Latest News

Wednesday, May 2, 2018

မိုးကောင်းမြို့နယ်တွင် အမှတ်(၅၈)အစုန် မြစ်ကြီးနား-မန္တလေး အမြန်ရထားနှင့် ကုန်တင်ကားတိုက်မိ

မိုးကောင်းမြို့နယ်တွင် အမှတ်(၅၈)အစုန် မြစ်ကြီးနား-မန္တလေး အမြန်ရထားနှင့် ကုန်တင်ကားတိုက်မိ

မိုးကောင်း   မေ   ၂

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ဆားမှော်ကျေးရွာတွင် မေ၁ရက် ည၆နာရီ၄၅မိနစ်က တရားမဝင်မီးရထားသံလမ်းကူးအား ဖြတ်ကျော် မောင်းနှင်လာသည့် ကုန်တင်ကားနှင့် အမှတ်(၅၈)အစုန် မြစ်ကြီးနား-မန္တလေး အမြန်ရထား တိုက်မိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ စက်ခေါင်းမောင်း ဦးရဲရဲထွန်း၊ရထားထိန်း ဦးညီညီထွန်း လိုက်ပါလျက် မြစ်ကြီးနားမှထွက်ခွာလာသည့် စက်ခေါင်းအမှတ် DF-1350 အမှတ်(၅၈)အစုန် မြစ်ကြီးနား-မန္တလေး အမြန်ရထားသည် ဆားမှော် ဘူတာမှ တောင်နီဘူတာဘက်သို့အထွက် တရားမဝင်မီးရထား သံလမ်းကူးနေရာအရောက်တွင် မြစ်ကြီးနားမြို့၊ကြက်ပေါင်ခြံရပ်ကွက်နေ ယာဉ်မောင်းဦးဇော်နိုင်လင်း(၃၁)နှစ် မောင်းနှင်လာသည့် YGN/4F(----)နံပတ်ပါ ၁၂ဘီးကုန်တင်ယာဉ်(ကုန်မပါ)နှင့် တိုက်မိခဲ့သဖြင့် မော်တော်ယာဉ်၏ ယာဘက်ဘီးအပေါ်ဖက်ချိုင့်၊နောက်ဘီးဝင်ရိုး ကောက်ကာ နောက်ဘန်ဘာပြုတ်ထွက်ပျက်စီးပြီး မီးရထားစက်ခေါင်း အနည်းငယ် ပျက်စီးခဲ့သည်။

ဖြစ်စဉ်ကြောင့် မီးရထားစီးခရီးသည်များနှင့် မော်တော်ယာဉ်မောင်းနှင်သူ ထိခိုက်ဒါဏ်ရာမရရှိသော်လည်း မီးရထားမှာတစ်နာရီခန့်ရပ်တန့် ထားရကာ ည၇နာရီ၄၅မိနစ်တွင် မန္တလေးဘက်သို့ဆက်လက်ထွက်ခွာ သွားခဲ့ကြောင်းနှင့် ယာဉ်မောင်းဇော်နိုင်လင်းအား မိုးကောင်းမြို့မ ရဲစခန်းတွင် မီးရထားပို့ဆောင်ရေးအက်ဥပဒေဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သိရသည်။

ဝင်းနိုင် ကချင်မြေ

No comments:

Post a Comment