Latest News

Thursday, May 10, 2018

ရုရှားက ရင်ပြင်နီစစ်ရေးပြ အခမ်းအနား၌ ခေတ်မီ စစ်လက်နက် ပစ္စည်းများ ထုတ်ဖော်ပြသ

ရုရှားက ရင်ပြင်နီစစ်ရေးပြ အခမ်းအနား၌ ခေတ်မီ စစ်လက်နက် ပစ္စည်းများ ထုတ်ဖော်ပြသ

မော်စကို မေ ၉

ရုရှားနိုင်ငံက မော်စကိုမြို့ရှိ ရင်ပြင်နီ၌ မေ၉ ရက်တွင် ပြုလုပ်သော နာဇီဂျာမနီကို အောင်နိုင်မှု ဂုဏ်ပြု နှစ်ပတ်လည်စစ်ရေးပြ အခမ်းအနားတွင် ခေတ်မီစစ်လက်နက် ပစ္စည်းများကို ထုတ်ဖော်ပြသခဲ့သည်။

(၇၃)နှစ်မြောက် ဒုတိယကမ္ဘာစစ်အောင်ပွဲ စစ်ရေးပြ အခမ်းအနားတွင် စစ်မှုထမ်းဟောင်းများနှင့် တပ်ဖွဲ့ဝင် ၁၃ဝဝဝ ခန့်က ပါဝင်ချီတက်ပြီး ရုရှားသမ္မတပူတင်က မိန့်ခွန်းပြော သည်။ ယင်းစစ်ရေးပြ အခမ်းအနားတွင် လေယာဉ် ၇၅ စင်းအပါအဝင် စစ်လက်နက်ပစ္စည်း ၁၅၉ မျိုးပါဝင်ပြီး ယင်းလက်နက်များ အနက်အများ အပြားကို ဆီးရီးယားနိုင်ငံ၌ စမ်းသပ်ထားကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ထိုစစ်ရေးပြအခမ်းအနားတွင် ပထမဆုံးအကြိမ်အဖြစ် ဆီးရီးယားနိုင်ငံရှိ ပါမိုင်ရာမြို့နှင့် အလက်ပိုမြို့၌ စစ်ဘက်က အသုံးပြုသော မိုင်းရှင်းစက်ရုပ်တစ်ရုပ်၊ မောင်းသူမဲ့တင့်ကားနှင့် မောင်းသူမဲ့လေယာဉ်များ ပါဝင်ပြီး ယင်းလေယာဉ်များကို နောက်တွဲယာဉ်များပေါ် တင်ဆောင်၍ ရင်ပြင်တစ်ဝန်းလှည့်လှည် ပြသကြောင်း သိရသည်။

ထို့ပြင် နျူကလီးယားလက်နက်များနှင့် အဖျက်စွမ်းအားပြင်း လက်နက်များ အပါအဝင် စစ်မက်ဖြစ်ပွားရာ နေရာများတွင် အသုံးပြုရန် စီစဉ်ထားသော Terminator တင့်ကားနှင့် Kinzhal ဒုံးကျည်တင်ဆောင် ပစ်ခတ် နိုင်သော MiG-31 အသံထက်မြန် ကြားဖြတ်တိုက်လေယာဉ်တို့ကိုလည်း ယင်းစစ်ရေးပြ အခမ်းအနားတွင် ပြသကြောင်း သိရသည်။

MWD

No comments:

Post a Comment