ခန္တီး ကျောက်စိမ်းမှော်တွင် လက်လုပ်လက်စားလုပ်ကွက်များ ချပေးရန် လျှောက်လွှာစခေါ်
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ် နန့်စလင်းချောင်းဖျားမှော်အတွင်း လက်လုပ်လက်စားကျောက်မျက်ရတနာတူးဖော်ထုတ်လုပ်ခြင်း ကို ချထားပေးရန် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လက်လုပ်လက်စား လုပ်ကွက် များစိစစ်ချထားရေးအဖွဲ့မှ လျောက်လွှာခေါ်ယူထားကြောင်း သတင်းရရှိသည်။
လျောက်လွှာများကိုခန္တီးမြို့ နှင့်မုံရွာမြို့တို့ရှိ ပြည်သူ့ဝန်ဆောင်မှုရုးံ (OSS)များတွင် မေလ ၂၈ မှ ဇွန်လ ၂၈ ရက်အထိ မြန်မာ့ကျောက်မျက်ရတနာ ဥပဒေနှင့်အညီ မှတ်ပုံတင်ပြီး ထုတ်ယူနိုင်ကြောင်း သိရသည်။
" လျှောက်တဲ့သူက ရတနာနယ်မြေ ၀င်ခွင့် အိုင်ဒီကတ် မိတ္တူပါတင်ပြရမယ်၊ လောလောဆယ်တော့ နန့်စလင်းချောင်း မှော်မှာပဲ လုပ်ကွက် ၃၀၃ ကွက် ဖော်ထားတယ်၊ထပ်တိုးလာရင် ထပ်ဖော်ရမှာ၊အဲဒီနေရာတွေက ဘူမိဗေဒဓာတ်သတ္ထုရှာဖွေရေးကလည်း ကွင်းဆင်းကြည့်ပြီးသွားပြီ၊ ကျောက်မထွက်နိုင်တဲ့နေရာတော့ မဟုတ်ဘူး၊မုံရွာ OSS ရုးံမှာ လျှောက်လွှာတော့ဝယ်လို့ရတယ်၊ တင်တာတော့ ခန္တီးရုးံမှာ တင်ရမှာ၊တင်ဒါဖွင့်တာကို တော့ အဖွဲ့ခေါင်ဆောင် စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်း ၀န်ကြီး ဦးကမ်ဇာမုံ လာမှာ "ဟု ခန္တီးမြို့နယ် အထွေအထွေအုပ်ချုပ်ရေးမှူးရုးံ အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဆင့် ကပြောသည်။
ခန္တီးရတနာမြေတည်ငြိမ်ရေးအတွက် ယမန်နှစ်က စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ မူဝါဒလေးချက် ကိုချမှတ်အကောင်အထည်ဖော်စဉ် ရေမဆေးသမားများနှင့် ကုမ္ပဏီတစ်ခုမှ လုံခြုံရေး ရဲတပ်ဖွဲ့နှင့် ရုန်းရင်းဆန်ခတ်ဖြစ်ကာ ရေမဆေးသမား သုးံဦး သေဆုးံခဲ့သည်။
ယင်းနောက် ခန္တီး ရတနာနယ်မြေ ၀င်ခွင့်ကတ်များခွဲခြား ထုတ်ပေးခြင်း၊ ရေမဆေးသမားများတဲများကိုသီးသန့်နေရာများ သတ်မှတ်ချထားပေးခြင်းများ လုပ်ဆောင်ခဲ့ပြီးနောက် ယခုကဲ့သို့ တစ်ပိုင်တစ်နိုင်လုပ်ကွက်များ ချထားပေးခြင်းဖြစ်သည်။
၎င်းခေါ်ယူထားသောလုပ်ကွက်များကို ခန္တီးရတနာနယ်မြေတွင် ကျောက်တူးဖော်နေသော ကုမ္ပဏီများ၏ မန်နေဂျာ၊ဒါရိုတ်တာများ လျောက်ထားခွင့်မပြုဘဲ ကြမ်းခင်းဈေးမှာ ကျပ်ငါးသိန်းဖြစ်ကြောင်း သိရသည်။လျှောက်ထားသူသည် လျှောက်လွှာသုးံစောင်ဖြင့် လုပ်ကွက် သုးံကွက်ထိ လျှောက်ထားနိုင်သော်လည်း တစ်ကွက်သာ ချပေးမည်ဖြစ်ပြီး လုပ်ကွက် အသစ် သက်တမ်း ကာလမှာတစ်နှစ်ဖြစ်သည်။
၎င်း အိတ်ပိတ်တင်ဒါများကို ဇူလိုင် ၁၀ ရက်နေ့တွင် ခန္တီးခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုးံတွင် ဖွင့်လှစ်မည်ဖြစ်ပြီး အသေးစိတ်ကို ခန္တီးခရိုင်အုပ်ချုပ်ရေးမှူရုးံ၊မြို့နယ်အုပ်ချုပ်ရေးမှူးရုးံ၊ကျောက်စိမ်းတူးဖော်ရေးဌာန (စခန်းရုးံ)တွင် ဆက်သွယ်မေးမြန်းနိုင်ကြောင်း သတင်းရရှိသည်။
ကိုသစ္စာ-မုံရွာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment