယ့် အခုထိ ထိပ်တန်းခြေစွမ်းကို ဆက်ထိန်းထားနိုင်ဆဲဖြစ်ပြီး ဒီလို စွမ်းနိုင်တဲ့ အဓိက  လျှို့ဝှက်ချက်က လေ့ကျင့်ရေးကွင်းမှာ အပြင်းအထန် ကြိုးစားလေ့ကျင့်မှုအပြင်      အစားအသောက်နေထိုင်မှုပုံစံကို အသေးစိတ်ကအစ စနစ်တကျ ထိန်းထားမှုကလည်း အခရာကျပါ တယ်။

ဘောလုံးလောကမှာ  စီရိုနယ်လ်ဒို၊ မက်ဆီတို့လို ထိပ်တန်း ကစား
သမားတွေက လက်ရှိမှာ အသက် ၃ဝ ကျော်အရွယ်ကို ရောက်ရှိနေ
ကြပြီသလို အခြားအားကစားနယ်ပယ်က ကစားသမားတွေဖြစ်တဲ့ ဖက် ဒဲရာ၊ နာဒယ်လ်တို့ဟာ အသက် ၃ဝ ကျော်လွန်နေကြပြီဖြစ်ပါတယ်။ အခုနောက်ပိုင်း အားကစားလောကက နာမည်ကျော်အများအပြားဟာ အာဟာရပညာရှင်တွေကို ငှားရမ်းပြီး အစားအသောက်နေထိုင်မှုကို ထိန်းညှိခိုင်းကာ သူတို့ရဲ့ အားကစားသက်ကို ဆွဲဆန့်လာကြတာကို တွေ့ရပါတယ်။ ကမ္ဘာ့ထိပ်တန်းခြေစွမ်းကို ၁ဝစုနှစ်တစ်ခုကြာအောင် ထိန်းထားနိုင်ခြင်းရဲ့နောက်ကွယ်က အကြောင်းတရားတွေဟာ နည်းပညာ၊ ပြင်ဆင်မှု၊ ဒဏ်ရာပြဿနာအတွက် ကြိုတင်ပြင်ဆင်မှု စသဖြင့် များစွာရှိပေမယ့် စား

သောက်မှု  ပုံစံကတော့အခြေခံ အကျဆုံး အချက်တစ်ချက်ဖြစ်ပါ
တယ်။ စီရိုနယ်လ်ဒိုကတော့ သူ့ရဲ့ မနက်စာ၊ နေ့လယ်စာနဲ့ ညနေ
စာစားတဲ့ အစားအစာတွေကို မကြာသေးခင်ကပဲ အင်စတာ
ဂရမ်ကနေ ဖွင့်ချသွားတာကို တွေ့ရပါတယ်။ စီရိုနယ်လ်ဒိုဟာ အယ်ကိုဟော၊ သကြားဓာတ်ပါတဲ့ ဆိုဒါရည်တို့ကို ရှောင်ရှား လေ့ ရှိပေမယ့် အာဟာရပြည့်ဝအောင် ဟင်းအမယ် အစုံကို စားလေ့ရှိပြီး အဲဒီထဲမှာမှ ငါးကိုရွေးချယ်မှု ပိုများတယ်လို့  သိရပါတယ်။

Four-Four-Two သတင်းဌာနနဲ့ အင်တာဗျူးမှာ စီရိုနယ်လ်ဒိုက
''ကျွန်တော့်အနေနဲ့ လတ်ဆတ်တဲ့ အသီးနဲ့ ဟင်းသီးဟင်းရွက်၊ အသားဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို ဦးစားပေးစားပါတယ်'' လို့ ဖြေကြားခဲ့ပါတယ်။  စီရိုနယ်လ်ဒို စားသောက်ဆိုင်တွေကို သွားရင် အမဲကင်နဲ့ ဆလတ်ရွက်တို့ကို မှာယူစားသောက်လေ့ရှိသူဖြစ်သလို အခမ်းအနားပွဲတွေမှာဆိုရင် တူနာငါး၊ ဥနဲ့ အာလူးတို့ကို စားသောက်လေ့ ရှိပြီး အစာပြေစာစားရင်တောင် ဆာဒင်းငါးနဲ့ ပေါင်မုန့်အလွတ်တို့ကို ညှပ်ပြီး စားသောက်သူဖြစ်ပါတယ်။ ဒါကြောင့် စီရိုနယ်လ်ဒိုအတွက်တော့   အသက်အရွယ်ဆိုတာ ကိန်းဂဏန်း တစ်ခု၊ မှတ်တမ်း စိုက်စရာ များပြားသွားတဲ့ ရွေ့လျားမှု တစ်ခုဆိုတဲ့အဓိပ္ပာယ်တစ်ခုထက် မပိုပါဘူး။

မေလဲ့သင်း(​ကြေးမှုံ)

No comments:

Post a Comment