Latest News

Wednesday, May 23, 2018

သိုင်းရွိုက်ရောဂါခံစားနေရတဲ့ ဂျက်လီ

သိုင်းရွိုက်ရောဂါခံစားနေရတဲ့ ဂျက်လီ

နာမည်ကျော် ကိုယ်ခံပညာရှင် မင်းသားကြီး ဂျက်လီဟာ သိုင်းရွိုက်ရောဂါ ခံစားနေရကြောင်း မကြာသေးမီက ပရိသတ်တစ်ဦးက သူ့ရဲ့ တွစ်တာစာမျက်နှာ ပေါ်ကနေတစ်ဆင့် ထုတ်ဖော်ပြောကြားလာတာဖြစ်တယ်လို့ အီးအွန်လိုင်း ဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

ပြီးခဲ့တဲ့ မေ ၁၉ ရက်မှာတော့ ဘုံကျောင်းတစ်ကျောင်းကို တက်ရောက် လာတဲ့ ဂျက်လီရဲ့ ဓာတ်ပုံကို ပရိသတ်တစ်ဦးက သူ့ရဲ့တွစ်တာစာမျက်နှာပေါ်မှာ ဖော်ပြခဲ့ပြီး မင်းသားကြီးရဲ့ သိုင်းရွိုက်ရောဂါဟာ ကျောရိုးမကြီးနဲ့ပတ်သက်တဲ့ ဝေဒနာတွေ ခံစားနေရကြောင်း ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ်။

လတ်တလောမှာ အသက် (၅၅) နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂျက်လီဟာ ယခင် ကလည်း သူဟာ သိုင်းရွိုက်မှ သိုင်းရိုဇင်းဟိုမုန်းထုတ်လုပ်မှုလွန်ကဲတဲ့ ဝေဒနာ ခံစားနေရပြီး အဆိုပါရောဂါဟာ ခန္ဓာကိုယ်အလေးချိန်ကို အကျိုးသက်ရောက်မှု ရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့ဖူးပါတယ်။ ပြီးခဲ့တဲ့ ၂ဝ၁ဝ ပြည့်နှစ်အတွင်း ရောဂါအကြောင်း ပထမဆုံးအကြိမ် ထုတ်ဖော်ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အေးပြည့်(​ကြေးမှုံ)

No comments:

Post a Comment