Latest News

Wednesday, May 23, 2018

မန္တလေးမြို့ ဓာတ်အားခွဲရုံ ထရန်စဖော်မာ မီးလောင်

မန္တလေးမြို့ ဓာတ်အားခွဲရုံ ထရန်စဖော်မာ မီးလောင်

မန္တလေး မေ ၂၃

မန္တလေးမြို့ အောင်မြေသာစံမြို့နယ် အိုးဘိုရွှေကျင်   ဓာတ်အားခွဲရုံရှိ ၂ဝဝဝဝ ကေဗွီ  ထရန်စဖော်မာတစ်လုံး မှ မေ ၂၃ ရက် ညနေ ၃ နာရီတွင်  မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း  သိရ သည်။

အဆိုပါ    မီးလောင်ရာသို့ မီးငြှိမ်းသတ်ယာဉ် ၃ဝ ၊  အုပ်ချုပ်မှု ယာဉ် သုံးစီးဖြင့်      သန္ဓေမီးသတ် တပ်ဖွဲ့ဝင် ၁ဝဝ ၊   အရန်မီးသတ် တပ်ဖွဲ့ဝင် ၂ဝဝ တို့က  သွားရောက် ငြှိမ်းသတ်ခဲ့ရာ ညနေ ၃ နာရီ ၂ဝ မိနစ်တွင် ငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

“Transfer Juter Force ဖြစ်လို့Boshionပွင့်ပြီး မီးပွားထွက်ရာက စတင်လောင်ကျွမ်းတာပါ၊ လျှပ်စစ်မီး ပြန်လည်ရရှိဖို့ လူအင်အားသုံးပြီး အမြန်ဆုံးပြုပြင်သွားမှာပါ''ဟု အောင် မြေသာစံမြို့နယ် လျှပ်စစ်မန်နေဂျာ ဦးခင်မောင်ဝင်းက ပြောသည်။

အဆိုပါ    မီးလောင်မှုကြောင့် ထရန်စဖော်မာတစ်လုံး ပျက်စီးသွားပြီး ဆုံးရှုံးမှုတန်ဖိုး ငွေကျပ် သိန်း ၅ဝ ခန့်မှန်းထားကြောင်း အောင်မြေသာစံ မြို့နယ် မီးသတ်ဦးစီးမှူး ဦးထက်အောင် က ပြောသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)

No comments:

Post a Comment