Latest News

Thursday, May 17, 2018

၂ဝ၁၈ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ တိုက်ရိုက်ထုတ်လွှင့်မှု နိုင်ငံပေါင်း ၂ဝဝ တွင် မြန်မာနိုင်ငံပါဝင်လာ

၂ဝ၁၈ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ တိုက်ရိုက်ထုတ်လွှင့်မှု
နိုင်ငံပေါင်း ၂ဝဝ တွင် မြန်မာနိုင်ငံပါဝင်လာ

ရန်ကုန်   မေ   ၁၇

ရုရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရသည့်  FIFA World Cup 2018 ပြိုင်ပွဲတွင် ကမ္ဘာ့နိုင်ငံပေါင်း ၂ဝဝ မှ တိုက်ရိုက် ထုတ်လွှင့်ခွင့်ရမည်ဖြစ်ပြီး   ယင်းတိုက်ရိုက်ထုတ်လွှင့်ခွင့်ရသော   နိုင်ငံပေါင်း ၂ဝဝ တွင်  မြန်မာနိုင်ငံအနေဖြင့်  ပထမဆုံးအကြိမ် တိုက်ရိုက်ထုတ်လွှင့်ခွင့်ရမည်ဖြစ် ကြောင်း သိရသည်။

'' ဒီနှစ်       ကျွန်တော်တို့အနေနဲ့ ကမ္ဘာ့ဖလားကို တိုက်ရိုက်ထုတ်လွှင့်ခွင့် ရခဲ့တာကတော့     ဖီဖာရဲ့ ခွင့်ပြုချက်နဲ့ တရားဝင်ရရှိခဲ့တာဖြစ်ပါတယ်၊   ဖွင့်ပွဲ၊ ပိတ်ပွဲ   အားလုံးအပါအဝင်  ပြိုင်ပွဲ ၆၄ ပွဲလုံးကို   တိုက်ရိုက်ပြသသွားမှာပါ၊    ဒီ ၂ဝ၁၈   ခုနှစ်   ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ ပတ်သက်လို့   SkyNet   ရုပ်သံလိုင်း အနေနဲ့   အခုလာမယ့်   မေ ၂၉  ရက် ကတည်းက  SkyNet   Sports 6 ကို SkyNet  World Cup  ရုပ်သံလိုင်း အဖြစ်ပြောင်းပြီး ကမ္ဘာ့ဖလားနဲ့ ဆိုင်ရာ အချက်အလက်တွေ ထုတ်လွှင့်ပြသသွား မှာ ဖြစ်ပါတယ်'' ဟု ရွှေသံလွင်မီဒီယာ လီမိတက်မှ ဒါရိုက်တာ သိန်းသန်းဦးက ယနေ့   မွန်းလွဲ   ၂ နာရီက   စကိုင်း စတားဟိုတယ်၌ ကျင်းပသော  မီဒီယာ ရှင်းလင်းပွဲတွင် ပြောသည်။

မြန်မာနိုင်ငံအနေဖြင့်      ယင်း တိုက်ရိုက်ထုတ်လွှင့်မှုကို   SkyNet  ရုပ်သံလိုင်းမှ ထုတ်လွှင့်သွားမည်ဖြစ်ပြီး SkyNet   Sports  6 ၊    SkyNet Sports HD  နှင့ှ်ု SkyNet Sports 1  ရုပ်သံလိုင်းများမှ တိုက်ရိုက်ထုတ်လွှင့် သွားမည်ဖြစ်သည်။ အဆိုပါ ရုပ်သံလိုင်း များမှ FIFA World Cup 2018  ပြိုင်ပွဲပေါင်း ၆၄ ပွဲ ထုတ်လွှင့်သွားမည်ဖြစ် ပြီး ယင်းထုတ်လွှင့်မှုများကို Ooredoo Myanmar က ပူးပေါင်းသွားမည်ဖြစ် သည်။ Ooredoo Myanmar အနေဖြင့် ဆင်းကတ်အသုံးပြုသူတိုင်း မိုဘိုင်းလ် ဖုန်းမှ တိုက်ရိုက်ကြည့်ရှုနိုင်မည်ဖြစ် သည်။  ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကို မိုဘိုင်းလ် ဖုန်းဖြင့်    တိုက်ရိုက်ကြည့်ရှုရန်     My Ooredoo App သာလိုအပ်ပြီး အူရီဒူး ၏ အမြင့်ဆုံး 4Gနှင့် 3Gကွန်ရက်ကို အသုံးပြုပြီး      ဝါသနာရှင်များအနေဖြင့် မိမိကိုင်ဆောင်သောဖုန်းမှ  Google Play Store၊ Apple App Store (သို့မဟုတ်) * 565#  သို့ ဖုန်းခေါ်ဆိုပြီး  My Ooredoo Appကို ဒေါင်းလုပ်ရယူ ကာ  ထည့်သွင်း  ကြည့်ရှုနိုင်မည်ဖြစ် သည်။

''အခုလို ဘောလုံးဝါသနာရှင်ပြည်သူ အများစု    စိတ်ဝင်စားတဲ့    ကမ္ဘာ့ဖလား ပြိုင်ပွဲတွေ၊  အရှေ့တောင်အာရှ   အား ကစားပြိုင်ပွဲတွေကို တကယ်တော့ အခမဲ့ ရုပ်သံလိုင်းတွေက ပြသပေးဖို့ကောင်း ပါတယ်၊ ဘာလို့လဲဆိုတော့ ကမ္ဘာ့နိုင်ငံ အများစုမှာလည်း      အခမဲ့ရုပ်သံလိုင်း တွေက ကြည့်ရှုခွင့်ရကြသလို ဒီမှာလည်း အဲဒီလိုဖြစ်သင့်ပါတယ်၊ တချို့နိုင်ငံတွေ မှာဆို  လမ်းဘေးဘုတ်တွေမှာတောင် လမ်းသွား၊ လမ်းလာတွေ ကြည့်ရှုနိုင်ဖို့ ရည်ရွယ်ပြီး လုပ်ပေးထားတာတွေရှိတယ်၊ ဒီမှာက ခုချိန်ထိ လူတိုင်းကြည့်ရှုနိုင်တဲ့ Free to Air ရုပ်သံလိုင်းတွေက မပြသ နိုင်သေးဘူး'' ဟု   ဘောလုံးဝါသနာရှင် ပြည်သူတစ်ဦးဖြစ်သူ   ဦးမြင့်သောင်း လွင်က ပြောသည်။

ရုရှားနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံ ကျင်းပမည့် ကမ္ဘာ့ဖလား ၂ဝ၁၈ ဘောလုံး ပြိုင်ပွဲသည်   (၂၁)  ကြိမ်မြောက်ဖြစ်ပြီး လာမည့်  ဇွန်  ၁၄ ရက်မှ  ဇူလိုင် ၁၅ ရက် အထိ   ရုရှားနိုင်ငံ   မြို့ပေါင်း ၁၁ မြို့ရှိ အားကစားကွင်း ၁၂ ကွင်း၌ တစ်လတိတိ ကျင်းပသွားမည်ဖြစ်သည်။ က္ဘာ့နိုင်ငံ များမှ ခြေစစ်ပွဲအောင်  အသင်း ၃၂ သင်း ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး ယခုနှစ်တွင် မြန်မာနိုင်ငံအနေဖြင့် ယှဉ်ပြိုင်သည့် ပွဲတိုင်းကို   ည ၈ နာရီနှင့်   ၁၂ နာရီ အတွင်း  တိုက်ရိုက်ကြည့်ရှုခွင့်ရရှိမည် ဖြစ်ကြောင်း သိရသည်။

မောင်စိန်လွင် (မြန်မာ့အလင်း)

No comments:

Post a Comment