Latest News

Tuesday, May 22, 2018

ကျပ်သိန်း နှစ်သောင်းဆု ချီးမြှင့်မည့် ကျပ်တစ်ထောင်တန် အောင်ဘာလေ ထီ၂ဝ၁၉ ခုနှစ်တွင် စတင်ဖွင့်လှစ်နိုင်ဖွယ်ရှိ

ကျပ်သိန်း နှစ်သောင်းဆု ချီးမြှင့်မည့် ကျပ်တစ်ထောင်တန် အောင်ဘာလေ ထီ၂ဝ၁၉ ခုနှစ်တွင် စတင်ဖွင့်လှစ်နိုင်ဖွယ်ရှိ

ရန်ကုန် မေ ၂၂

အမြင့်ဆုံးဆုကြေးအဖြစ် ကျပ်သိန်း နှစ်သောင်းချီးမြှင့်မည့် ကျပ်တစ်ထောင် တန် အောင်ဘာလေထီ လာမည့် ၂ဝ၁၉ ခုနှစ်တွင် စတင်ဖွင့်လှစ်နိုင်ဖွယ် ရှိနေကြောင်း ပြည်တွင်းအခွန်များဦးစီး ဌာန အောင်ဘာလေသိန်းဆုဌာနခွဲမှ သိရသည်။

ကျပ် ၅ဝဝ တန် အောင်ဘာလေထီ နှင့် အမြင့်ဆုံးဆုကြေး ကျပ်သိန်း တစ်သောင်း အပါအဝင် ဆုမဲပေါင်း တစ်သိန်းကျော် ဖွင့်လှစ်လျက်ရှိရာတွင် ထပ်မံ၍ ကျပ်တစ်ထောင်တန် အောင်ဘာလေထီကို ပြည်ထောင်စု အစိုးရ ၏ ခွင့်ပြုချက်ရရှိပါက ရောင်းချ ပေးသွားရန် အစီအစဉ်ရှိကြောင်း ပြည်တွင်း အခွန်များဦးစီးဌာနမှ သိရ သည်။

''တစ်ထောင်တန် ထီလက်မှတ်ကို ရောင်းချမယ်ဆိုရင် လွှတ်တော်ကို တင်ပြမယ်၊ သဘောတူခွင့်ပြုမယ်ဆို ရင် ကျပ် ၅ဝဝ တန် ထီနဲ့အတူ ရောင်းချ ပေးဖို့ရှိပါတယ်၊ တကယ်လို့ ခွင့်ပြုခဲ့ မယ်ဆိုရင် ထီလက်မှတ် ရိုက်နှိပ်ဖို့ ပြင်ဆင်ဖို့တွေနဲ့ဆိုတော့ ၂ဝ၁၉ နှစ်ဆန်းပိုင်း ဇန်နဝါရီလောက်ဖြစ် သွားနိုင်တယ်၊ ဒီနှစ် အောက်တိုဘာ လထဲတော့ မမီလောက်ဘူးလို့ ယူဆ ပါတယ်''ဟု ပြည်တွင်းအခွန်များဦးစီး ဌာန အောင်ဘာလေသိန်းဆုဌာနခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

၂ဝ၁၇ ခုနှစ် ဧပြီ ၁ ရက်က အမြင့် ဆုံးဆုငွေ ကျပ်သိန်းတစ်သောင်း ချီးမြှင့်ခဲ့သည့် ကျပ် ၅ဝဝ တန် အောင်ဘာလေထီကို စတင်ဖွင့်လှစ်ခဲ့ ရာ ဆုမဲပေါင်း တစ်သိန်းကျော် ချီးမြှင့် လျက်ရှိသည်။ လက်ရှိတွင် ကျပ် ၅ဝဝ တန် အောင်ဘာလေထီဆုမဲများအနေ ဖြင့် အမြင့်ဆုံးဆု ကျပ်သိန်း တစ်သောင်း အပါအဝင် ကျပ်သိန်း ငါးထောင်ဆု၊ ကျပ်သိန်း သုံးထောင်ဆု၊ ကျပ်သိန်း တစ်ထောင်ဆု၊ ဆုတစ်ဆုချင်းစနစ် တွင် ကျပ်သိန်းတစ်ရာဆု၊ ကျပ်သိန်း ငါးဆယ်ဆု၊ ကျပ်ဆယ်သိန်းဆု၊ ဝေဝေဆာဆာပဒေသာ ဆုမဲစနစ်တွင် ကျပ်သုံးသိန်းဆု၊ ကျပ်နှစ်သိန်းဆု၊ ကျပ်တစ်သိန်းဆု၊ ကျပ်ငါးသောင်းဆု တို့ဖြစ်ပြီး ထီလက်မှတ် ရောင်းချခဲ့ သည့်အပေါ်မူတည်၍ ထီလက်မှတ် စာအုပ်ရောင်းရငွေပေါင်းမှ ၆ဝ ရာခိုင်နှုန်းကို ထီဆုငွေအဖြစ် ခွဲဝေ ပေးပြီး ကျန် ၄ဝ ရာခိုင်နှုန်းကို နိုင်ငံ တော် ဘဏ္ဍာငွေအဖြစ် ထည့်ဝင်လျက် ရှိသည်။

ကျပ် တစ်ထောင်တန်ထီအဖြစ် ဖွင့်လှစ်ရောင်းချနိုင်ပါက အမြင့်ဆုံးဆု ကျပ်သိန်းနှစ်သောင်းအပါအဝင် ဆုမဲ အရေအတွက်လည်း ပိုမိုများပြားလာ မည်ဖြစ်ကြောင်း သိရသည်။ သို့ရာတွင် လက်ရှိကျပ် ၅ဝဝတန် အောင် ဘာလေ ထီလက်မှတ်များကို ပြင်ပတွင် မူရင်း ဈေးထက် ပိုမိုရောင်းချ လျက်ရှိပြီး နယ်မြို့များတွင် ဈေးပိုတင်လေ့ရှိ ကြောင်း သိရသည်။ ယင်း အတွက် ကျပ်တစ်ထောင်တန် ထီလက်မှတ် တွင်လည်း အများပြည်သူ စိတ်ဝင်စား မှုရှိသော်လည်း ဈေးနှုန်းတစ်ပြေးညီ ရောင်းချနိုင်ရန် လိုအပ်ကြောင်း ဝေဖန် လျက်ရှိသည်။

ပြန်​/ဆက်

No comments:

Post a Comment