Latest News

Wednesday, May 30, 2018

ကသာခရိုင်တွင် တွင် မူးယစ်ဆေးဖြတ်ဆေးရုံ တည်ဆောက်ပေးရန် လွှတ်တော်တွင် တောင်းဆို

ကသာခရိုင်တွင် တွင် မူးယစ်ဆေးဖြတ်ဆေးရုံ တည်ဆောက်ပေးရန် လွှတ်တော်တွင် တောင်းဆို

ကသာ၊မေ-၂၃

  မူးယစ်ဆေးအန္တရာယ် စိန်ခေါ်မှု များသော ကသာခရိုင်အတွင်းရှိ သင့်တော်သော မြို့နယ်တစ်ခုတွင် မူးယစ်ဆေးဝါးတားဆီးရေး နှင့်ပြန်လည် ထူထောင်ရေးဆေးရုံတစ်ခု တည်ဆောက်ပေးရန် လိုအပ်နေကြောင်း ကောလင်းမြို့နယ် မှတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူဝင်း ကပြောသည်။

    ကသာခရိုင်အတွင်း ဖမ်းမိသော မူခင်းများ၏ ၇၀ ရာခိုင်နှုန်းမှာ မူးယစ်အမှုများဖြစ်ပြီး ဖမ်းဆီးရာတွင်လည်း  ရဲတပ်ဖွဲ့မှာ အရပ်ဖက်အဖွဲ့အစည်းများကို အားကိုး၍ ဖမ်ဆီးနေရကြောင်း ဒေါ်ဖြူဖြူဝင်းက မေလ ၂၃ ရက်တွင်ပြုလုပ်သော ၁၃ ကြိမ်မြောက် စစ်ကိုင်းတိုင်းလွှတ်တော် ပုံမှန်အစည်းအဝေးတွင် ပြောခဲ့သည်။

  "  မက်သဒုန်း တိုက်ကျွေးတာကလည်း ဆေးသမားတွေက မက်သဒုန်းလည်းစား၊ ဆေးလဲချ နှစ်ပင်လိမ် အမိန့်ရ ဆေးသမားဖြစ်နေတာ၊ အဲဒီနေရာမှာလည်း ရောင်းချပြီးသုးံနေတယ်လို့ကြားရတယ်၊မက်သဒုန်းဆေးကျွေးတာက တကယ်မထိရောက်ဘဲ ခိုးဆိုးနှိုက် ဆေးသမားမွေးမြူရေး ဌာနကြီးလို့ဖြစ်လို့ အမြန်ဖျက်သိမ်းဖို့ လိုတယ်" ဟု ၄င်းကပြောသည်။

      ကသာခရိုင် အတွင်းရှိ ကောလင်း ၊၀န်းသို၊ပင်လည်ဘူးမြို့ တို့တွင် ဆေးဖြတ်ဆေးရုံများတည်ဆောက်ပြီးစီမံကိန်းဖြင့်ဆောင်ရွက်မှသာ လူငယ်များ မူးယစ်ဆေးနွံမှ ကင်းလွတ်မည်ဖြစ်ကြောင်း ဒေါ်ဖြူဖြူဝင်း ကပြောသည်။

ဆေးရုံအသစ်တည်ဆောက်ခြင်းနှင့် အဆင့်မြှင့်ခြင်းသည် ပြည်ထောင်စုအဆင့်၏လုပ်ပိုင်ခွင့်ဖြစ်ပြီး ၂၀၁၈ - ၂၀၁၉ဘဏ္ဍာနှစ်တွင် ဆေးရုံတည်ဆောက်ခြင်းကိုရပ်နားပြီး ဝန်ထမ်းအိမ်ရာများတိုးချဲ့တည်ဆောက်ရန်မူဝါဒထားဆောင်ရွက်နေသဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် တည်ဆောက်ပေးနိုင်ခြင်းမရှိကြောင်း လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းက ပြောသည်။

     ကသာခရိုင်သည် စစ်ကိုင်းတိုင်းဒေသကြီးတွင် မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု အများဆုးံခရိုင်အဖြစ် နှစ်စဉ် တည်ရှိနေကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုးံမှတ်တမ်းများအရ သိရသည်။

ကိုသစ္စာ-မုံရွာ

No comments:

Post a Comment