Latest News

Monday, May 7, 2018

ရုတ်တရက် ဦးနှောက်သွေးကြော ပေါက်ပြီး ဖာဂူဆန် အရေးပေါ် ခွဲစိတ်ကုသမှု ခံယူခဲ့ရကာ အသက်လု ကုသနေရဆဲ အခြေအနေတွင် ရှိ

ရုတ်တရက် ဦးနှောက်သွေးကြော ပေါက်ပြီး ဖာဂူဆန် အရေးပေါ် ခွဲစိတ်ကုသမှု ခံယူခဲ့ရကာ အသက်လု ကုသနေရဆဲ အခြေအနေတွင် ရှိ

မန်ချက်စတာ မေ ၆

မန်ယူအသင်း၏ ဂန္ထဝင်နည်းပြ ဆာအဲလက်စ်ဖာဂူဆန်သည် ယမန်နေ့က နေအိမ်၌ ရုတ်တရက် ဦးနှောက် သွေးကြောပေါက်ကာ သတိလစ်လဲကျသွားခြင်းကြောင့် အရေးပေါ်ခွဲစိတ်ကုသမှု ခံယူခဲ့ရကြောင်း သိရသည်။ အသက် ၇၆ နှစ်ရှိပြီဖြစ်သော ဖာဂူဆန်သည် ယမန်နေ့နံနက်ပိုင်းက ချက်ရှိုင်းယားရှိ နေအိမ်၌ ရုတ်တရက် ဦးနှောက်သွေးကြောပေါက်ကာ လဲကျသွားခဲ့ခြင်းကြောင့် မိသားစုမှ အရေးပေါ်ကားခေါ်ပြီး နီးစပ်ရာ မက္ကလက်ဖီးလ်ခရိုင်ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။

ထိုမှတစ်ဆင့် ရဲ အစောင့်အကြပ်ဖြင့် ဆဲလ်ဖို့ဒ်တော်ဝင် ဆေးရုံသို့ ပို့ဆောင်ကာ အရေးပေါ်ဦးနှောက် ခွဲစိတ်ကုသမှု ခံယူခဲ့ရကြောင်း သိရသည်။ မိသားစု၏ ပြောကြားချက်အရ ခွဲစိတ် ကုသမှုအခြေအနေမှာ အလုံးစုံပြန်လည် ကောင်းမွန်လာမည်ဟု မျှော်လင့်နေကြောင်း သိရသော်လည်း ယခုအထိ အထူးကြပ်မတ်ခန်း၌ အသက်လုကုသနေရဆဲ ဖြစ်ေ ကြာင်း သိရသည်။

ဖာဂူဆန်ဖြစ်ပွားခဲ့သော ဦးနှောက်သွေးကြောပေါက်ခြင်းမှာ ဗြိတိန်၌ လေဖြတ်သူ ၂ဝ တွင် တစ်ဦးနှုန်းဖြစ် ပွားသည့် သွေးကြောပေါက်မှုဖြစ်ကာ ထိုရောဂါလက္ခဏာမှာ ကြိုတင်ခံစားရခြင်းမရှိဘဲ ဖြစ်တတ်သည်ကများ သည်။ ဖြစ်ပွားတတ်ပုံများမှာ အလေးအပင်မခြင်း၊ ရေအိမ်မှ ရုတ်တရက်ထလိုက်ခြင်း၊ ချောင်းဆိုးခြင်း၊ ကာယပိုင်းအထူး အားထုတ်လိုက်ခြင်းများနှင့် တွဲစပ်ဖြစ်ပျက်တတ်ကြောင်း၊ ဖြစ်ပွားမှုကို ကုသရာတွင် ဦးနှောက်အတွင်း ယိုစီးနေသောသွေးများကို အမြန်ဆုံး ဖယ်ရှားကာ သွေး တိတ်စေရန် လုပ်ဆောင်ရခြင်း ဖြစ်ပြီး လူနာရှင်ဘက်မှ တုံ့ပြန်မှု အခြေအနေသာလျှင် အဓိက အရေးပါကြောင်း ဗြိတိန်အမျိုးသား ကျန်းမာ ရေးဝန်ဆောင်မှုဗဟိုမှ အ သိပေး ထုတ်ပြန်ချက်အရ သိရသည်။

ဖာဂူဆန်သည် ပြီးခဲ့သည့် သီတင်းပတ်ကုန်ကပင်ဝင်းဂါး၏ နောက်ဆုံးအကြိမ် အိုးထရက်ဖို့ဒ်ကွင်းသို့ လာရောက်ကစားသည့်ပွဲ၌ ဝင်းဂါးအား ဂုဏ်ပြုလက်ဆောင် ပေး အပ်ခဲ့သေးသည်။ ဖာဂူဆန်၏ သတင်းကို မန်ယူအသင်းက အတည်ပြုကြေညာခဲ့သော်လည်း မိသားစု၏ တောင်းဆိုမှုအရ အခြေအနေ အသေးစိတ်ကို ထုတ်ပြန်ခြင်း မပြုနိုင်ဟု ဆိုခဲ့သည်။

ဖာဂူဆန်ခွဲစိတ်ကုသမှု ခံယူရသောကြောင့် သားဖြစ်သူ ဒွန်ကက်စတာ အသင်းနည်းပြ ဒါရင်းဖာဂူဆန်သည် ယနေ့တွင် ရာသီသိမ်းပွဲအဖြစ် ဝီ ဂန်နှင့် ကစားရသည့်ပွဲကို နည်းပြခြင်း မပြုဘဲ ဖခင်အနားတွင် နေထိုင်ခဲ့သည်။ ဖာဂူဆန်ကို ဝင်းဂါး၊ ဘက်ခမ်း၊ စီရော်နယ်ဒို၊ ရွန်းနီ၊ မန်ယူအသင်းသားဟောင်းနှင့် လက်ရှိအသင်းသားများ အပါအဝင် ဘောလုံးလောကသားများစွာက အားပေးဂုဏ်ပြု စာနာစကားများကို လူမှုကွန်ရက်တွင် ရေးသား နေခဲ့ကြသည်။

MWD

No comments:

Post a Comment