Latest News

Thursday, May 10, 2018

ဆေးကုသမှုခံယူမည့် ပါ့ဂွမ်ဟေးကို အကျဉ်းထောင်မှ ယာယီ ပြန်လွှတ်ပေး

ဆေးကုသမှုခံယူမည့် ပါ့ဂွမ်ဟေးကို အကျဉ်းထောင်မှ ယာယီ ပြန်လွှတ်ပေး

ဆိုး မေ ၉

အကျင့်ပျက်ခြစားမှုဖြင့် ထောင်ဒဏ်ကျခံနေရသည့် တောင်ကိုရီးယား သမ္မတဟောင်း ပါ့ဂွမ်ဟေးသည် ဆိုးမြို့ရှိ ဆေးရုံ၌ ဆေးကုသမှုခံယူမည် ဖြစ်သည့်အတွက် ၎င်းကိုအကျဉ်းေ ထာင်မှ ယာယီပြန်လွှတ်ပေး ထားကြောင်း ဆေးရုံမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက မေ ၉ ရက်တွင် ပြောသည်။

ပါ့ဂွမ်ဟေးသည် အကျင့်ပျက်ခြစားမှုဖြင့် ပြီးခဲ့သည့်လတွင် ထောင်ဒဏ် ၂၄ နှစ်ချမှတ် ခံထားရခြင်းဖြစ်သည်။ အသက် ၆၆ နှစ်ရှိပြီ ဖြစ်သည့်ပါ့ဂွမ်ဟေးသည် ဖမ်းဆီးခံရသည့် ၂ဝ၁၇ ခုနှစ် မတ်လမှစ၍ ခြေချောင်းထိခိုက် ဒဏ်ရာရမှု၊ ကျောအောင့်သည့်ဝေဒနာနှင့် သွားပုံမှန်စစ်ဆေးမှု အပါအဝင် နာမကျန်းဖြစ်မှုများဖြင့် မကြာခဏ ဆေးကုသမှု ခံယူနေရသူဖြစ် သည်။

ယခုဆေးကုသမှုခံယူရန်အတွက် ပါ့ဂွမ်ဟေးက အကျဉ်းထောင် တာဝန်ရှိသူများနှင့်အတူ ဆိုးမြို့ရှိ စိန့်မယ်ရီ ဆေးရုံသို့ရောက်ရှိလာခြင်းဖြစ်ကြောင်း ဆေးရုံမှပြောရေးဆိုခွင့်ရှိသူက ပြောသည်။

သို့သော် ၎င်းကမည်သည့် အသေးစိတ်အချက်အလက်မျှ ပြောဆိုထားခြင်း မရှိသော်လည်း ပါ့ဂွမ်ဟေးသည်နာတာ ရှည်ကျောအောင့်သည့် ရောဂါကိုကုသမှုခံယူမည် ဖြစ်ကြောင်း Yonhap သတင်းဌာနက ဖော်ပြထားသည်။ ပါ့ဂွမ်ဟေးသည် ပြီးခဲ့သည့် နှစ်အောက်တိုဘာလမှစတင်ကာ ကျန်းမာရေး အကြောင်းပြချက်များဖြင့် တရား ခွင်များကိုပျက်ကွက်ခဲ့ခြင်းဖြစ်သည်။

၎င်းသည်အောက်တရားရုံးက ချမှတ်သည့် ပြစ်ဒဏ်အပေါ် အယူခံဝင်ခွင့်ကို စွန့်လွှတ်ထားသည်။ သို့သော် ပါ့ဂွမ်ဟေးအပေါ်ချမှတ်သည့် ပြစ်ဒဏ်သည် ကျူးလွန်ခဲ့သည့်ပြစ်မှုများ နှင့် နှိုင်းယှဉ်ပါက နည်းနေသည့် အတွက် အစိုးရရှေ့နေများက ၎င်းကိုယခုထက်ကြီးလေးသည့် ပြစ်ဒဏ်ချ မှတ်နိုင်ရန် အထက်တရားရုံးသို့ အယူခံဝင်သွားမည် ဖြစ်ကြောင်းနှင့် အဆိုပါ အယူခံတရားခွင်ကို ယခုလ အတွင်း စတင်နိုင်မည်ဟု မျှော်မှန်းရကြောင်း သိရသည်။

MWD

No comments:

Post a Comment