Latest News

Friday, May 4, 2018

မိုင်းဖြတ်မြို့နယ် တာကျောက်တံတားပေါ်မှ မော်တော်ယာဉ်တစ်စီးထိုးကျ ဆရာတော်တစ်ပါး ပျံလွန်တော်မူ

မိုင်းဖြတ်မြို့နယ် တာကျောက်တံတားပေါ်မှ မော်တော်ယာဉ်တစ်စီးထိုးကျ ဆရာတော်တစ်ပါး ပျံလွန်တော်မူ

မိုင်းဖြတ် မေ ၎

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းဖြတ်မြို့နယ် တာကျောက်ကျေးရွာအနီးရှိ တာကျောက်တံတားပေါ်မှ မော်တော်ယာဉ်တစ်စီး မေ ၃ ရက်က ထိုးကျသွားတိမ်းမှောက်ခဲ့ရာ ယာဉ်ပေါ်လိုက်ပါကြွလာသည့် ဆရာတော်တစ်ပါး ပျံလွန်တော်မူခဲ့ကြောင်း သိရသည်။

 ဖြစ်စဉ်မှာ ခရီးသည်လေးဦးနှင့်အတူ တာချီလိတ်ဘက်မှ ကျိုင်းတုံဘက်သို့ ယာဉ်မောင်း ဦးစုလင် မောင်းနှင်သည့် ပရိုဘောက်အဖြူရောင်မော်တော်ယာဉ်သည် မိုင်းဖြတ်မြို့ တာကျောက်ကျေးရွာအနီးတွင် အရှိန်မထိန်းနိုင်ဘဲ အမြင့် ၁၅ ပေရှိ တာကျောက်တံတားအောက် ချောင်းအတွင်းသို့ ထိုးကျတိမ်းမှောက်သွားခဲ့ရာ ယာဉ်ပေါ်လိုက်ပါကြွလာသည့် မိုင်းပျဉ်းမြို့ ယန်းမိုင်ကျောင်းတိုက်ဆရာတော်သည် အခင်းဖြစ်ပွားရာနေရာတွင် ပျံလွန်တော်မူသွားခဲ့သည်။

 အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ မော်တော်ယာဉ်ကို မဆင်မခြင် မောင်းနှင်သူ ဦးစုလင်အား မိုင်းဖြတ်မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်ထားရှိကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း(ပြန်/ဆက်)

No comments:

Post a Comment