Latest News

Wednesday, May 2, 2018

လူရိုက်သတ်ပြီး ထွက်ပြေးတိမ်းရှောင်နေသူ တရားခံပြေးအား အခင်းဖြစ်ပြီး၁၂နှစ်ကြာချိန် ခရိုင်မှု/နှိမ်အဖွဲ့မှ ဆက်သွယ်ဖမ်းဆီးနိုင်ခဲ့

လူရိုက်သတ်ပြီး ထွက်ပြေးတိမ်းရှောင်နေသူ တရားခံပြေးအား အခင်းဖြစ်ပြီး၁၂နှစ်ကြာချိန် ခရိုင်မှု/နှိမ်အဖွဲ့မှ ဆက်သွယ်ဖမ်းဆီးနိုင်ခဲ့


ကသာ   မေ   ၂

လွန်ခဲ့သော(၁၂)နှစ် ခန့်၂၃.၂.၀၆ ရက်နေ့တွင် ကသာမြို့နယ် အင်းရွာကျေးရွာအုပ်စု အလယ်ရပ်တွင် ဆိုက္ကားနင်းသူ မောင်နန္ဒ
(၂၉ )နှစ်အားလမ်းမလယ်တွင် တုတ်နှင့်ရိုက်သတ်ကာထွက်ပြေး သွားသည့် အင်းရွာနယ်မြေရဲစန်း(ပ)၂၅/၀၆ ရာဇသတ်ကြီးပုဒ်မ-၃၀၂ အမှုမှ အလိုရှိနေသူ တရားခံပြေး သက်ချိုအေး(ခ)ချိုအေး(ခ)ချိုငြိမ်း (ခ)အရှည်ကြီး အားကသာခရိုင်မှုခင်းနှိမ်နှင်းရေးအဖွဲ့မှ ရဲအုပ် အောင်အောင်သန်း ရဲတကကစိုးသန်း ရဲဒုတတအောင်နိုင်လင်းတို့မှ လိုက်လံစုံစမ်းခဲ့ရာ တရားခံပြေးသည် စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့နယ် မူးကမ်းကျေးရွာတွင်  တိမ်းရှောင်ပြီး အခြေကျ နေထိုင်လျှက်ရှိကြောင်း သိရှိရသဖြင့် ကသာခရိုင် မှု/နှိမ်အဖွဲ့မှ ဒီပဲယင်းမြို့မရဲစခန်းသို့တရားခံပြေး၏ အချက်လက်များ ပေးပို့ ဆက်သွယ်၍ကူညီစုံစမ်းဖမ်းဆီးပေးရန် အကြောင်းကြားခဲ့သဖြင့် ဒီပဲယင်းမြို့နယ် မူးကမ်းနယ်မြေရဲကင်းစခန်းမှ(၂၉.၄.၂၀၁၈) ရက်နေ့တွင်ဖမ်းဆီးနိုင်ခဲ့ပြီး တရားခံအား အင်းရွာနယ်မြေရဲစခန်း သို့လွှဲပြောင်းကာ အင်းရွာနယ်မြေရဲစခန်းမှူး ရဲအုပ် အောင်သန်းထွန်းက (၃၀.၅.၂၀၁၈)ရက်နေ့တွင် ကသာခရိုင်ရားရုံးသို့တရားစွဲတင်ပို့ ထားကြောင်း သိရှိရသည်။

ကိုမင်း(အင်းတော်)

No comments:

Post a Comment