Latest News

Friday, May 4, 2018

ရေကြောင်းပို့ဆောင်ရေး မြစ်ဝကျွန်းပေါ်ဌာနခွဲ လျာထားဝင်ငွေထက် ကျော်လွန်ရရှိ

ရေကြောင်းပို့ဆောင်ရေး မြစ်ဝကျွန်းပေါ်ဌာနခွဲ လျာထားဝင်ငွေထက် ကျော်လွန်ရရှိ

ဖျာပုံ  မေ ၎

များများသယ်၊ မြန်မြန်ပို့၊ ပြည်သူစိတ် ချမ်းသာဖို့ ဟူသည့် ဆောင်ပုဒ်နှင့်အညီ ရေကြောင်းပို့ဆောင်ရေး မြစ်ဝကျွန်းပေါ် ဌာနခွဲအနေဖြင့် ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများကို ပိုမိုလုပ် ဆောင်ပြီး   ဌာနဝင်ငွေတိုးမြင့်ရရှိရေး ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်အတွင်း လျာထားဝင်ငွေထက် ကျော်လွန်ရရှိခဲ့ကြောင်း သိရသည်။

ရေကြောင်းပို့ဆောင်ရေး မြစ်ဝကျွန်း ပေါ်ဌာနခွဲ၏ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် လျာထားဝင်ငွေမှာ  ကျပ် ၁၈၅၆ ဒသမ ၁ သန်းဖြစ်ပြီး အမှန်တကယ်ရရှိဝင်ငွေမှာ ကျပ် ၁၈၆၇ ဒသမ ၉၁၁ သန်း ရရှိခဲ့ သဖြင့် လျာထားချက်ထက် ကျော်လွန် ရရှိခဲ့ခြင်းဖြစ်ကြောင်း  မြစ်ဝကျွန်းပေါ် ဌာနခွဲ မန်နေဂျာ ဦးသိန်းမြင့်က ပြော သည်။ မြစ်ဝကျွန်းပေါ်ဌာနခွဲ၏ ရေကြောင်း ပို့ဆောင်ရေးလုပ်ငန်းများတွင် ပန်းဆိုး တန်း-ဒလ  ကူးတို့ရေယာဉ်နှင့် ဝါးတန်း (ရန်ကုန်)-ဒလ ကားကူးဇက်ရေယာဉ် လုပ်ငန်းများလည်း ပါဝင်ကြောင်း သိရ သည်။

လက်ရှိ ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်တွင် လည်း ဌာနဝင်ငွေ တိုးမြင့်ရရှိရေးအတွက် တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက် လျက်ရှိကြောင်းနှင့် မိုးဦးလေဦးတွင် ရေကြောင်းအန္တရာယ်ကင်းရှင်းရေးအတွက် ကိုပါ   တာဝန်ရှိသူများက   ကွင်းဆင်း ကြည့်ရှုကြပ်မတ်လျက်    ရေယာဉ်မှ တာဝန်ရှိသူများအား  လမ်းညွှန်ဆောင် ရွက်ပေးလျက်ရှိကြောင်းလည်း  မန်နေဂျာ က ပြောကြားသည်။

အောင်ဝင်း (ဖျာပုံ)

No comments:

Post a Comment