သမိုင်းတွင်မယ့် ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေး
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံ အန်းဟာ တရုတ်နိုင်ငံကို သွားရောက်ပြီး နောက်မှာတော့ အမေရိကန်သမ္မတရဲ့ ရည်မှန်းချက်ဖြစ်တဲ့ မြောက်ကိုရီးယား နျူကလီးယားလက်နက်စွန့်လွှတ်ရေး ဟာ ရုပ်လုံးပေါ်လာတော့မယ်လို့ ယူဆ ရကြောင်း the Financial Times မှ လေ့လာစောင့်ကြည့်သူတစ်ဦးက ဆို ပါတယ်။
ကိုရီးယားကျွန်းဆွယ်ငြိမ်းချမ်းရေး
ရုပ်လုံးပေါ်လာပြီ
အခုတော့ ကိုရီးယားကျွန်းဆွယ် တည်ငြိမ်အေးချမ်းဖို့ တကယ်ပဲရုပ်လုံး ပေါ်လာခဲ့ပြီလို့ ပြောရတော့မှာပဲ ဖြစ်ပါ တယ်။
မြောက်ကိုရီးယားနိုင်ငံအတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့ နည်းဗျူဟာတွေဟာ တကယ်ပဲ အလုပ် ဖြစ်လာခဲ့ပါတယ်။ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်း တရုတ်နိုင်ငံ ကို သွားရောက်လည်ပတ်ပြီးတဲ့နောက် မှာ အခုလို ကောင်းမွန်တဲ့ အခြေအနေ တွေ ဖြစ်ပေါ်တိုးတက်လာခဲ့ပါတယ်။
အမေရိကန်သမ္မတအဖြစ် တာဝန် ယူချိန်ကတည်းက ဒေါ်နယ်ထရန့်ရဲ့ မြောက်ကိုရီးယားနိုင်ငံဆိုင်ရာ နည်းဗျူ ဟာတွေဟာ တဖြည်းဖြည်းသိသာ ထင်ရှားလာတယ်လို့ ပြောရပါမယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ သူ့နိုင်ငံကို တိုက်ရိုက်ခြိမ်းခြောက်လာတဲ့ မြောက်ကိုရီးယားနိုင်ငံရဲ့ နျူကလီးယား လက်နက်စွန့်လွှတ်ဖို့ အလေးအနက် တိုက်တွန်းခဲ့တာတွေကို ယခင်က သတင်းတွေမှာ ခဏခဏ တွေ့ရမှာ ဖြစ်ပါတယ်။
ဓာတ်မတည့်တဲ့ နိုင်ငံတွေ
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနဲ့ အမေရိကန်ပြည်ထောင်စု သမ္မတ ဒေါ်နယ်ထရန့်တို့ဟာ တစ်ဖက်နဲ့ တစ်ဖက် လအတော်ကြာ ကျီစယ်မှုတွေ၊ အပြန်အလှန် ခြိမ်းခြောက်မှုတွေ၊ စကား လုံးစစ်ထိုးမှုတွေ လုပ်ခဲ့ပါတယ်။ အဲလို ဓာတ်မတည့်တဲ့ တစ်ဖက်နဲ့တစ်ဖက်ဟာ အခုတော့ မေလမှာ အစည်းအဝေး တစ်ရပ်ကျင်းပဖို့ သဘောတူညီချက် တစ်ရပ် ရရှိခဲ့ပါပြီ။ အမေရိကန်နဲ့ မြောက် ကိုရီးယားတို့ရဲ့ နှစ်နိုင်ငံတွေ့ဆုံမှု ထိပ်သီး အစည်းအဝေးကို ဇွန်လ ၁၂ ရက်နေ့မှာ စင်ကာပူမှာ ကျင်းပမှာ ဖြစ်ပါတယ်။
အသိအမှတ်ပြု ခြေလှမ်းတစ်ခု
ဒါကိုကြည့်ခြင်းအားဖြင့် မြောက်ကို ရီးယားဟာ ကိုရီးယားကျွန်းဆွယ် နျူက လီးယားကင်းစင်ဖို့ သူ့ရဲ့ နျူကလီးယား အစီအစဉ်ရပ်တန့်ရေး အသိအမှတ်ပြု ခြေလှမ်းတစ်ခု စတင်လျှောက်လှမ်းနေပြီ လို့ ဆိုရမှာဖြစ်ပါတယ်။
ယခင်က အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ ကိုရီးယားကျွန်းဆွယ် နျူကလီးယားကင်းစင်ဖို့ နောက်ဆုံး မတတ်သာတဲ့အဆုံးမှာ စစ်ရေးဆိုင်ရာ ခြိမ်းခြောက်မှုမျိုးကိုတောင် ပြုလုပ်ခဲ့ပါ တယ်။ ဒါတင်ပဲလားဆိုတော့ မဟုတ်ပါ ဘူး။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် ဟာ မြောက်ကိုရီးယားရဲ့ အနီးစပ်ဆုံး မဟာမိတ်ဖြစ်တဲ့ တရုတ်နိုင်ငံကိုတောင် ပါဝင်စေချင်တဲ့သဘောရှိတာကို တွေ့ရပါ တယ်။
ထို့အပြင် သံတမန်ရေးရာနဲ့ စီးပွား ရေးဆိုင်ရာတွေမှာလည်း ခြိမ်းခြောက်မှု တွေ လုပ်ခဲ့ပါသေးတယ်။ မြောက်ကိုရီး ယားဟာ သူ့ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ နျူက လီးယားနိုင်ငံတော်ကြီး ပေါ်ပေါက်လာရေး အစီအစဉ်ကို ဘယ်တော့မှ လက်လျှော့မှာ မဟုတ်ဘူး။ သူ့ရဲ့ နျူကလီးယားအစီ အစဉ်နဲ့ပတ်သက်ပြီး ဆွေးနွေးစရာတွေ မရှိဘူးလို့ တစ်ချိန်က မလျှော့တမ်းပြောခဲ့ ပေမယ့် တစ်ဖက်နဲ့တစ်ဖက် မည်သို့ပင် ဆိုခဲ့ဆိုခဲ့ အခုတော့ ကိုရီးယားကျွန်း ဆွယ် နျူကလီးယားကင်းစင်ရေးအတွက် မတူတာတွေဘေးဖယ်ပြီး နှစ်နိုင်ငံအနေ နဲ့ ဇွန်လ ၁၂ ရက်နေ့မှာ စင်ကာပူနိုင်ငံမှာ တွေ့ဆုံမယ်ဆိုတဲ့သတင်းကို ကြားသိရတာ အတိုင်းမသိဝမ်းသာရမယ့် ကိစ္စတစ်ခုပါပဲ။ ရည်ရွယ်ချက်ကတော့ မြောက်ကိုရီးယား ကို နျူကလီးယားကင်းစင်ဖို့ပဲ ဖြစ်ပါ တယ်။
ဖြေရှင်းလို့ရတဲ့ ကိစ္စ
အနှစ်နှစ်အလလက ရည်မှန်းခဲ့တဲ့ ကိုရီးယားကျွန်းဆွယ်တည်ငြိမ်အေးချမ်း ရေးရည်မှန်းချက်ဟာ အခုတော့ အကောင် အထည်ပေါ်လာပါပြီ။ တရုတ်နိုင်ငံကို မြောက်ကိုရီးယားခေါင်းဆောင် သွား ရောက်ပြီး ပြန်လာခါနီး ထုတ်ပြန်ကြေညာ ချက်မှာ ဘာပြောခဲ့သလဲဆိုရင် ကိုရီးယား ကျွန်းဆွယ် နျူကလီးယားကင်းစင်ရေး ကိစ္စဟာ ဖြေရှင်းလို့ရတဲ့ ကိစ္စဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
အခုလိုမျိုး ထုတ်ပြန်ကြေညာချက် မှာ ပြောခဲ့တာကိုကြည့်ရင် နျူကလီးယား ကင်းစင်ဖို့ စကားဦးသမ်းခဲ့တယ်ဆိုတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ သို့သော်လည်း တကယ့်လက်တွေ့မှာတော့ တော်တော့်ကို ဖြေရှင်းရမယ့်ကိစ္စပဲ ဖြစ်ပါတယ်။ မြောက် ကိုရီးယားခေါင်းဆောင်ရဲ့ ထုတ်ပြန်ကြေ ညာချက်မှာ ပြောသွားခဲ့တာဟာ ငြိမ်း ချမ်းရေးအတွက် ခြေလှမ်းတစ်ရပ်လည်း ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ကိုရီးယား ကျွန်းဆွယ်မှာ ဖြန့်ကြက်ထားတဲ့ အမေရိ ကန်တပ်ဖွဲ့တွေကို ပြန်လည်ရုပ်သိမ်းစေ ချင်တဲ့သဘောလည်း ပါဝင်လို့ပဲ ဖြစ်ပါ တယ်။
အခုအချိန်အထိ ဘယ်အမေရိကန် အစိုးရတပ်တွေမှ ရုပ်သိမ်းဖို့ မစဉ်းစား သေးပါဘူး။ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်ဟာ ဒီကိစ္စကို ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်သင့်ပြီး သူ့ရဲ့ သမားရိုးကျ မဟုတ်တဲ့ နိုင်ငံခြားရေးရာမူဝါဒကလည်း စဉ်းစားရကျပ်စေတဲ့ အခြေအနေတစ်ခု ဖြစ်နေပါတယ်။
သံခင်းတမန်ခင်း ဖြစ်ပေါ်တိုးတက်မှု
အမေရိကန်- မြောက်ကိုရီးယား တွေ့ဆုံဆွေးနွေးပွဲရဲ့ အလားအလာဟာ နှစ်နိုင်ငံကြား အေးခဲနေတဲ့ အခြေအနေ တွေကို ကောင်းမွန်တဲ့ဘက်ကို စတင် ရောက်ရှိစေမယ့် အနေအထားကို ဖြစ်ပေါ် စေမယ်လို့ ယူဆရပါတယ်။ ကိုရီးယား ကျွန်းဆွယ်မှာ ငြိမ်းချမ်းမှုကို ရှာဖွေတဲ့ နေရာမှာ တကယ့် သံခင်းတမန်ခင်း ဖြစ်ပေါ်တိုးတက်မှုကိုလည်း မဖြစ်မနေ ထည့်သွင်းရမှာ ဖြစ်ပါတယ်။
နှစ်နိုင်ငံ တကယ့်တွေ့ဆုံညှိနှိုင်းမယ့် ရလဒ်ဟာ ကိုရီးယားကျွန်းဆွယ်နျူကလီး ယားကင်းစင်ဖို့၊ နောက်ထပ် နျူကလီး ယားထိပ်ဖူးတပ် တာဝေးပစ်ဒုံးကျည် လက်နက်ဆိုင်ရာ နည်းဗျူဟာ စမ်းသပ် လုပ်ဆောင်မှုတွေကို အဆုံးသတ်ဖို့၊ အမေ ရိကန်ပြည်ထောင်စု၊ က္ဘာ့နိုင်ငံတွေနဲ့ မြောက်ကိုရီးယားနိုင်ငံတို့ကြား ရန်လို တင်းမာမှုတွေအပေါ် နိဂုံးချုပ်ဖို့ကို အဓိက ဦးစားပေး ဆွေးနွေးသွားရမှာပဲ ဖြစ်တယ် လို့ ၁၉၉၄ ခုနှစ် နျူကလီးယားပဋိပက္ခ အတွင်း မြောက်ကိုရီးယားနဲ့ ဆွေးနွေး ညှိနှိုင်းမှုလုပ်ခဲ့တဲ့ အမေရိကန် ညှိနှိုင်း ဆွေးနွေးရေးအကြီးအကဲဖြစ်သူ ရော ဘတ်ကလော့စီက ပြောခဲ့ပါတယ်။
သမိုင်းအလှည့်အပြောင်းတစ်ခု
စစ်အေးခေတ်ထဲက အပေါက် အလမ်းမတည့်ခဲ့တဲ့ ဒီနှစ်နိုင်ငံ ဘယ်လိုပဲ ဖြစ်ဖြစ် အခုတော့ နှစ်နိုင်ငံခေါင်းဆောင် တွေအနေနဲ့ နောက်ဆုံးမှာ အနည်းဆုံး တော့ အပေါက်လမ်းတည့်ပြီး အစေးကပ် တဲ့အခွင့်အရေးတော့ ရရှိလာခဲ့ကြတာပဲ ဆိုတာ အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်။ ဒါဟာ က္ဘာ့သမိုင်းစာမျက်နှာရဲ့ ကံကြမ္မာ အဆိုးအကောင်းကို ဝေဖန်ပိုင်းခြားမယ့် အလှည့်အပြောင်းတစ်ခုလည်း ဖြစ်လာ နိုင်တယ်ဆိုတာလည်း ငြင်းမရပါဘူး။
၁၉၅ဝ ပြည့် အစောပိုင်းနှစ်များက ကိုရီးယားကျွန်းဆွယ်မှာ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲဟာ နောက်ဆုံးမှာ စစ်ပွဲရပ်ဆိုင်း ရေး နားလည်မှုစာချုပ်နဲ့ ပြီးဆုံးခဲ့ ပါတယ်။ ငြိမ်းချမ်းရေးလိုလားတဲ့ တောင်ကိုရီးယားသမ္မတ မွန်ဂျယ်အင်း ဦးဆောင်တဲ့ တောင်ကိုရီးယားအစိုးရ ဟာ မြောက်ကိုရီးယားနိုင်ငံနဲ့ စီးပွား ရေးဆိုင်ရာ ဆက်သွယ်ဆောင်ရွက်မှု တွေ၊ လူလူချင်းဆက်ဆံမှုတွေကို အာသီ သပြင်းပြစွာနဲ့ လုပ်ဆောင်ဖို့ စိတ်အား ထက်သန်လျက်ရှိပါတယ်။
ကိုရီးယားကျွန်းဆွယ် နျူကလီး ယားကင်းစင်ရေးမှာ အဓိကနေရာက ပါဝင်ခဲ့တဲ့ သမ္မတရှီကျင့်ဖျင်ဦးဆောင်တဲ့ တရုတ်အစိုးရကလည်း မြောက်ကိုရီး ယားခေါင်းဆောင် ကင်ဂျုံအန်းရဲ့ တရုတ် ခရီးစဉ်အပေါ် သဘောကျ ကျေနပ်ခဲ့ပါ တယ်။ တရုတ်နိုင်ငံဟာ မြောက်ကိုရီး ယားနဲ့ နယ်နိမိတ်ချင်း ထိစပ်လျက်ရှိ တာကြောင့် ကိုရီးယားကျွန်းဆွယ်မှာ စစ်ပွဲဖြစ်ပွားခဲ့ပါက အဲဒါဟာ တရုတ် နိုင်ငံကို အဓိကခြိမ်းခြောက်လာမယ့် အရေးလည်း ဖြစ်ပါတယ်။ ဒါကြောင့် ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးရဖို့ အရေးမှာ တရုတ်နိုင်ငံကလည်း လုံ့လ ပြုပေးရမှာပဲ ဖြစ်ပါတယ်။
ပြီးတော့လည်း မြောက်ကိုရီးယား နိုင်ငံကို ဝင်လာတဲ့ ကုန်သွယ်မှု စီးဆင်း မှု ၉ဝ ရာခိုင်နှုန်းဟာ တရုတ်နိုင်ငံကို ကျော်ဖြတ်ပြီး ဝင်လာတာပဲဖြစ်ပါတယ်။ ဒါကြောင့်လည်း တရုတ်နိုင်ငံဟာ မြောက်ကိုရီးယားနိုင်ငံအတွက် အဓိက အရေးပါတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တာ ကြောင့် မြောက်ကိုရီးယားခေါင်ဆောင် ကင်ဂျုံအန်းဟာ တရုတ်နိုင်ငံကို အရင် ဆုံး သွားရောက်လည်ပတ်ပြီး တရုတ် သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံခဲ့တယ်လို့ သုံးသပ်ရမှာပဲ ဖြစ်ပါတယ်။
မည်သို့ပင်ဆိုစေ အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်ဟာ သူ့အနေနဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံ အန်းနဲ့ နျူကလီးယားကင်းစင်ရေးကိစ္စ နဲ့ပတ်သက်ပြီး သဘောတူညီချက် တစ်ရပ် ရရှိတော့မယ်လို့ မျှော်လင့်ပါ တယ်။ မြောက်ကိုရီးယားနဲ့ သဘော တူညီချက်ဟာ အမှန်တကယ်ကို အကျိုး ရှိလာမှာဖြစ်လို့ အကယ်၍ အောင်မြင် စွာပြီးဆုံးခဲ့မယ်ဆိုပါက က္ဘာကြီး အတွက် ကောင်းမွန်တဲ့ ကိစ္စတစ်ခုဖြစ် လာမှာဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောခဲ့ပါတယ်။ ။
တင်လင်းအောင်(မြန်မာ့အလင်း)
ကိုးကား- ချန်နယ်နယူးအေးရှ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment