Latest News

Saturday, May 19, 2018

တရုတ် လက်ရွေးစင် အသင်းနှင့် ခြေစမ်းပွဲအတွက် မြန်မာ့လက်ရွေးစင် အသင်း ဖွဲ့စည်း

တရုတ် လက်ရွေးစင် အသင်းနှင့် ခြေစမ်းပွဲအတွက် မြန်မာ့လက်ရွေးစင် အသင်း ဖွဲ့စည်း

ရန်ကုန် မေ ၁၈

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် တရုတ်လက်ရွေးစင်အသင်းနှင့် ခြေစမ်းပွဲယှဉ်ပြိုင်ကစားမည့် မြန်မာ့ လက်ရွေးစင် အသင်းအား ကစားသမား ၂၂ ဦးဖြင့် ဖွဲ့စည်းလိုက်ပြီဖြစ်သည်။ တရုတ်လက်ရွေးစင် အသင်းနှင့် မြန်မာ့လက်ရွေးစင်အသင်း ခြေစမ်းပွဲကို မေ ၂၆ ရက်တွင် တရုတ်နိုင်ငံ နန်ကျင်းမြို့၌ ကျင်းပမည် ဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်းကို ယင်းခြေစမ်းပွဲအတွက်သာ ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး မေ ၂၁ ရက်တွင် စခန်းဝင် လေ့ကျင့်မှု ပြုလုပ်မည်ဖြစ်သည်။ ပြည်တွင်းလိဂ်ပြိုင်ပွဲဖြစ်သည့် ၂ဝ၁၈ရာသီ MNL အမှတ်ပေး ပြိုင်ပွဲဒုတိယအကျော့ ပွဲစဉ်ကို မေ ၁၉ ရက်(ယနေ့)တွင် ပြန်လည် ကျင်းပမည်ဖြစ်ရာ မြန်မာ့လက်ရွေးစင် အသင်းသည် တရုတ်လက်ရွေးစင် အသင်းနှင့် ခြေစမ်းပွဲအတွက် ရက်ပိုင်းသာ ပြင်ဆင်ချိန် ရရှိမည်ဖြစ်သည်။

ယခုဖွဲ့စည်းလိုက်သည့် မြန်မာ့လက်ရွေးစင်အသင်းတွင် ဝေယံဦး(မြဝတီ)၊ အောင်မြင့်ထွန်း(မကွေး)၊ မင်းကျော်ခန့်နှင့် ကျော်ဇင်ဦး(ရန်ကုန်)တို့ ရွေးချယ်ခံခဲ့ ရသည်။

တရုတ်လက်ရွေးစင်အသင်းနှင့် ယှဉ်ပြိုင် ကစားမည့် မြန်မာ့လက်ရွေးစင် အသင်းတွင် အုပ်ချုပ်သူ-ဦးဘုန်းနိုင်ဇော်၊ နည်းပြချုပ်-အန်တွမ်နီဟေး၊ လက် ထောက်နည်းပြများအဖြစ် ဟာလက်နှင့် ဦးစိုးမြတ်မင်း၊ ဂိုးနည်းပြ-ကာစတန်၊ အသင်းအတွင်းရေးမှူး-ဦးမိုးဝေအောင်၊ ဂိုး-ကျော်ဇင်ထက်(ရန်ကုန်)၊ ကျော်ဇင်ဖြိုး(မကွေး)၊ နောက်တန်း-ဇော်မင်းထွန်း၊ မင်း ကျော်ခန့်(ရန်ကုန်)၊ ထိုက်ထိုက်အောင်၊ ဒေးဗစ်ဒန်း(ရှမ်း)၊ သိန်းသန်းဝင်း၊ ရဲရင့်အောင် (ရတနာပုံ)၊ နန္ဒကျော် (မကွေး)၊ အလယ်တန်း-လှိုင်းဘိုဘို၊ ရဲကိုဦး၊ မျိုးကိုထွန်း၊ စည်သူအောင်(ရတနာပုံ)၊ ဝေယံဦး(မြဝတီ)၊ မောင်မောင်စိုး(မကွေး)၊ မောင်မောင်လွင်၊ ကျော်ဇင်ဦး(ရန်ကုန်)၊ ရန်နိုင်ဦး(ရှမ်း)၊ ရှေ့တန်း-အီစိုး(ရန်ကုန်)၊ ဇင်မင်းထွန်း၊ ဒွေးကိုကိုချစ်(ရှမ်း)နှင့် အောင်မြင့်ထွန်း(မကွေး)တို့ပါဝင်ကြကြောင်း သိရသည်။

MWD

No comments:

Post a Comment