မူဆယ် မေ ၁၇
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် ကွတ်ခိုင်မြို့နှင့် မြို့နယ်အတွင်းရှိ ကျေးရွာ များတွင် မြန်မာ့တပ်မတော်နှင့် TNLA လက်နက်ကိုင်အဖွဲ့တို့ ထိတွေ့ပစ်ခတ် မှုများ ဖြစ်ပွားလျက်ရှိကြောင်း သိရ သည်။
ပြန်လည်ဆုတ်ခွာ
မေ ၁၆ ရက်၌ ကွတ်ခိုင်မြို့နယ် လော့ခွမ်းကျေးရွာနှင့် ဟိုမောကျေးရွာ အကြားတွင် နမ့်ဖတ်ကာအခြေစိုက် တပ်မ နှင့် TNLA လက်နက်ကိုင် တပ်ဖွဲ့ (စိစစ်ဆဲ)တို့ နံနက် ၆ နာရီမှ ၆နာရီ မိနစ် ၃ဝ အထိ ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယင်းနေ့ ည ၈ နာရီ မိနစ် ၄ဝ တွင်ပင် ကွတ်ခိုင်မြို့၌ TNLA လက်နက်ကိုင်တပ်ဖွဲ့ (စိစစ်ဆဲ)မှ လက်နက်ကြီးတစ်လုံး ပစ်ခတ်ခဲ့ ကြောင်း၊ ဆက်လက်ပြီး ကွတ်ခိုင်မြို့မှ မူဆယ်မြို့အထွက် OHCတိုးဂိတ်အနီး မော်ဟစ်ရွာဘေးရှိ ယူကလစ်တောမှ 40Mဖြင့် ပစ်ရာ ထောက်/ ပို့တပ် အတွင်း ကျရောက်ပေါက်ကွဲပြီး လူ၊ အဆောက်အအုံနှင့် တိရ္ဆာန်များ တစ်စုံတစ်ရာ ထိခိုက်မှုမရှိကြောင်း၊ ဆက်လက်ပြီး မေ ၁၇ ရက် နံနက် ၄ နာရီက ကွတ်ခိုင်မြို့နယ် တာမိုးညဲ၏ မြောက်ဘက် ၁၇ မိုင်ခန့်အကွာ တက္ကနိုင်းကျေးရွာတွင် နယ်မြေခံတပ် မှ စခန်းအား လက်နက်ကိုင်အဖွဲ့ (စိစစ်ဆဲ) တို့က လက်နက်ကြီး၊ လက်နက် ငယ်တို့ဖြင့် လာရောက်ပစ်ခတ်ခဲ့သဖြင့် နယ်မြေခံတပ်မှ ပြန်လည်တုံ့ပြန် ပစ်ခတ်ခဲ့ရာ နံနက် ၆ နာရီခန့်တွင် ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း သိရ သည်။
ဒဏ်ရာများရရှိမှု မရှိ
အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုများ ကြောင့် အရပ်သားပြည်သူများ ထိခိုက် ဒဏ်ရာများရရှိမှု မရှိကြောင်း သိရ သည်။
ခရိုင် (ပြန်/ဆက်)
No comments:
Post a Comment