Latest News

Sunday, May 13, 2018

၂ဝ၁၇-၂ဝ၁၈ ပရီမီယာလိဂ်ဘောလုံးရာသီပြီးဆုံး

၂ဝ၁၇-၂ဝ၁၈ ပရီမီယာလိဂ်ဘောလုံးရာသီပြီးဆုံး

၂ဝ၁၇-၂ဝ၁၈ ပရီမီယာလိဂ်ဘောလုံးရာသီ၏ ရာသီပိတ်နောက်ဆုံးပွဲစဉ် ၃၈ ကို  မေ ၁၃ ရက် ည ၈ နာရီခွဲက တစ်ပြိုင်နက် ယှဉ်ပြိုင်ကစားခဲ့သည်။

ချန်ပီယံဆုဆွတ်ခူးပြီးဖြစ်သည့် မန်စီးတီးက အဝေးကွင်း၌ ဆောက်သမ်တန် အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိသည်။ ပဲလေ့စ်က ဝက်စ်ဘရွန်းကို နှစ်ဂိုး- ဂိုးမရှိ၊  မန်ယူက ဝက်ဖို့ဒ်ကို တစ်ဂိုး-ဂိုးမရှိ၊  နယူးကာဆယ်က ချယ်လ်ဆီးကို သုံးဂိုး-ဂိုးမရှိ၊ ဝက်စ်ဟမ်းက အဲဗာတန်ကို သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။

ဘန်လေကို  အဝေးကွင်း၌ ဘုန်းမောက်က နှစ်ဂိုး-တစ်ဂိုးဖြင့်   အနိုင်ရကာ အာဆင်နယ်ကလည်း ဟတ်ဒါဖီးလ်ကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။ ဆွမ်ဆီး နှင့်စတုတ်ပွဲတွင် စတုတ်က နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ချန်ပီယံလိဂ်အဆင့် ၃ နှင့် ၄ နေရာအတွက် လီဗာပူးနှင့် စပါးတို့က    ပြိုင်ဘက်များကို အကြိတ်အနယ် ယှဉ်ပြိုင်ပြီး အနိုင်ယူခဲ့သည်။ လီဗာပူးက ဘရိုက်တန်ကို လေးဂိုး- ဂိုးမရှိဖြင့် အနိုင် ယူခဲ့ပြီး စပါးက လက်စတာကို ငါးဂိုး-လေးဂိုးဖြင့် အနိုင်ယူခဲ့သည်။
ချန်ပီယံလိဂ်ဝင်ခွင့်အတွက် မန်စီးတီး၊ မန်ယူ၊   စပါးနှင့်လီဗာပူးတို့ရရှိခဲ့ပြီး   ယူရိုပါလိဂ်ဝင်ခွင့်အတွက် ချယ်လ်ဆီးနှင့်  အာဆင်နယ်တို့ရရှိကာ   ဘန်လေက ခြေစစ်ပွဲဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့သည်။ ဆွမ်ဆီး၊ စတုတ်၊   ဝက်စ်ဘရွန်း တို့မှာ ပရီမီယာရှစ်သို့ တန်းဆင်းသွားရပြီဖြစ်သည်။

အဆင့်အလိုက် ရပ်တည်မှုအနေဖြင့် မန်စီးတီးက ရမှတ် ၁ဝဝ ဖြင့် အဆင့် ၁၊ မန်ယူက ၈၁ မှတ်ဖြင့် အဆင့် ၂၊ စပါးက ၇၇ မှတ်ဖြင့် အဆင့် ၃၊ လီဗာပူးက ၇၅ မှတ်ဖြင့် အဆင့် ၄၊ ချယ်လ်ဆီး အမှတ် ၇ဝဖြင့် အဆင့် ၅၊ အာဆင်နယ်က ၆၃ မှတ်ဖြင့် အဆင့် ၆၊ ဘန်လေက ၅၄မှတ်ဖြင့် အဆင့် ၇၊  အဲဗာတန် ၄၉ မှတ်ဖြင့် အဆင့် ၈၊ လက်စတာက ၄၇ မှတ်ဖြင့် အဆင့် ၉၊ နယူးကာဆယ်က ၄၄ မှတ်ဖြင့် အဆင့် ၁ဝ ရရှိခဲ့သည်။

ခရစ္စတယ်ပဲလေ့စ်က ၄၄ မှတ်ဖြင့် အဆင့် ၁၁၊  ဘုန်းမောက်က ၄၄ မှတ်ဖြင့် အဆင့် ၁၂၊ ဝက်စ်ဟမ်းက ၄၂ မှတ်ဖြင့် အဆင့် ၁၃၊ ဝက်ဖို့ဒ်က ၄၁ မှတ်ဖြင့် အဆင့် ၁၄၊ ဘရိုက်တန်က  ရမှတ် ၄ဝ ဖြင့် အဆင့် ၁၅၊ ဟတ်ဒါဖီးလ် ၃၇ မှတ်ဖြင့် အဆင့် ၁၆၊  ဆောက်သမ်တန်က ၃၆ မှတ်ဖြင့် အဆင့် ၁၇၊  ဆွမ်ဆီးက ၃၃ မှတ်ဖြင့် အဆင့် ၁၈၊  စတုတ်က  ၃၃  မှတ်ဖြင့် အဆင့် ၁၉နှင့် ဝက်စ်ဘရွန်းက ၃၁ မှတ်ဖြင့်    အဆင့်  ၂ဝ ရပ်တည်ခဲ့သည်။      
                                                                               သီဟ

No comments:

Post a Comment