Latest News

Tuesday, May 22, 2018

ရန်ကုန်တိုင်းဒေသကြီးတွင် ပြီးခဲ့သည့် တစ်နှစ်နှင့် ကိုးလအတွင်း ရာဇဝတ်မှုကြီး(၁ဝ)မျိုး၌ လူသတ်မှု ၃ဝဝ၊ မုဒိမ်းမှု ၄၆ဝ ဖြစ်ပွားခဲ့

ရန်ကုန်တိုင်းဒေသကြီးတွင် ပြီးခဲ့သည့် တစ်နှစ်နှင့် ကိုးလအတွင်း ရာဇဝတ်မှုကြီး(၁ဝ)မျိုး၌ လူသတ်မှု ၃ဝဝ၊ မုဒိမ်းမှု ၄၆ဝ ဖြစ်ပွားခဲ့


ရန်ကုန် မေ ၂၂

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (၃ဝ)ရက်မြောက်နေ့ကို ယနေ့ နံနက် ၁ဝ နာရီက ဒဂုံမြို့နယ်ရှိ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

အစည်းအဝေးတွင်  လသာမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဝင်းနိုင်က ''(၁) ရဲလက်စွဲအပိုဒ် ၁၇၅၄ ပါ အရေးကြီး သော ရာဇဝတ်မှုကြီး(၁ဝ)မျိုးနှင့် စပ်လျဉ်းပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း ၁-၄-၂ဝ၁၆ ရက်နေ့မှ ၃၁-၁၂-၂ဝ၁၇ ရက်နေ့အထိ မည်မျှဖြစ်ပွားခဲ့သည်ကို သိရှိလိုပါကြောင်း၊ (၂) အဆိုပါဖြစ်ပွားသောမှုခင်းများအနက် တရားခံဖော်ထုတ် ရန်ကျန်သော မှုခင်းကြီးပေါင်းမည်မျှရှိပါသနည်း၊ (၃) ဖော်ထုတ်ရန် ကျန်နေ သေးသော အမှုများပေါ်ပေါက်စေရန် မှုခင်းစုံစမ်းထောက်လှမ်းခြင်းနှင့် စပ်လျဉ်းပြီး မည်ကဲ့သို့ဆောင်ရွက်လျက်ရှိသည်''ကို သိရှိလိုကြောင်း ကြယ်ပွင့်ပြ မေးခွန်းကို မေးမြန်းခဲ့ကြောင်းသိရသည်။

အဆိုပါ မေးခွန်းကို လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်စိုးမိုးက ပြန်လည်ဖြေကြားခဲ့ရာ ''အရေးကြီးသော ရာဇဝတ်မှုကြီး (၁ဝ)မျိုးနှင့် စပ်လျဉ်း၍ ၁-၄-၂ဝ၁၆ ရက်နေ့မှ ၃၁-၁၂-၂ဝ၁၇ ရက်နေ့အထိ ဖြစ်ပွားခဲ့မှုနှင့် စုံစမ်းဖော်ထုတ်ဆောင်ရွက်ထားရှိမှုမှာ လူသတ်မှုအနေဖြင့် (၃ဝဝ)ရှိပြီး အမှု (၂၈ဝ)ကို တရားစွဲတင်ပို့နိုင်ခဲ့ကာ (၁ဝ)မှု ပိတ်သိမ်းခဲ့၍ လက်ကျန် (၁ဝ)မှုရှိပါကြောင်းနှင့် စုံစမ်းဖော်ထုတ် တရားစွဲတင်နိုင်သည့် ရာခိုင်နှုန်းမှာ (၉၃)ရာခိုင်နှုန်းဖြစ်ပါကြောင်း၊ ဓားပြမှုအနေဖြင့် (၁)မှုရှိပြီး ၎င်း (၁)မှုကို တရားစွဲတင်ပို့နိုင်ခဲ့၍ အမှုလက်ကျန် မရှိပါကြောင်းနှင့် စုံစမ်းဖော်ထုတ် တရားစွဲတင်နိုင်သည့် ရာခိုင်နှုန်းမှာ (၁ဝဝ) ရာခိုနှုန်းဖြစ်ပါကြောင်း၊ လုယက်မှု အနေဖြင့် (၈၄)မှုရှိပြီး (၆၁)မှုကို တရားစွဲတင်ပို့နိုင်ခဲ့ကာ (၉)မှု ပိတ်သိမ်းခဲ့၍ လက်ကျန်(၁၄)မှု ရှိပါကြောင်းနှင့် စုံစမ်းဖော်ထုတ် တရားစွဲတင်နိုင်သည့် ရာခိုင်နှုန်းမှာ (၇၃) ရာခိုင်နှုန်းဖြစ်ပါကြောင်း၊ ပြန်ပေးဆွဲမှုအနေဖြင့် (၁)မှု ရှိပြီး  ၎င်း(၁)မှုကို  တရားစွဲတင်ပို့နိုင်ခဲ့၍  အမှုလက်ကျန်မရှိပါကြောင်းနှင့် စုံစမ်းဖော်ထုတ် တရားစွဲတင်နိုင်သည့် ရာခိုင်နှုန်းမှာ (၁ဝဝ) ရာခိုင်နှုန်း ဖြစ်ပါ ကြောင်း၊ မုဒိမ်းမှုအနေဖြင့် (၄၆ဝ)မှုရှိပြီး (၄၅၆)မှုကို တရားစွဲတင်ပို့နိုင်ခဲ့ကာ (၂)မှု ပိတ်သိမ်းခဲ့၍ လက်ကျန်(၂)မှုရှိပါကြောင်းနှင့် စုံစမ်းဖော်ထုတ်တရားစွဲ တင်နိုင်သည့် ရာခိုင်နှုန်းမှာ (၉၉)ရာခိုင်နှုန်းဖြစ်ပါကြောင်း၊ ဖောက်ထွင်းမှုအနေ ဖြင့် (၃)မှုရှိပြီး (၁)မှုကို တရားစွဲတင်ပို့နိုင်ခဲ့ကာ (၂)မှု ပိတ်သိမ်းခဲ့၍ အမှု လက်ကျန်မရှိပါကြောင်းနှင့် စုံစမ်းဖော်ထုတ် တရားစွဲတင်နိုင်သည့် ရာခိုင်နှုန်း မှာ (၃၃)ရာခိုင်နှုန်းဖြစ်ပါကြောင်း၊ တိရစ္ဆာန်ခိုးမှုအနေဖြင့် (၅)မှု ရှိပြီး ၎င်း(၅)မှုကို တရားစွဲတင်ပို့နိုင်ခဲ့၍ အမှုလက်ကျန်မရှိပါကြောင်းနှင့် စုံစမ်းဖော်ထုတ် တရားစွဲတင်နိုင်သည့် ရာခိုင်နှုန်းမှာ (၁ဝဝ)ရာခိုင်နှုန်းဖြစ်ပါကြောင်း၊ မတရား အသင်းဖြစ်ပွား တိုင်တန်းမှုအနေဖြင့် (၂)မှုရှိပြီး (၁)မှုကို တရားစွဲတင်ပို့နိုင် ခဲ့ကာ (၁)မှု ပိတ်သိမ်းခဲ့၍ အမှုလက်ကျန် မရှိပါကြောင်းနှင့် စုံစမ်းဖော်ထုတ် တရားစွဲတင်နိုင်သည့် ရာခိုင်နှုန်းမှာ (၅ဝ)ရာခိုင်နှုန်းဖြစ်ပါကြောင်း၊ အမှုကြီး (၁ဝ)မျိုးတွင် နိုင်ငံတော်သစ္စာဖောက်ဖျက်မှုနှင့် လက်နက်မှုတို့မှာ ဖြစ်ပွား ခဲ့ခြင်းမရှိပါကြောင်း၊ သို့ဖြစ်ပါ၍ အထက်ဖော်ပြပါ ကာလအတွင်း ဖြစ်ပွားသော အမှုကြီးပေါင်းမှာ (၈၅၆)မှုရှိပြီး တရားစွဲတင်ပို့မှု(၈ဝ၆)မှု၊ ပိတ်သိမ်းမှု(၂၄)မှု  ရှိသဖြင့် အမှုကြီးလက်ကျန် (၂၆)မှု ကျန်ရှိကာ တရားစွဲတင်နိုင်သည့် ရာခိုင်နှုန်းမှာ (၉၄) ရာခိုင်နှုန်း ဖြစ်ပါကြောင်း၊ ဖော်ထုတ်ရန် ကျန်နေသေးသော အမှုများ ပေါ်ပေါက်စေရန် မှုခင်းစုံစမ်းထောက်လှမ်းခြင်းနှင့်စပ်လျဉ်း၍ ရဲတပ်ဖွဲ့မှ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ မှုခင်းကြိုတင်ကာကွယ်ရေးနှင့် မှုခင်းကျဆင်းရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက်       ၁၄-၆-၂ဝ၁၆ ရက်နေ့မှ စတင်ကာ ရဲတပ်ဖွဲ့နှင့်အတူ အုပ်ချုပ်ရေးအဖွဲ့များ၊ ရပ်ရွာနေပြည်သူများ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ဖြစ်ပွားသော အမှုများနှင့် ပတ်သက်ဆက်နွှယ်သည့် သတင်းများရရှိရန် ထောက်လှမ်းခြင်း၊ ပြစ်မှုကျူးလွန် သူများ ဖော်ထုတ်နိုင်ရေးအတွက် ပြစ်ချက်ဟောင်းရှိ တရားခံများအား ဥပဒေ နှင့်အညီ စစ်ဆေးခြင်း၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ရဲတပ်ဖွဲ့များအနေဖြင့် အမှုများ ဖော်ထုတ်တရားစွဲတင်နိုင်ရေးအတွက် အပတ်စဉ်၊ လစဉ် သုံးသပ် အစည်းအဝေးများ ပြုလုပ်ကာ ပူးပေါင်းစုံစမ်းဖော်ထုတ်ခြင်းများကို စဉ်ဆက် မပြတ် ဆောင်ရွက်လျက်ရှိကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း အမှုကြီးများ ဖြစ်ပွားမှုအပေါ် တစိုက်မတ်မတ် ကြိုးစားဆောင်ရွက်လျက်ရှိသည့်အပြင် ရပ်ရွာနေပြည်သူများ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများ ပူးပေါင်းပါဝင်ဆောင်ရွက် မှု မြင့်မားလာသည့်အလျောက် ဖြစ်ပွားသော မှုခင်းများစုံစမ်းဖော်ထုတ်ရာတွင် ယခုထက်ပိုမို၍  စုံစမ်းဖော်ထုတ်နိုင်မှု  ရာခိုင်နှုန်း  ပိုမိုမြင့်မားလာနိုင်မည်          ဖြစ်ကြောင်းနှင့်  တရားဥပဒေစိုးမိုးရေးအတွက်  ပြည်သူများ  ပူးပေါင်းပါဝင် ဆောင်ရွက်လာစေရေး    ပိုမိုစည်းရုံးဆောင်ရွက်သင့်ကြောင်း''   ပြောကြား သည်။                              
       
နိုင်လင်းကျော်(ဒလ)​ကြေးမှုံ

No comments:

Post a Comment