Latest News

Sunday, May 13, 2018

အင်ဒိုနီးရှား၌ အသေခံဗုံးခွဲတိုက်ခိုက်မှုနှစ်ခုဖြစ်ပွားရာ ခြောက်ဦးထက်မနည်းသေဆုံး

အင်ဒိုနီးရှား၌ အသေခံဗုံးခွဲတိုက်ခိုက်မှုနှစ်ခုဖြစ်ပွားရာ ခြောက်ဦးထက်မနည်းသေဆုံး

ဂျကာတာ   မေ   ၁၃

အင်ဒိုနီးရှားနိုင်ငံအရှေ့ဂျာဗားပြည်နယ် မြို့တော်စူရာဘာယာ ရှိ ခရစ်ယာန်ဘုရား ရှိခိုးကျောင်းသုံးကျောင်းတို့တွင်  ဘာသာ ရေးဆိုင်ရာ ဆုတောင်းဝတ်ပြုမှု ပြုလုပ် နေစဉ်  အသေခံဗုံးခွဲသမားများက  ဗုံးခွဲ တိုက်ခိုက်မှုပြုလုပ်ခဲ့ရာ  ဗုံးခွဲတိုက်ခိုက်သူ နှင့်  ရဲတပ်ဖွဲ့ဝင်တစ်ဦးအပါအဝင်  လူ ခြောက်ဦးသေဆုံးခဲ့ကာ  ၃၅  ဦးထက် မနည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း        ရဲတပ်ဖွဲ့  အာဏာပိုင်တစ်ဦးက  ပြောကြား ခဲ့သည်။

ဗုံးခွဲတိုက်ခိုက်မှုသည် တနင်္ဂနွေနေ့ တွင်ဖြစ်ပွားခဲ့ပြီး အာဂျူနိုလမ်းရှိ ပန်တီ ကိုစတာ ခရစ်ယာန်ဘုရားရှိခိုးကျောင်း တွင် လူနှစ်ဦးကို သေဆုံးစေခဲ့ပြီး၊ ဒီပန်ဂို ရိုလမ်းပေါ်ရှိ ဂျီရီကာကရီစတန် အင်ဒို နီးရှား ဘုရားရှိခိုးကျောင်းတွင် တစ်ဦး သေဆုံးခဲ့ကာ နာဂယ် မက်ဒရာလမ်းပေါ်ရှိ ဆန်တာမာရီယာ ဘုရားရှိခိုးကျောင်းတွင်  လူသုံးဦးကို သေဆုံးစေခဲ့ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဖရန်စ် ဘာရန်ကပြောသည်။

ဘုရားရှိခိုးကျောင်း  သုံးကျောင်းတို့ တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ¤င်းက  ပြောသည်။   ဗုံးခွဲတိုက်ခိုက်မှု အတွင်း ထိခိုက်ခဲ့သူများကို  ဆေးကုသ မှုခံယူရန်အတွက် မြို့တွင်းရှိ ဆေးရုံများသို့ အလျင်အမြန် ပို့ဆောင်ခဲ့သည်။

ပထမဆုံးဖြစ်ပွားသည့် ဗုံးခွဲတိုက် ခိုက်မှုသည် ဆန်တာမာရီယာဘုရားရှိခိုး ကျောင်း၌ နံနက် ၇ နာရီ ၁၅ မိနစ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ငါးမိနစ်ခန့်အကြာ         တွင် ကျန်ပေါက်ကွဲမှုများ ဆက်လက်ဖြစ် ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဗုံးခွဲသမားများသည်   ဘုရားရှိခိုး ကျောင်းသုံးကျောင်းတို့ရှိ    နံနက်ခင်း ဆုတောင်းဝတ်ပြုမှုအစီအစဉ်၌ ဆုတောင်း ဝတ်ပြုသူများအဖြစ် ဟန်ဆောင်ကာ ဝင် ရောက်လာခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထား သည်။ ရဲတပ်ဖွဲ့က ဗုံးပေါက်ကွဲမှုကို စုံစမ်း စစ်ဆေးရန်အတွက် အခင်းဖြစ်ပွားသည့် နေရာတွင်  လုံခြုံရေးအရတားဆီးပိတ်ဆို့ ရှာဖွေမှုများ  ပြုလုပ်ခဲ့ကြောင်း  ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

မြန်​မာ့အလင်း

                   

No comments:

Post a Comment