Latest News

Monday, May 7, 2018

မြိတ်မြို့၌ခရီးသည်တင်ယာဉ်(၁)စီး တိမ်းမှောက်မှုဖြစ်ပွား ၍(၄)ဦးဒဏ်ရာရရှိ

မြိတ်မြို့၌ခရီးသည်တင်ယာဉ်(၁)စီး တိမ်းမှောက်မှုဖြစ်ပွား ၍(၄)ဦးဒဏ်ရာရရှိ

   မြိတ်   မေ    ၇

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်  စန္ဒဝတ်ကျေးရွာ အုပ်စု မြိတ်-တနင်္သာရီပြည်ထောင်စုလမ်းမကြီးlမိုင်တိုင်အမှတ်(၉)lကွန်ပျူတာ
တက္ကသိုလ်အနီး၌ခရီးသည်တင်ယာဉ်(၁) စီးမေလ ၆ ရက်နေ့၊ ညနေ ၃ နာရီအချိန့်ခန့်က တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ(၄) ဦးဒဏ်ရာများ (မစိုးရိမ်ရ)ရရှိခဲ့ကြောင်း သိရသည်။

ဘုတ်ပြင်းမြို့မှ မြိတ်မြို့သို့ပြည်ထောင်စုလမ်းမကြီးအတိုင်းမောင်းနှင်လာသည့် "အားသစ်ဝေ"ယာဉ်လိုင်းမှ ယာဉ်မောင်းမျိုးကျော်ဦး(၂၆)နှစ်၊ ဘုရားကိုင်ရပ်lမြိတ်တောင်နယ်မြေ lမြိတ်မြို့နေသူမောင်းနှင် လာသောTNI 2J/------ ဟွန်ဒိုင်းအမျိုးအစားအပြာရောင်ခရီးသည် တင် မော်တော်ယာဉ်သည်မေ(၆)ရက်ညနေ(၃)နာရီအချိန်ခန့်ကမြိတ်မြို့နယ်lစန္ဒဝတ်ကျေးရွာအုပ်စုlကွန်ပျူတာတက္ကသိုလ်အနီးlမိုင်တိုင်အမှတ် ၉ အရောက် တွင်ကား၏အနောက်ယာဘက်ဘီးပေါက်၍ကားလမ်း၏ဝဲဘက်သို့တိမ်းမှောက်သွားခဲ့ရာ့  ယာဉ်ပေါ်တွင်လိုက်ပါလာသည့် ဦးနာဂ(ခ)ဦးအိုးရှိန် (၆၂)နှစ်ဝါတော်(၁)လl(ဘ)ဦးအောင်ပိုင် ရှစ်ခါးအော်ကျေးရွာ ကျွန်းစုမြို့နယ်တွင် ယာလက်ဖမိုးပွန်းပဲ့ဒဏ်ရာဒေါ်ချိုချိုထွေး(၆၁)နှစ် ချောင်းနောက်ပြန်ရွာ တနင်္သာရီမြို့နယ်နေသူတွင် ယာဘက်လက်နာကျင်ဒဏ်ရာ မခင်ခင်အိ(၃၃)နှစ်၊ ချောင်းနောက်ပြန်ရွာl တနင်္သာရီမြို့နယ်နေသူတွင် ဝဲဘက်လက်နာကျင်ဒဏ်ရာနှင့်ဒေါ်အိဖြူ(၃၈)နှစ်(ဘ)ဦးတင်ရှိန်lလေညာကျေးရွာlဘုတ်ပြင်းမြို့နယ်နေသူတွင်ရင်ဘတ်အောင့်နာကျင်ဒဏ်ရာစုစုပေါင်းခရီးသည် (၄)ဦးတို့ ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့သောကြောင့်မြိတ်မြို့အထွေထွေရောဂါကုဆေးရုံကြီးသို့ပို့ဆောင်၍ဆေးကုသမှုခံယူလျက်ရှိကြောင်းသိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ယာဉ်အား ပေါ့ဆစွာမောင်းနှင်ပြီး လူများအားနာကျင်ဒဏ်ရာများရရှိအောင်မောင်းနှင်သူယာဉ်မောင်း
မျိုးကျော်ဦး အားမြိတ်မြို့မရဲစခန်းမှ အမှုဖွင့်စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်းသိရသည်။

မြင့်ဦး(မြိတ်)

No comments:

Post a Comment