Latest News

Wednesday, May 9, 2018

အီရန်နျူကလီးယားသဘောတူညီချက်မှ နုတ်ထွက်ကြောင်း ထရန့်ကြေညာမှု သတိပေးတပ်လှန့်မှုများကို ပေါ်ထွက်လာစေခဲ့

အီရန်နျူကလီးယားသဘောတူညီချက်မှ နုတ်ထွက်ကြောင်း
ထရန့်ကြေညာမှု သတိပေးတပ်လှန့်မှုများကို ပေါ်ထွက်လာစေခဲ့

ဝါရှင်တန်   မေ    ၉

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် အီရန်နျူကလီးယားသဘောတူစာချုပ်မှ အမေရိကန်ပြည်ထောင်စုကို ဖယ်ထုတ်တော့မည်ဖြစ်ကြောင်း အင်္ဂါနေ့တွင်ပြောကြား လိုက်ပြီဖြစ်ရာ ယင်းဆုံးဖြတ်ချက်သည် က္ဘာလုံးဆိုင်ရာ စိတ်ပျက်မှုများနှင့် သတိပေး ချက်များကို ရုတ်ခြည်းပေါ်ထွက်လာစေခဲ့သည်။

အီရန်အနေဖြင့် ၄င်း၏နျူကလီးယားအစီအစဉ်များကို ကန့်သတ်လိုက်သည့် အတွက် အပြန်အလှန်အနေဖြင့် အီရန်အပေါ်ပိတ်ဆို့ထားမှုများကို ဖြေလျှော့ပေးသည့် နျူကလီးယားသဘောတူစာချုပ်မှ အမေရိကန်ပြည်ထောင်စုကို ဖယ်ထုတ်လိုက်ခြင်း သည် အရှေ့အလယ်ပိုင်း၌ လက်နက်ယှဉ်ပြိုင်မှုတစ်ရပ်ဖြစ်လာစေမည့် အ္တရာယ်ရှိလာ နိုင်သည်ဟု ကျွမ်းကျင်သူများက ခန့်မှန်းခဲ့ကြသည်။

အိမ်ဖြူတော်မှ မိန့်ခွန်းပြောဆိုမှုကို ရုပ်သံမှ ထုတ်လွှင့်ပြသခဲ့မှုတွင် ထရန့်က စာချုပ်မှ နုတ်ထွက်ကြောင်း ကြေညာခဲ့သည်။
ထရန့်က ၄င်းသည် အီရန်အပေါ်ချမှတ်ထားသည့် နျူကလီးယားလက်နက်ဆိုင်ရာ အရေးယူပိတ်ဆို့မှုများနှင့် ပတ်သက်သည့် တောင်းဆိုပိုင်ခွင့်မှ စွန့်လွှတ်ကြောင်း အစီရင်ခံစာကို လက်မှတ်ရေးထိုးမည်မဟုတ်ကြောင်း၊ သို့သော် စီးပွားရေးအရ ဆက် သွယ်ချိတ်ဆက်မှုရှိနေသည့် အီရန်နှင့်  အခြားနိုင်ငံများအပေါ်  ချမှတ်ထားသည့် သဘောတူညီမှုအောက်တွင် ဖယ်ရှားခဲ့သည့်အရေးယူပိတ်ဆို့မှုများကို ပြန်လည် ချမှတ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။


မြန်​မာ့အလင်း

No comments:

Post a Comment