Latest News

Tuesday, May 1, 2018

သတင်းစာ ရှင်းလင်းပွဲ လုပ်ပြီ၊ ဗြိတိန် သံအမတ် မှ စစ်တပ်ကို စိန်ခေါ်

သတင်းစာ ရှင်းလင်းပွဲ လုပ်ပြီ၊ ဗြိတိန် သံအမတ် မှ စစ်တပ်ကို စိန်ခေါ်


လုံခြုံရေး ကောင်စီ အမြဲတမ်း ငါး နိုင်ငံ နှင့် အလှည့်ကျ အဖွဲ့ဝင် ဆယ်နိုင်ငံတို့မှ ကိုယ်စားလှယ်များသည် ယမန်နေ့က ရခိုင်ပြည်နယ်သို့ ကြောက်ကြောက်နှင့်ပင် တပ်မတော် ရဟတ်ယာဉ်များကို စီးပြီး မောင်းတော့ မြို့နယ်သို့ မနက် ၁၁ နာရီမှာ စတင် ထွက်ခွာလာခဲ့ကြပါတယ်။

အခင်း ဖြစ်ပွားရာ ဒေသ များကို လှည့်လည် ကြည့်ရှု့ပြီး နောက် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရာမှာ ဥက္ကဌ ဖြစ်သူ ပီရူး သံအမတ်ကြီးမှ အခုလို ပြောကြား သွားပါတယ်။

မြန်မာ အစိုးရ အနေဖြင့် ဒုက္ခသည်များ နေရပ် ပြန်ရေး သဘောတူညီချက် အတွက် ဒီထက် ပို၍ ကောင်းမွန်အောင် ပြင်ဆင်ထားရန် လိုကြောင်း၊ ဒုက္ခသည်များ လက်မခံနိုင်သည့် အခြေအနေများ နှင့် ကန့်သတ်ထားမှုများ ရှိနေကြောင်း၊ ထို့အတွက် ၎င်းတို့ အနေဖြင့် ဂုဏ်သိက္ခာ ရှိရှိ လုံခြုံစိတ်ချစွာ ဖြင့် မိမိသဘော အလျောက် ပြန်လာဖို့ လုပ်စရာ အများအပြား ကျန်ရှိနေသေးကြောင်း  ပြောဆိုသွားပါတယ်။

ထို့အပြင် UNHCR, UNDP ကဲ့သို့ သော ကုလ အဖွဲ့အစည်းများ မြန်မာ အစိုးရနှင့် နားလည်မှု စာချွန်လွှာ များ လက်မှတ်ထိုးရန် စိုင်းပြင်းနေသည်ကို မိမိတို့ သိရကြောင်း၊ ဤသည်ကို အမြန် အကောင်အထည် ဖေါ်တာ မြင်ချင်တယ်လို့လည်း ဆိုပါတယ်။

ဗြိတိသျှ သံအမတ် ဖြစ်သူ ကရင် ပီရတ်စ် က လုံခြုံရေး ကောင်စီ အနေဖြင့် ဘင်္ဂလားဒေ့ရှ် နှင့် မြန်မာ အစိုးရ တို့အား ကူညီရန် အဆင်သင့် ရှိကြောင်း၊ သို့မှသာ မိုးရာသီအတွင်း ဒုက္ခသည် စခန်းများ ရေနစ်မြုပ်မှုများ သက်သာအောင် ဆောင်ရွက်နိုင်ကြမှာ ဖြစ်ကြောင်း ပြောသွားခဲ့ပြန်ပါတယ်။

နောက်ထပ် သူမ မှ ထပ်ပြောသွားတဲ့ အဓိက အကြောင်းကတော့ နယ်မြေ ရှင်းလင်းမှုများ တွင် ရာဇ၀တ်မှု ကျုးလွန်သူများ အား မြန်မာ အနေနဲ့ “သင့်တင့် လျှောက်ပါတ်တဲ့ စုံစမ်း စစ်ဆေးမှုများ” ပြုလုပ်ဖို့ လိုတယ်လို့ ဆိုပါတယ်။ ဒီနေရာမှာ တာဝန်ရှိသူတွေကို အရေးယူဖို့က နည်းလမ်း နှစ်ခုပဲ ရှိကြောင်း၊ တခုက ICC မှ စုံစမ်းရမည်လော၊ မြန်မာ မှ မိမိတို့ ဖာသာ အများ ယုံကြည်နိုင်လောက်သည့် စုံစမ်း စစ်ဆေးမှုများ ပြုလုပ်မည်လော ဆိုတာပဲ ဖြစ်ကြောင်း ထည့်သွင်း ပြောဆိုသွားခဲ့ပါတယ်။

ထို့သို့ စုံစမ်း စစ်ဆေးရာတွင် ကုလသမဂ္ဂ အနေဖြင့် လိုအပ်သော သက်သေခံ အထောက်အထား များ ရရှိရေးတွင် အကူအညီ ပေးနိုင်တယ်လို့ မစ္စက် ပီရတ်က စိန်ခေါ်လိုက်ပါတယ်။ ကုလ အနေနဲ့ ယခင် အီရတ် တွင် IS များ ကျုးလွန်ခဲ့မှုများအား အလားတူ သက်သေ အထောက်အထားများရအောင် ကူညီခဲ့ဖူးတဲ့ အစဉ်အလာ ရှိပါတယ်။

ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကတော့ အဓမ္မပြု ကျင်မှုများသည် မိမိတို့ ဘာသာ ယဉ်ကျေးမှုအရ ခွင့်ပြုထားခြင်း မရှိ၍ လက်ခံနိုင်ဖွယ် မရှိသဖြင့် အဆိုပါ ပြစ်မှု များ အတွက် “ယုံကြည်ရသော အထောက်အထား” များ ရှိပါက အရေးယူမယ်လို့ ပြောကြားနေတဲ့ အတွက် ဖြစ်ပါတယ်။

အမေရိကန် အရာရှိများက လည်း အရေးယူရန် လုံလောက်သည့် သက်သေ အထောက်အထားများ ရှာဖွေ ဖေါ်ထုတ်နိုင်ခဲ့ကြောင်း မကြာမီက ထုတ်ဖေါ်ပြောဆိုခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ် တွင် ရောက်ရှိနေကြသော ကိုယ်ဝန်လွယ်ထားရသည့် အမျိုးသမီးများ ယခု ရက်သတ္တပါတ်အတွင်း ကလေး များ စတင်မွေးဖွားလာကြတော့မယ်လို့ လည်း သတင်းများ က ဆိုပါတယ်။

အချုပ်အားဖြင့် ဆိုက ၎င်းတို့အနေဖြင့် လုံခြုံ ဘေးကင်းစွာ ပြန်လာရေး ကို သာ အမြန် လုပ်ဖို့ တောင်းဆို ပြောသွားခဲ့ကြပါတယ်။

ဘင်္ဂလားဒေ့ရှ် ဖက်မှ စီစစ်နိုင်ရန်  ပုံစံ ၈၀၀၀ သာ မြန်မာဖက်ကို လွှဲပြောင်း ပေးနိုင်ဆဲပဲ ရှိပါသေးတယ်။

နောက်ထပ် သံတမန် တဦးကတော့ ဒီနှုန်း အတိုင်းဆိုရင် နှစ် နှစ် နဲ့ သုံးနှစ် အကြာ ထိတောင် ပြီးဆုံးဖွယ် မရှိဖူး လို့ ဆိုပါတယ်။

ရုရှား သံအမတ်ကတော့ မြန်မာ အနေနဲ့ မိမိတို့ ဖာသာ ကိုင်တွယ်သွားရန် လိုလားတယ်လို့ ပြောဆိုနေတဲ့ အတွက် ကုလသမဂ္ဂ ပါဝင်ပါတ်သက်မှု ကို သတိကြီးစွာ ထားသင့်ကြောင်း ပြောဆိုခဲ့ပါတယ်။

မြန်မာဖက်ကလည်း ထိုကိစ္စကို အာမခံချက် တစုံတရာ ပေးတာ မတွေ့ခဲ့ရပါဖူး၊ အဆိုပါ ဒုက္ခသည် များ ထဲမှ သောင်းကျန်းသူ များ အဖွဲ့ဖွဲ့ကာ တိုက်ခိုက် လာခဲ့ကြတာ ဖြစ်သဖြင့် ထိုကဲ့သို့ လုပ်ရပ်များက အချိန်မရွေး ပြန်ဖြစ်နိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည် မှ သတိပေး ပြောကြားခဲ့ပြီး ဖြစ်ပါတယ်။

၎င်းတို့ နှင့် တနင်္လာနေ့က တွေ့ဆုံခဲ့ရသော ပြည်သူ့လွှတ်တော် အမတ် နှင့် ရခိုင် အကြံပေး ဘုတ် အဖွဲ့ဝင် ဒေါ်ခင်ညိုမှ ဝေဖန် ပြောကြားခဲ့ရာတွင် မြန်မာ အရာရှိများ ၏ ပြောဆိုချက်များ ကို နားထောင်ပေးလိုစိတ် မရှိပဲ ၎င်းတို့ တဖက်မှ ကြားလာခဲ့သမျ ကို သာ မူတည်ပြီး ပြောဆိုနေကြတယ်လို အောက်ပါအတိုင်း ပြောပြခဲ့တယ်လို့  ဧရာဝတီ သတင်းစာမှ အခုလို ဖေါ်ပြထားပါတယ်။

“ကျမတို့ ပြောသမျှ ကို မယုံဖူးဆိုတာ သူတို့ မျက်နှာ မှာ အထင်းသား ပေါ်လွင်နေပါတယ်။ ကျမတို့ ပြောတာကို ဂရုတစိုက် နားထောင်လိုစိတ် မရှိကြပဲ အခြား တဖက်က ပြောလိုက်တဲ့ စကားတွေ ကို ယုံနေကြပါတယ်။ ပြောသမျှတွေက လည်း လူသတ်တာတွေ၊ အဓမ္မကျင့်တာတွေနဲ့၊ ကလေး တွေကို အရှင်လတ်လတ် မီးပုံထဲ ပြစ်ထဲ့တယ် ဆိုတာတွေပါပဲ”

ရခိုင် ပြည်နယ်နေ ဒေသခံ တိုင်းရင်းသားများ အသတ်ခံရတာ ကို ပြောပြရာမှာ ဓါတ်ပုံ ပြနိုင်လား ဆိုပြီး ပါယ်ချခဲ့တယ်လို့လည်း ဆိုပါတယ်။

သို့သော် ရခိုင် ပြည်နယ် အစိုးရ ပြောခွင့်ရ ဦးတင်မောင်ဆွေကတော့ ယခုလို ခရီးစဉ် အပြီး အမှန်ကို သိမြင်သွားတဲ့ အတွက် ၎င်းတို့ရဲ့ သဘောထား အနည်းငယ် ပြောင်းလဲဖွယ် ရှိနေကြောင်း ပြောဆိုခဲ့ပါတယ်။

အဖွဲ့ဝင်များ က ရခိုင် အမျိုးသမီး ကွန်ယက် မှ ဥက္ကဌ ဖြစ်သူ ဒေါ်ညိုအေး နဲ့ ၁၅ မိနစ်ကြာ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

ထိုသို့ မေးမြန်းသည့် အထဲတွင် ရခိုင် နှင့် ဘင်္ဂါလီများ အဘယ်ကြောင့် တဦး ကို တဦး မုန်းတီးနေကြရလဲ ဆိုတာ ပါတယ်လို့ သိရပါတယ်။

ဒေါ်ညိုအေးမှ ရခိုင်လူမျိုးများ အနေနဲ့ ၎င်းတို့နှင့် အမြဲလို သတိထား ဆက်ဆံနေရပြီး ယခုထိလည်း ဆက်ဆံနေမှုများ ရှိနေဆဲ ဖြစ်ပြီး အမုန်းတရားများ ပိုမိုကြီးထွားလာခဲ့ရသည့် အဓိက အကြောင်းရင်းသည် နိုင်ငံတကာ မီဒီယာများမှ သတင်းမှားများ ထုတ်လွှင့် ဖြန့်ချီနေ၍ ဖြစ်တယ်လို့ ပြန်လည် ပြောဆိုခဲ့ပါတယ်။

ဒေါ်ညိုအေးမှ ဘင်္ဂလား ဒုက္ခသည် စခန်းများတွင် တွေ့ခဲ့ရသော  လူအားလုံးသည် မြန်မာပြည်မှ ထွက်ပြေးခဲ့သူများ ခြည်း မဟုတ်ပဲ ဘင်္ဂလား နိုင်ငံသားများလည်း ၀င်ရောက်နေထိုင်နေကြတာ ကို  သိရန် လိုကြောင်းလည်း ပြောပြခဲ့တယ်လို့ RFA မှာ ဖေါ်ပြထားပါတယ်။

မေလ အတွင်း လုံခြုံရေးကောင်စီ ဥက္ကဌ ရာထူး အား  ပိုလန် သံအမတ် ဖြစ်သူ  ဂျိုနား ၀င်နက်ကာ က လွှဲပြောင်းရယူဖို့ ရှိနေပါတယ်။

အဆိုပါ ဥက္ကဌ အသစ်အဖို့ ပြစ်မှု ကျုးလွန်သူများ အား ၀ိုင်းဝန်း တောင်းဆိုနေကြသလို နိုင်ငံတကာ ရာဇ၀တ်မှု ဆိုင်ရာ တရားရုံး ကို လွှဲပြောင်း ပေးသင့် မပေးသင့် ဆွေးနွေးမှုများကို တာဝန် ယူရတော့မှာ ဖြစ်ပါတယ်။

လှစိုး​ဝေ

No comments:

Post a Comment