Latest News

Wednesday, May 9, 2018

နျူကလီးယားသဘောတူညီချက်မှ အမေရိကန်နုတ်ထွက်ခဲ့သော်လည်း ကျန်နိုင်ငံများက ဆက်လက်ထိန်းသိမ်းမည်

နျူကလီးယားသဘောတူညီချက်မှ အမေရိကန်နုတ်ထွက်ခဲ့သော်လည်း ကျန်နိုင်ငံများက  ဆက်လက်ထိန်းသိမ်းမည်

ပါရီ   မေ   ၉

အမေရိကန်သမ္မတ ထရန့်သည် အီရန်နျူကလီးယားသဘောတူညီချက်မှ နုတ်ထွက် ခဲ့သည့်အတွက် စိတ်မကောင်းဖြစ်ရကြောင်း၊ အဆိုပါ သဘောတူညီချက်ကို ပြင်သစ်၊ ဗြိတိန်၊ ဂျာမနီသုံးနိုင်ငံက ဆက်လက်ထိန်းသိမ်းလိုက်နာသွားမည်ဖြစ်ကြောင်း  ပြင်သစ် သမ္မတ  အီမန်နျူရယ်မက်ခရွန်၊ ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေ၊ ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် အိန်ဂျလာမာကယ်တို့က မေ ၈ ရက်တွင် သဘောတူခဲ့သည်။

¤င်းတို့၏ ပူးတွဲကြေညာချက်တွင် အီရန်နျူကလီးယား သဘောတူညီချက်သည် ပြင်သစ်၊ ဗြိတိန်၊ ဂျာမနီတို့၏ လုံခြုံရေးအတွက် အထူးအရေးပါကြောင်း၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက   ဆုံးဖြတ်ချက်အတည်ပြုထားခြင်းဖြစ်ကြောင်း  သက်ဆိုင်ရာ ဘက်ပေါင်းစုံက ဆက်လက်လိုက်နာဆောင်ရွက်ကြရန် တိုက်တွန်းကြောင်း ရေးသား ဖော်ပြထားသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် အီရန်နျူကလီးယားသဘောတူညီချက်မှ  အမေရိကန်နုတ်ထွက်ကြောင်း မေ ၈ ရက်က ကြေညာခဲ့ပြီးနောက် အီရန်ကို အရေး ယူပိတ်ဆို့မှုများ ပြန်လည်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောခဲ့သည်။

၂ဝ၁၅ ခုနှစ် ဇူလိုင်လတွင် အီရန်က သက်ဆိုင်ရာနိုင်ငံ ခြောက်နိုင်ငံ (အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ရုရှား၊ တရုတ်၊ ဂျာမနီ)နှင့် အီရန်နျူကလီးယားဆိုင်ရာ သဘော တူညီမှုများ ရရှိခဲ့သည်။

ဆင်ဟွာ

No comments:

Post a Comment